Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မျိုးဆက်သစ်တွေအတွက် “အခြေခံအကျဆုံး ဘောလုံးသင်တန်း”ဖွင့်ထားတဲ့ ဂိုးသမား သီဟစည်သူ

$
0
0

ဘောလုံးကစားခြင်းကို စိတ်ဝင်စားတဲ့သူများအတွက် အခြေခံအကျဆုံး ဘောလုံးကစားခြင်း သင်တန်းကို ဖွင့်လှစ်သင်ကြားလျက်ရှိတယ်လို့ မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း သီဟစည်သူက ဧရာဝတီကို ပြောပါတယ်။

“ကျနော်ကတော့ ဒဂုံဆိပ်ကမ်းအခြေစိုက် “ကေသရာဇာဝမ်း” ဆိုတဲ့နာမည်နဲ့ ဒဂုံဆိပ်ကမ်းမှာ ဖွင့်ထားပါတယ်။ Level 1 အခြေခံနဲ့ Level 2 အဆင့်မြင့်ဆိုပြီးတော့ ခွဲထားတယ်။ Level 1 မှာဆိုရင်လည်း သက်တမ်းတွေ မခွဲထားပါဘူး။ ဘောလုံးဝါသနာပါတဲ့သူတွေ မည်သူမဆို အခြေခံအကျဆုံးဖြစ်တဲ့ Level 1 က စတင်ပြီးတော့ သင်ကြားနိုင်ပါတယ်” လို့ သီဟစည်သူကပြောပါတယ်။

အဆိုပါ “ကေသရာဇာဝမ်း”ဆိုတဲ့ သင်တန်းကျောင်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကိုလည်း သီဟစည်သူက အခုလို ပြောပြခဲ့ပါတယ်။

“ကျနော် သင်တန်းဖွင့်လိုက်တာကတော့ ၂ ချက်ပါပဲ။ ကျနော်နဲ့ ကစားဖော် ကစားဖက်သော်လည်းကောင်း ကျနော်တို့ထက် စီနီယာဘောလုံးသမားတွေ ရှိပါတယ်။ တကယ် တတ်ကျွမ်းပြီးတော့ ဘောလုံးလောကကို ပြန်မဝင်တဲ့သူတွေ ရှိတယ်။ သူတို့အတွက် အဆင်ပြေအောင်ပေါ့။ သူတို့တသက်လုံး ဝါသနာပါတဲ့ ဘောလုံးကစားတာကို နောက်မျိုးဆက် တခုကို ပြန်လည်မျှဝေပေးနိုင်အောင် ရည်ရွယ်တယ်”

“နောက်တခုကတော့ တက်ရောက်တဲ့ကလေးတွေ စနစ်တကျနဲ့ မြင့်မြင့်မားမားထိ တက်လှမ်းနိုင်အောင် သင်ကြားနိုင်မယ့် နေရာလေးပါ။ အဲဒီအချက်လေး ၂ ခုနဲ့ သင်တန်းလေး ဖွင့်တာပါ”လို့ သီဟစည်သူက ပြောပါတယ်။

သင်တန်းကိုတော့ ပြီးခဲ့တဲ့လက စတင်ပြီးဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ Level 1 သင်ကြားမှုကိုတော့ Batch 2 သင်ကြားမှုပဲ ရှိနေသေးကာ Level 1 မှာ သတ်မှတ်ထားတဲ့ အရည်အချင်းပြည့်မှီမှသာ Level 2 ကိုတက်ခွင့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

“သင်တန်းကိုတော့ ပြီးခဲ့တဲ့လကမှ စဖွင့်တာ ဒါက Batch 2 ပဲ ရှိသေးတယ်။ Level 1 ကို Batch 2 ပဲရှိသေးတယ်။ စပြီးသင်ကတည်းကိုက ကျနော်တို့က ကွာလတီကို ထိန်းထားပါတယ်။ တလ တက်လိုက်တာနဲ့ ဒီသင်တန်းသားက နောက်တဆင့်ကို မတက်နိုင်သေးဘူး။ သတ်မှတ်ထားတဲ့ လေ့ကျင့်ခန်းတွေ စံချိန်စံညွှန်းတွေမှီမှ Level 2 ကိုတက်ပေးမှာဖြစ်ပါတယ်” လို့ သီဟစည်သူက ပြောပါတယ်။

သီဟစည်သူကတော့ မြန်မာနိုင်ငံလက်ရွေးစင် ဘောလုံးသမားဟောင်း တယောက်ဖြစ်ပြီး ၁၉၉၉ ခုနှစ်မှစတင်ကာ ဘောလုံးကစားလာခဲ့တဲ့ နှစ် ၂၀ ကျော်အတွေ့အကြုံများကို ပြန်လည်မျှဝေ သင်ကြားပေးနေတယ်လို့ သိရပါတယ်။

“ဘောလုံးကစားတာကို ငယ်ရွယ်စဉ်မှာ သူ့ရဲ့စကေးတွေကို မြှင့်တင်ဖို့ လိုအပ်တယ်။ ကျနော်လည်း ဘောလုံး ကန်လာတာ ၁၉၉၉ ခုနှစ်ကတည်းက နှစ် ၂၀ လောက် ကန်လာတာဆိုတော့ ကျနော်သိခဲ့တဲ့ တွေ့အကြုံလေးရယ် ပြီးတော့ ကျနော့် သူငယ်ချင်းတွေရယ် ကျနော့်ဆရာရဲ့လမ်းညွှန်မှုတွေရယ်ကို ပူးပေါင်းပြီး အကောင်အထည်ဖော်နေပါတယ်” လို့ သီဟစည်သူကပြောပါတယ်။

The post မျိုးဆက်သစ်တွေအတွက် “အခြေခံအကျဆုံး ဘောလုံးသင်တန်း” ဖွင့်ထားတဲ့ ဂိုးသမား သီဟစည်သူ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...