Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Met Gala ပွဲမှာ တလွှာချင်းချွတ်ပြီး ခန္ဓာကိုယ်အလှကို လှစ်ဟပြလိုက်တဲ့ လေဒီဂါဂါ

$
0
0

နှစ်စဉ် ပြုလုပ်နေကျ ကမ္ဘာကျော် Met Gala ဖက်ရှင်ပြပွဲကိုတော့ မေလ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး အဲ့ဒီပွဲကို ဂီတနဲ့ ရုပ်ရှင်အနုပညာလောကထဲက နာမည်ကျော်တွေ တက်ရောက်လာကြတဲ့အထဲ ထူးထူးခြားခြား ပြောရမှာကတော့ လေဒီဂါဂါပဲ ဖြစ်ပါတယ်။

ပန်းရောင် ကော်ဇောပေါ်မှာ ဖက်ရှင်ဘုရင်မ လေဒီဂါဂါဟာ ရှည်လျားတဲ့ ရွှေရောင်မျက်တောင်မွှေးနဲ့ ကြီးမားတဲ့ ခေါင်းလောင်းပန်းပုံ ဂါဝန်ကို ဝတ်ဆင်လာခဲ့ပါတယ်။ ထူးခြားတာက လေဒီဂါဂါဟာ နောက်ဆုံးသူ့ခန္ဓာကိုယ်ပေါ်မှာ ဘရာစီယာ၊ အတွင်းခံဘောင်းဘီနဲ့ အသားကပ်ခြေအိတ်တို့ပဲ ကျန်တဲ့အထိ အဲဒီဂါဝန်ကို တလွှာချင်း ဆွဲချွတ်ခဲ့ပြီး ပရိသတ်ကို အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။

အခုလိုမျိုး ဂါဂါရဲ့ လှစ်ဟမှု အစီအစဉ်ကို ဖန်တီးသူ Brandon Maxwell ကတော့ Metropolitan Museum of Art ရဲ့ လှေကားထစ်တွေပေါ်မှာ သူ့ကိုနေရာပြဖို့ ကူညီပေးခဲ့တဲ့အပြင် ဂါဂါဟာ သူ့ကို ကူညီပေးတဲ့သူ တွေနဲ့ ကိုယ်နေဟန်ထား အမျိုးမျိုးပြသပေးခဲ့တာကိုတွေ့ရပါတယ်။

လေဒီဂါဂါရဲ့ ခေါင်းလောင်းပန်းပုံ ပန်းရောင် ဂါဝန်ကြီးကို ချွတ်လိုက်ချိန်မှာတော့ အောက်မှာ ကြိုးပျောက် ရင်ပြတ်အနက်ရောင် ဂါဝန်ကိုတွေ့ခဲ့ရပါတယ်။ အဲ့ဒီရဲ့ အောက်မှာတော့ “Gentlemen Prefer Blondes” ဇာတ်ကားထဲက မာရီလင်မွန်ရိုးဝတ်တဲ့ ပန်းရောင်ဝတ်စုံ ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ ဂါဂါရဲ့ တလွှာချင်း ချွတ်ပြတဲ့ ဖက်ရှင် တင်ဆက်မှုက မပြီးဆုံးစေးပါဘူး။

ခဏကြာတဲ့အခါ သူဟာ တောက်ပတဲ့ ဘရာစီယာ၊ အတွင်းခံဘောင်းဘီနဲ့ အတူ သူ့ရဲ့ ထူးခြားချက်လို့ပြောရမယ့် ဒေါက်မြင့်ဖိနပ်နဲ့ အတူ လှေကားထစ်ပေါ်မှာ ကိုယ်နေဟန်ထားပြသခဲ့ပြီး အဲဒီအချိန် ဘေးနားမှာရှိနေတဲ့ မီဒီယာသမားတွေရော ပရိသတ်တွေကပါ တအံ့တသြ ဖြစ်ခဲ့ကြတာ မြင်တွေ့ခဲ့ရပါတယ်။

အဲဒီ ဖက်ရှင်ပြပွဲမှာ တခြားထူးထူးခြားခြား ပြောစမှတ်ပြုရမယ့်အထဲမှာ မီးဆိုင်းတွဲ ဂါဝန်နဲ့ လှနေတဲ့ Katy Perry နဲ့ မထင်မှတ်ထားရအောင် လှပနေတဲ့ ဖက်ရှင်နတ်ဘုရားမ Celine Dion တို့ကိုလည်းတွေ့ရပါတယ်။

နှစ်စဉ် ကျင်းပတဲ့ ဒီ Gala ပွဲမှာတော့ ကမာ ္ဘ့ဖက်ရှင်၊ ရုပ်ရှင်၊ ဂီတနဲ့ အားကစား လောကထဲက အကျော်အမော်တွေ တက်ရောက်ခဲ့ကြပြီး ပြတိုက်ရဲ့ ဝတ်စုံအင်စတီကျုအတွက် ရန်ပုံငွေ ရှာဖွေပေးတဲ့ ပွဲတပွဲလည်း ဖြစ်ပါတယ်။

အဲဒီပြတိုက်ရဲ့ လှေကားထစ် တလျှောက်ကို ဖြတ်သန်းပြီး ဖက်ရှင်အလှကို လှစ်ဟပြမယ့်သူ ၆၀၀ လောက်ရှိတယ်လို့ခန့်မှန်းထားပါတယ်။ အခု ၇၁ ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ Gala ပွဲရဲ့ ခေါင်းစဉ်ကတော့ “Camp: Notes on Fashion” ဖြစ်ပါတယ်။

Ref: fox5ny

The post Met Gala ပွဲမှာ တလွှာချင်းချွတ်ပြီး ခန္ဓာကိုယ်အလှကို လှစ်ဟပြလိုက်တဲ့ လေဒီဂါဂါ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)