Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဗိုက်မှဖောက်ကာ မစင်စွန့်နေရတဲ့ ကလေးငယ်ကို ခွဲစိတ်ဖို့ လှူဒါန်းခဲ့တဲ့ ဆုပန်ထွာတို့ မိသားစု

$
0
0

ဆုပန်ထွာတို့မိသားစုကတော့ မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ YGW ပရဟိတ မိဘမဲ့ကျောင်းမှာရှိတဲ့ ဗိုက်မှဖောက်ကာ မစင်စွန့်နေရတဲ့ သမီးလေးတယောက်ကို ပုံမှန်အတိုင်း စွန့်နိုင်ဖို့ ခွဲစိတ်မှုပြုလုပ်ရန်အတွက် အလှူငွေများ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“သူ့ကိုကြည့်တော့ အသားလေးက ဖြူဖွေးလို့ မျက်နှာလေးကလည်း ချောမှချော၊ ရင်ထဲသူ့ကြည့်ပြီး သနားလွန်းလို့ ဒီမိဘမဲ့ကျောင်းကို ဘယ်လိုရောက်လာလဲ။ သူ့အကြောင်းလေးတွေ အကုန်မေး။ သူ့ကို သာမန်လူတွေလို ဘယ်လို ပြန်လုပ်ပေးရင်ရမလဲလို့ ဘုန်းဘုန်းကိုလျှောက်တော့ သူခံနိုင်ရည်ရှိပြီး ခွဲစိတ်နိုင်တဲ့အခါ သာမန်လူတွေလို လုပ်ပေးလို့ရတယ်ဆိုတော့ ဒါဆို သူ့ကိုလုပ်ပေးပါဘုရား တပည့်တော်မတို့ မိသားစုကနေ တတ်နိုင်သလောက် တာဝန်ယူပါ့မယ် ပြောခဲ့တာမို့ အခု သူခွဲစိတ်တဲ့အခါ အစစအရာရာ ဘုန်းဘုန်းပြောတဲ့ ကုန်ကျစရိတ်တွေ လှမ်းလှူဖြစ်ပါတယ်”လို့ ဆုပန်ထွာက သူ့ရဲ့ Facebook အကောင့်မှာ ရေးသားထားပါတယ်။

ခင်ပွန်းဖြစ်သူ ဥက္ကာကျော်နဲ့ သရုပ်ဆောင် ဆုပန်ထွာ (ဓာတ်ပုံ – ဧရာဝတီ)

အဲဒီ ကလေးလေးကိုတော့ အနားမှာနေပြီး သေချာလုပ်ပေးချင်ပေမယ့်လည်း အဝေးကနေသာ လှူဒါန်းဖြစ်ခဲ့တယ်လို့ ဆုပန်ထွာက ဆိုပါတယ်။ အဆိုပါ လှူဒါန်းမှုကိုတော့ မေလ ၂ ရက်နေ့က သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး ဝေဒနာခံစားနေရတဲ့ ကလေးလေးရဲ့ကုန်ကျစရိတ် အစစအရာရာကို ဆုပန်ထွာတို့ မိသားစုက လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဆယ်စုနှစ်ကျော်ကြာ အနုပညာ အလုပ်ကို လုပ်ကိုင်လာတာ ကြာပြီဖြစ်တဲ့ သရုပ်ဆောင် ဆုပန်ထွာကတော့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင် သရုပ်ဆောင်နေပြီး ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်နဲ့အတူ ချစ်စရာ ကောင်းတဲ့ သားလေးတယောက်နဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။ အလှူအတန်းကိုလည်း ရက်ရက်ရောရော လှူဒါန်းတတ်တဲ့ ဆုပန်ထွာကတော့ အသက်အရွယ်အရ ကလေးထပ်မတော့ဘူးလို့လည်း ဧရာဝတီကို ဆိုထားပါတယ်။

ဆက်စပ် သတင်းလင့်ခ်

“အသက်အရွယ်အရ ကလေး ထပ်မယူတော့ဘူး” ဆိုတဲ့ ဆုပန်ထွာ

The post ဗိုက်မှဖောက်ကာ မစင်စွန့်နေရတဲ့ ကလေးငယ်ကို ခွဲစိတ်ဖို့ လှူဒါန်းခဲ့တဲ့ ဆုပန်ထွာတို့ မိသားစု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ