Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Netflix မှပြသသည့် ရုပ်ရှင်များကို လာမည့်နှစ်မှ စတင်ကာ အော်စကာဆု ရွေးချယ်ပေးအပ်မည်

$
0
0

အော်စကာဆုအတွက် ယှဉ်ပြိုင်တဲ့နေရာမှာ Netflix လိုမျိုး အွန်လိုင်းရှိရုံနဲ့ ရုပ်ရှင်ရုံသွားစရာ မလိုဘဲ ရုပ်ရှင်ကြည့်နိုင်တဲ့ ဝက်ဘ်ဆိုင်တွေကနေ ထုတ်လွှင့်ထားတဲ့ ရုပ်ရှင်တွေကို တားမြစ်ဖို့ ရုပ်ရှင်အနုပညာနဲ့ သိပ္ပံအကယ်ဒမီကို တောင်းဆိုထားတဲ့ ဒါရိုက်တာကြီး Steven Spielberg ရဲ့ ကမ်ပိန်း မအောင်မမြင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့မှာ အကယ်ဒမီဆု ရွေးချယ်ရေးအဖွဲ့ကြီးရဲ့ အဆိုအရ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပမယ့် ၉၂ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမတိုင်မီ စည်းမျဉ်းစည်းကမ်းအသစ် ပြောင်းလဲမှုအချို့ကို ဆုရွေးချယ်ရေးဘုတ် အဖွဲ့က အတည်ပြုခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲဒီပြင်ဆင်ချက်တွေထဲမှာဆိုရင် ဆုအမျိုးအစားတချို့အပေါ် အကျိုးသက်ရောက်မှုရှိမှာဖြစ်ပြီး အကယ်ဒမီအဖွဲ့ ဥက္ကဋ္ဌ John Bailey က အခုလိုမျိုး အွန်လိုင်းရုပ်ရှင်ရုံကိစ္စ စကားအချေအတင်နဲ့ ပတ်သက်လို့ တိုက်ရိုက်ပြောဆိုခဲ့ပြီးတော့ သုံးစွဲသူတွေရဲ့ အမူအကျင့်ပြောင်းလဲမှုတွေအတိုင်း အဖွဲ့ကြီးဟာ လိုက်လျောညီထွေစွာ လက်ခံကျင့်သုံးဖို့ အရေးကြီးတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ဥက္ကဋ္ဌ Bailey က “ကျနော်တို့ဟာ ရုပ်ရှင်အနုပညာကို ပေါင်းစပ်မှုတခုအနေနဲ့ ရုပ်ရှင်ရုံအတွေ့အကြုံကိုလည်း ထောက်ခံပါတယ်။ ဒါက ကျနော်တို့ဆွေးနွေးမှုတွေမှာ တော်တော်လေး နက်နက်နဲနဲ ပါဝင်ခဲ့တာပါ။ ကျနော်တို့ရဲ့ စည်းမျဉ်းစည်းကမ်းပြသမှုတွေ လိုအပ်နေပါသေးတယ်”

“ပြီးတော့ အော်စကာဆုပေးအပ်ဖို့ စဉ်းစားတဲ့နေရာမှာ တင်သွင်းဖို့ ရုပ်ရှင်အမျိုးအစားရွေးချယ်ရေးအတွက် ခွင့်ပြုချက်လည်း လိုနေပါသေးတယ်။ ကျနော်တို့ လောကထဲမှာဖြစ်နေတဲ့ လေးနက်တဲ့ အပြောင်းအလဲတွေကို ပိုပြီးလေ့လာဖို့ အစီအစဉ်ရှိပြီးတော့ အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဆက်ပြီးတော့ ဆွေးနွေးရဦးမှာပါ” လို့ဆိုပါတယ်။

Netflix ရုပ်ရှင်ဖြစ်တဲ့ “Roma” ဟာရုပ်ရှင်ရုံမှာပြသခဲ့ပြီးတော့ ၂၀၁၉ အော်စကာ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့အပြင် ဆု ၃ ခုကိုလည်း ရရှိခဲ့ပါတယ်။ အသက် ၇၂ နှစ်အရွယ် Jurassic Park” ရုပ်ရှင်ဒါရိုက်တာကြီး Spielberg ကတော့ အွန်လိုင်းဝန်ဆောင်မှုတွေကနေ ထုတ်လုပ်တဲ့ ရုပ်ရှင်တွေဟာ အမ်မီဆုအတွက်ဘာ ဘောင်ဝင်ပြီး အကယ်ဒမီဆုနဲ့ ဆန့်ကျင်တယ်ဆိုပြီး စောဒကတက် ပြောဆိုထားပါတယ်။

Netflix ကနေ မကြာမီ ထွက်ရှိလာတော့မယ့် “The Irishman” ရုပ်ရှင်ဟာဆိုရင် ၂၀၂၀ အကယ်ဒမီဆုပေးပွဲမှာ ဆုတွေ ရနိုင်ချေရှိနေပြီး အဲဒီရုပ်ရှင်ထဲက မင်းသား Robert De Niro ကတော့ ရုပ်ရှင်လောကအပေါ် Netflix ရဲ့ အကောင်းဘက် က ရိုက်ခတ်မှုတွေကို လက်ခံပြောဆိုထားတာရှိပါတယ်။

Ref:aceshowbiz

The post Netflix မှပြသသည့် ရုပ်ရှင်များကို လာမည့်နှစ်မှ စတင်ကာ အော်စကာဆု ရွေးချယ်ပေးအပ်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ