Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကိုယ့်ထက် အသက်ထက်ဝက် ငယ်သူနဲ့ ချစ်သူအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Ajay Devgn

$
0
0

နာမည်ကျော် ဘောလိဝုဒ်မင်းသား Ajay Devgn ဟာ “De De Pyaar De” လို့ အမည်ရတဲ့ ဟာသဇာတ်မြူး ရုပ်ရှင်မှာ မင်းသမီးတွေဖြစ်ကြတဲ့ Rakul Preet ၊ Tabu တို့နဲ့အတူ ပါဝင် သရုပ်ဆောင်ထားပါတယ်။

အဲဒီ ရုပ်ရှင်ထဲမှာတော့ သူဟာ အသက် ၂၆ နှစ်အရွယ် မိန်းကလေးတဦးကို ချစ်ရမယ့် အသက် ၅၀ အရွယ် အမျိုးသားတဦးအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ DNA မီဒီယာရဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ သူက သူ့လက်ရှိ အသက်အရွယ်နဲ့ ထပ်တူကျတဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ရတဲ့အကြောင်းကို ပြောပြပေးခဲ့ပါတယ်။

မင်းသားရဲ့အဆိုအရ တစုံတယောက်ရဲ့အသက်ကို ဒီနေ့ခေတ်မှာ ဖုံးကွယ်ထားလို့ မရတော့ဘူးလို့ ဆိုပါတယ်။ သူက “ကျနော် ဧပြီလတုန်းက အသက် ၅၀ ပြည့်ခဲ့ပါတယ်။ လူတိုင်းက ဒီအချက်ကို သိကြပါတယ်။ ဒါကြောင့် ကျနော်က ဖုံးကွယ်ထားမယ်ဆိုရင်တောင် မလုပ်မဖြစ်တော့ပါဘူး။ ပရိသတ်က ကျနော့် တကယ့်အသက်ကို သိနေကြပါပြီ”လို့ ဆိုပါတယ်။

ကနဦး ကာလတုန်းက သူသရုပ်ဆောင်ရမယ့် ဇာတ်ရုပ်ကို ကောလိပ်ကျောင်းတက်နေတဲ့ ကျောင်းသားတယောက် အနေနဲ့သာ ပြသခဲ့ရပေမယ့် အခုတော့ ရှရွတ်ခန်၊ ဆယ်လ်မန်ခန်၊ အမီရာခန်၊ အာရှေးကူးမားနဲ့ ဆီဖ် အလီခန်းတို့လို စီနီယာသရုပ်ဆောင်တွေအတွက် ရေးထားတဲ့ ဇာတ်ရုပ်တွေက ပြောင်းလဲသွားပြီလို့ ဆိုပါတယ်။ ဒါကြောင့် လူတယောက်ရဲ့ အသက်ကို ဖုံးကွယ်ထားဖို့ မလိုတော့ဘူးလို့ဆိုပါတယ်။

“De De Pyaar De” ရုပ်ရှင်မှာတော့ အသက် ၅၀ အရွယ် အမျိုးသားတဦးအနေနဲ့ သရုပ်ဆောင်ထားပြီး အဲဒါဟာ ဇာတ်ညွှန်းအရ လိုအပ်တာမျိုးမဟုတ်ဘဲ အသက် ၃၅ နှစ်အရွယ် အမျိုးသားတယောက်အနေနဲ့ သရုပ်ဆောင်ရတာ အဆင်မပြေသလို ခံစားရလို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မင်းသားက “ရုပ်ရှင်ထဲမှာနဲ့ လက်တွေ့ဘဝမှာ အသက် ၅၀ အရွယ်ဆိုတာ တကယ်ပဲ ကောင်းပါတယ်။ ပြောရမယ်ဆိုရင် ရုပ်ရှင်ထဲမှာ အသက် ၃၀၊ ၃၅ နှစ်အရွယ် အတိုင်းသရုပ်ဆောင်ရတာ အဆင်မပြေရပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ သူ့လက်ရှိအသက်ဟာ ၅၀ ကျော်ဖြစ်ပေမယ့် ကျန်းမာရေး အသိရှိမှုကြောင့် အဲဒီအရွယ် ရောက်နေပြီဆိုတာကို သိပ်မခံစားရဘူးလို့လည်း ဆိုပါတယ်။ အစားအသောက် ပုံမှန်စားတာ၊ နေ့စဉ် လေ့ကျင့်ခန်းလုပ်ပြီး အသက် ၅၀ အရွယ်ကို အသက် ၃၀ အထိ လျှော့ချနိုင်တယ်လို့လည်း ဆိုပါတယ်။

သူက “အသက်ဆိုတာ အတားအဆီးတခု မဟုတ်ပါဘူး။ အသက် ၅၀ ရှိနေပြီဖြစ်တဲ့ မာရသွန်ပြေးသမားတွေ တော်တော်များများ ရှိပါတယ်။ အစားအသောက်ကို သတိနဲ့ စားမယ်။ အားကစားကို နေ့တိုင်း ပုံမှန်လေ့ကျင့်မယ် ဆိုရင် ငယ်ငယ်တုန်းကလို အလုပ်တွေ လုပ်နိုင်ဦးမှာပါ” လို့ပြောပြခဲ့ပါတယ်။

Ref: hindustantimes

The post ကိုယ့်ထက် အသက်ထက်ဝက် ငယ်သူနဲ့ ချစ်သူအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Ajay Devgn appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ