Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဂျပန်ရုပ်ရှင်ပွဲတော် တက်ရောက်ခဲ့တဲ့ အတွေ့အကြုံ့ကိုပြောပြတဲ့ ဝတ်မှုံရွှေရည်

$
0
0

သရုပ်ဆောင် ဝတ်မှုံရွှေရည်က ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ OKINAWA International Movie Festival ကို တက်ရောက်ခွင့် ရခဲ့ပါတယ်။ အဲဒီပွဲမှာ သူမပါဝင်ထားတဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီးလည်း ပြသခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာမိတယ်လို့ ဆိုပါတယ်။

“ကစ်ပါဝင်ထားတဲ့ “ဇာတိမြေ” ဇာတ်ကားက ဂျပန်ရုပ်ရှင်ပွဲတော်မှာ ပြသတယ်။ ပွဲက သုံးရက်လုပ်တယ်။ ပွဲက ဖွင့်ပွဲရယ် ကစ်တို့ ရုပ်ရှင်ပြတဲ့နေ့ရယ် ပြီးတော့ နောက်ဆုံးပွဲအကြီးဆုံးပေ့ါ။ နိုင်ငံတကာက အနုပညာရှင်တွေ တက်ရောက်ကြတယ်။ ကိုယ့်ရဲ့ ရုပ်ရှင်ဇာတ်ကားလည်း ပြသခွင့်ရခဲ့တယ်။ ကိုယ့်ဇာတ်ကားက မြန်မာပြည်ကကား International Film Festival မှာ ပြခွင့်ရတဲ့အတွက် ကိုယ်တွေလည်း တက်ရောက်ခွင့်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူမိတယ်”

” နိုင်ငံတကာက ရုပ်ရှင်ထုတ်လုပ်ရေးတွေနဲ့အလုပ်တွဲလုပ်ရတဲ့အခါမှာလည်း မြန်မာတွေ ဂုဏ်မငယ်ရအောင် မျက်နှာမငယ်ရအောင် အကောင်းဆုံး ဖြစ်အောင် ကြိုးစားပ့ါမယ်”လို့ သရုပ်ဆောင် ဝတ်မှုံရွှေရည်ကပြောပါတယ်။

ပြည်ပက ရုပ်ရှင်ပွဲတော်တွေကို တက်ရောက်ခွင့်ရတာ အတွေ့အကြုံ့အသစ်တွေရတယ်လို့ ဆိုပြီး ကိုယ့်နိုင်ငံမှာလည်း ဒီလိုပွဲမျိုးတွေပြုလုပ်စေချင်တယ်လို့ ဆိုပါတယ်။

“ပြည်ပနဲ့တွဲလုပ်တဲ့အခါ အခြားနိုင်ငံတွေမှာလည်း ပြရတယ်။ အခုကားလေးကဂျပန်နဲ့တွဲရိုက်တော့ ဂျပန်ရုပ်ရှင်ပွဲ ကိုတက်ရတယ်။ ကိုယ့်အတွက် အတွေ့အကြုံအသစ်တွေလည်းသလိုသူများနိုင်ငံမှာ ပွဲတွေကို ခမ်းခမ်းနားနား ဘယ်လိုလုပ်လဲ။ ကိုယ့်နိုင်ငံမှာလည်း ခမ်းခမ်းနားနားဖြစ်စေချင်တဲ့ ဆန္ဒလေးတွေရှိတယ်ပေါ့နော်။ ကိုယ့်အတွက်တာဝန် ကြီးတယ်။ ပိုပြီးတော့ သတိထားရတယ်။ ပိုပြီးဂရုစိုက်ရတယ်”

“ပထမရက်တော့ ဖက်ရှင်ကို ပေါ့ပေါ့ပါးပါးလေးပေါ့။ နောက်ရက်က ရုပ်ရှင်ပြတာပေါ့။ ကိုယ့်ကားပြချိန်မှာ မြန်မာ ဝတ်စုံလေးဝတ်ဖြစ်တယ်။ နောက်နေ့ကတော့ Red Carpet ကိုတော့ Dress နဲ့တက်တာပေါ့။ ကစ်ရဲ့ မိတ်ကပ်ရယ် ဒီဇိုင်နာရယ် Stylistရယ်ကစီစဉ်ပေးလို့ လှနေတာပါ။ ကစ်ဂျပန်ကပြန်လာတာမကြာသေးတော့ ကြော်ငြာတွေရိုက်ဖို့ရှိတယ်။ ဇာတ်ကားတွေ တော့ ၆လပိုင်းမှရိုက်ဖို့ရှိပါတယ်”လို့ ဝတ်မှုံရွှေရည်ကပြောပါတယ်။

ဝတ်မှုံရွှေရည်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး စာရင်းဝင်ထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ မင်းသမီးတယောက် ဖြစ်ပြီး ပရိသတ်တွေ အများကြီး ပိုင်ဆိုင်ထားသူတယောက်ပါ။ သူမရဲ့ အနုပညာသက်တမ်း ကလည်း ၁၀ စုနှစ်ကာလတခုကို ရောက်ရှိလို့နေပါပြီ။

ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တဦး ဖြစ်ပါတယ်။

The post ဂျပန်ရုပ်ရှင်ပွဲတော် တက်ရောက်ခဲ့တဲ့ အတွေ့အကြုံ့ကိုပြောပြတဲ့ ဝတ်မှုံရွှေရည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)