Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Game of Thrones”သီးခြား ခွဲထွက်ဇာတ်လမ်း ၃ ခု ရိုက်ကူးရန် ပြင်ဆင်နေပြီလို့ သိရ

$
0
0

HBO ရုပ်သံလိုင်းကနေ ထုတ်လွှင့်နေတဲ့ ကမ္ဘာကျော် ရုပ်သံစီးရီး “Game of Thrones” ဟာ မကြာခင် အဆုံးသတ်တော့မှာဖြစ်ပေမယ့် သီးခြား ခွဲထွက်ဇာတ်လမ်းတွေကို ပရိသတ်တွေက မကြာခင် မြင်တွေ့ရဖို့ ရှိနေပါတယ်။

ဒါ့အပြင် HBO ဟာ ခွဲထွက် ဇာတ်လမ်း တခုသာ မဟုတ်ဘဲ ၃ ခုလောက်အထိ ခွဲရိုက်ဖို့ ပြင်နေတယ်လို့လည်း သိရပါတယ်။ အဲဒီ ရုပ်သံစီးရီးရဲ့ မူရင်းဝတ္ထုရေးဆရာ George R. R. Martin ကိုယ်တိုင်ကတော့ အဲဒီဇာတ်လမ်းတွေကို သီးခြားဇာတ်ကောင်ခွဲထွက် ဇာတ်လမ်းလို့ မခေါ်ဘဲ နောက်ဆက်တွဲ စီးရီးတွေလို့ ခေါ်ဆိုပါတယ်။

သူ့ရဲ့ ကိုယ်ပိုင်သုံး ဘလော့ဂ်မှာတော့ ပရိသတ်တွေအတွက် သတင်းကောင်းကို ရေးသားခဲ့တာဖြစ်ပါတယ်။ သူက “ကျနော်တို့ဆီမှာ Game of Thrones နောက်ဆက်တွဲစီးရီး ၅ ခုကို HBO နဲ့အတူ လုပ်နေပါပြီ။ (ကျနော်ကတော့ သီးခြားခွဲထွက်ဇာတ်လမ်း Spin-off ဆိုတဲ့အသုံးကို မကြိုက်ပါဘူး) အဲဒီအထဲက ၃ ခုကတော့ ကောင်းကောင်းလေး ရှေ့ဆက်သွားနေပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ဆက်ပြီး သူက “The Long Night လို့ ကျနော် မခေါ်မယ့် တခုကိုတော့ အခုနှစ်နှောင်းပိုင်းမှာ ရိုက်ကူးမှာဖြစ်ပါတယ်။ နောက်ထပ် စီးရီးနှစ်ခုကတော့ ဇာတ်ညွှန်းရေးသားတဲ့ အဆင့်မှာ ရှိနေပါတယ်။ ဒါပေမဲ့ တော်တော်လေး ပြီးဖို့ နီးစပ်နေပါပြီ”လို့လည်း ရေးသားထားပါတယ်။

HBO ကတော့ “Game of Thrones” ရုပ်သံစီးရီးကို ထပ်ပြီးတော့ ချဲ့ချင်သေးတယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ အစီအစဉ်ရေးရာ ဥက္ကဋ္ဌ ကေစီ ဘလွိုင်းစ်က “လူတိုင်းက ပြောကြတယ်။ သီးခြားခွဲထွက် ဇာတ်လမ်း ၄ ခု ရှိတယ်တဲ့။ အဲဒီ အထဲက တခုကတော့ ဖြစ်ပေါ်နေပါပြီ။ မကြာမီ Game of Thrones စီးရီး အသစ်တခုကို မြင်တွေ့ရတော့မှာပါ” လို့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ပြောဆိုထားပါတယ်။

သူကဆက်ပြီး “ဘာတွေဖြစ်လာမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ အစီအစဉ်ကတော့ စီးရီး ၄ ခုအထိ လုပ်ဖို့ မဟုတ်ပါဘူး။ စီစဉ်ထားတဲ့အရာက သိပ်ကို မြင့်ပေမယ့် ကျနော့်ရဲ့ မျှော်လင့်ချက်က သဘောတွေ့ကြမယ့် စီးရီးတခုကို ချပြဖို့ပဲ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

George R.R. Martin ရဲ့ အရောင်းရဆုံး စာအုပ်စီးရီးဖြစ်တဲ့ “A Song of Ice and Fire” ကို HBO ကနေ ပြန်လည်အသက်သွင်းပြီး “Game of Thrones” စီးရီးကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ သံပလ္လင်ပေါ်မှာ ထိုင်ပြီး Westeros ၇ ပြည်ထောင်စုကို အုပ်စိုးနိုင်ဖို့ မိသားစုနှစ်ခုရဲ့ အားပြိုင်မှုတွေကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲကို မြောက်အိုင်ယာလန်၊ မယ်လ်တာ၊ ခရိုအေးရှားနဲ့ စပိန်နိုင်ငံတို့မှာ သွားရောက် ရိုက်ကူးထားတာဖြစ်ပါတယ်။

Ref:cnn

The post “Game of Thrones” သီးခြား ခွဲထွက်ဇာတ်လမ်း ၃ ခု ရိုက်ကူးရန် ပြင်ဆင်နေပြီလို့ သိရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ