Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

နာမည်ကျော်တွေရဲ့ လူသိနည်းတဲ့ တော်စပ်မှုများ

$
0
0

လူသားတွေအားလုံးဟာ ယေဘုယျအားဖြင့် တဦးနဲ့တဦး ဆွေမျိုးတော်စပ်ကြတယ် ဆိုတာကို သိပ္ပံပညာရှင်တွေ ကိုယ်တိုင် လက်ခံထားကြပါတယ်။ အခုဖော်ပြပေးမယ့် နာမည်ကျော်တွေရဲ့ တော်စပ်မှုတွေကတော့ လူသိနည်းတဲ့ အကြောင်းအရာတခုပဲ ဖြစ်ပါတယ်။

(၁) Madonna နဲ့ Celine Dion

နာမည်ကျော် ပေါ့အဆိုတော်နှစ်ဦးဖြစ်တဲ့ Madonna နဲ့ Celine Dion တို့ဟာ မျိုးရိုးဗီဇလေ့လာမှုတွေနဲ့ သတင်းအချက်အလက်တွေအရ ယေဘူယျ ကိုက်ညီမှုတချို့ ရှိနေတာဖြစ်ပြီး ညီအစ်မ တော်စပ်တယ်လို့တောင် ပြောလို့ ရပါတယ်။

(၂) Brad Pitt နဲ့ Barack Obama

အမေရိကန် သမ္မတဟောင်း Barack Obama နဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသားတဦးဖြစ်တဲ Brad Pitt တို့ရဲ့ တော်စပ်မှုကတော့ Brad Pitt ဟာ Obama ရဲ့ ၉ ယောက်မြောက် ဝမ်းကွဲတူဖြစ်ပါတယ်။

(၃) Steven Spielberg နဲ့ Gwyneth Paltrow

နာမည်ကျော် ဒါရိုက်တာတဦးဖြစ်တဲ့ Steven Spielberg ဟာ နာမည်ကျော် မင်းသမီး Gwyneth Paltrow ရဲ့ ခေါင်းကိုင်ဖခင်ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ တယောက်နဲ့ တယောက်လည်း ရင်းနှီးကျွမ်းဝင်ကြသူတွေပဲဖြစ်ပါတယ်။

(၄) Antonio Banderas နဲ့ Dakota Johnson

နာမည်ကျော် မင်းသားတဦးဖြစ်တဲ့ Antonio Banderas ဟာ Melanie Griffith နဲ့ လက်ထပ်ခဲ့ပြီး သူမမှာတော့ ပထမအိမ်ထောင်နဲ့ရရှိခဲ့တဲ့ Dakota Johnson ဆိုတဲ့ သမီးတယောက် ပါလာခဲ့ပါတယ်။ သူမကတော့ Fifty Shades of Grey နဲ့နာမည်ကျော်ကြားလာခဲ့ပြီး Crazy in Alabama ဆိုတဲ့ ရုပ်ရှင်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက် လာခဲ့ကာ အဲဒီရုပ်ရှင်ကို Antonio Banderas ကပဲ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

(၅) Joaquin Phoenix နဲ့ Ben Affleck

Joaquin Phoenix ရဲ့ ညီမ Summer ဟာ Ben Affleck ရဲ့ ညီဖြစ်သူ Casey Affleck နဲ့ လက်ထပ်ခဲ့တာကြောင့် သူတို့နှစ်ဦးဟာလည်း ဆွေမျိုးတော်စပ်ကြပါတယ်။

(၆) Jason Momoa နဲ့ Zoe Kravitz

Aquaman မင်းသား Jason Momoa ဟာ မင်းသမီး Lisa Bonet နဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး Lisa မှာ ပထမ အိမ်ထောင်နဲ့ ရရှိခဲ့တဲ့ သမီးတဦးရှိပါတယ်။ သူမကတော့ နာမည်ကျော် ဖက်ရှင်မော်ဒယ်တဦးဖြစ်တဲ့ Zoe Kravitz ပဲဖြစ်ပါတယ်။

www.brightside.me

The post နာမည်ကျော်တွေရဲ့ လူသိနည်းတဲ့ တော်စပ်မှုများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ