မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ ချစ်ကြည်ရေးအဖြစ်ရိုက်ကူးထားတဲ့ “Lady Boy” ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လအတွင်းမှာ မြန်မာနိုင်ငံအပါအဝင် ၄ နိုင်ငံမှာ တပြိုင်နက်ပြသသွားမယ်လို့ Bo Bo Entertainment မှ ထုတ်လုပ်သူ ကိုဘိုဆန်းက ဧရာဝတီကို ပြောပါတယ်။
“ထိုင်းနဲ့ ချစ်ကြည်ရေးအဖြစ် ရိုက်ကူးထားတဲ့ Lady Boy ရုပ်ရှင်ဇာတ်ကားကို ၆ လပိုင်း ၆ ရက်နေ့ ရုံတင်ပါမယ်။ ထိုင်းက အနုပညာရှင်တွေလည်း အများကြီးပါပါတယ်။ ဇာတ်ကားရဲ့ ၈၀ ရာခိုင်နှုန်းကို ထိုင်းမှ ာသွားရိုက်ခဲ့တာပါ။ မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူရယ်မှာ တပြိုင်နက်ပြသွားမှာပါ”လို့ ကိုဘိုစန်းကပြောပါတယ်။
အဆိုပါ Lady Boy ရုပ်ရင်ဇာတ်ကားရဲ့ ၈၀ ရာခိုင်နှုန်းကိုတော့ ထိုင်းနိုင်ငံမှာ သွားရောက် ရိုက်ကူးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှ သရုပ်ဆောင်များနဲ့ ထိုင်းနိုင်ငံမှ သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ မြန်မာရုပ်ရှင်ဇာတ်ကားများနဲ့ပတ်သက်ပြီး ဝေဖန်မှုများစွာခံနေရတဲ့အတွက် Lady Boy ရုပ်ရှင်ရုံတင်တော့မယ့်အတွက် ဘယ်လိုပြင်ဆင်ထားလဲဆိုတာလည်း အခုလိုပြောပြခဲ့ပါတယ်။
“ကျနော်တို့က Comedy၊ Romance၊ Action ကားပါ။ အဓိကက ပရိသတ်တွေသဘောကျမယ့် Entertainment ကားပါ။ တကယ်ကို သေသေချာချ ာစီစဉ်ထားပါတယ်” လို့ ကိုဘိုစန်းကပြောပါတယ်။
Bo Bo Entertainment မှရုပ်ရှင်ဇာတ်ကားများ ထုတ်လုပ်ရိုက်ကူးလာခဲ့တာ ၁၀ ကားခန့်ရှိပြီဖြစ်ပြီး သရုပ်ဆောင် အသစ်များကိုလည်း လက်တွဲခေါ်ယူကာ ရိုက်ကူးလျက် ရှိပါတယ်။
“အခုက ခေတ်တွေပြောင်းလာပါပြီ။ အသစ်တွေကို အားပေးတဲ့ခေတ်ရောက်လာပြီဖြစ်တဲ့အတွက် အဟောင်းတွေကလည်း ဒီလူတွေပဲဖြစ်နေတာကြောင့် ကားတွေကလည်း တပတ်ကို ၂ကားဖြစ်နေတော့ အဟောင်းတွေရော အသစ်တွေရော တွဲရိုက်တဲ့ခေတ်ဖြစ်သွားတဲ့အတွက် ပရိသတ်တွေက သူတို့ကြိုက်တဲ့ မင်းသား၊ မင်းသမီး အငယ်တွေရောကိုပါအားပေးကြတာပေါ့” လို့ ကိုဘိုစန်းကပြောပါတယ်။
Bo Bo Entertainment မှ ထပ်မံပြီးတော့လည်း ရုပ်ရှင်ဇာတ်ကားများ၊ ဗီဒီယိုဇာတ်ကားများကိုလည်း သရုပ်ဆောင်အသစ်များနဲ့ ရိုက်ကူးသွားဖို့ရှိတယ်လို့ သိရပါတယ်။
The post “Lady Boy” ရုပ်ရှင်ကို ၆ လပိုင်း၊ ၆ ရက်နေ့မှာ ရုံတင်ပြသမယ်လို့ ကိုဘိုစန်း ပြော appeared first on ဧရာဝတီ.