Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

နံရံဖျက်ဆီးမှုနဲ့ Night King ကို နော်ဝေးရဲများ ဖမ်းဆီးအရေးယူတဲ့ပုံများ အပျော်ရိုက်ကူး

$
0
0

နာမည်ကျော်ကြားလူကြိုက်များလာခဲ့တဲ့ Game of Thrones တီဗီစီးရီးဟာ နောက်ဆုံး Season ရဲ့ ပထမဆုံး Episode ကို စတင်ပြသခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း တခဲနက်ဆိုသလို ဆက်လက်ရရှိခဲ့တာဖြစ်ပါတယ်။

ကမ္ဘာအနှံ့အပြားက စီးရီးရဲ့ ပရိသတ်တွေကလည်း ပြသခဲ့ချိန်မှာရော ပြသနေတုန်းမှာပါ သူတို့နည်း သူတို့ဟန်တွေနဲ့ တမူထူးခြားဆန်းသစ်လှတဲ့ ဗီဒီယိုတွေ ၊ ဓာတ်ပုံတွေနဲ့အတူ အခိုက်အတန့်တိုင်းကို မှတ်တမ်းတင်ခဲ့ကြတာဖြစ်ပါတယ်။ စီးရီးရဲ့ ပရိသတ်တွေဖြစ်တဲ့ နော်ဝေးနိုင်ငံ Trondheim မြို့ ရဲဌာနမှာ တစုတဝေးထဲတွေ့မြင်ရမှာပါ။

စီးရီးရဲ့ အထူးခြားဆုံးဇာတ်ကောင်ဖြစ်တဲ့ Nihgt King ဟာ ဒဏ္ဍာရီလာသက်ရှိတယောက်ဖြစ်ပြီး မသေဆုံးနိုင်တဲ့ များပြားလှတဲ့ White Walkers တွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ Trondheim မြို့ ရဲ့ ရဲဌာနက ဝန်ထမ်းအများစုဟာ စီးရီးရဲ့ အမာခံပရိသတ်တွေဖြစ်သလို သူတို့အနေနဲ့လည်း နောက်ဆုံး Season ကို ကြည့်ရှုရင်း ပျော်ရွှင်ဖွယ် အမှတ်တရတခုဖြစ်ဖြစ် ဖန်တီးချင်ခဲ့ကြတာဖြစ်ပါတယ်။

မြို့ရဲ့ ရဲဝန်ထမ်းတဦးဖြစ်တဲ့ Kristian Akselsen က “ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် တယောက်က Night King မျက်နှာဖုံးတခုနဲ့ လိမ္မော်ရောင် အကျဉ်းထောင်အင်္ကျီကို သူ့အိမ်နီးနားချင်းဆီကနေ ငှားယူလာခဲ့တာပေါ့။ အခြားဝန်ထမ်းတွေကတော့ ရတဲ့ပစ္စည်းနဲ့ ရသလိုလုပ်ကြတာပဲ။ ကျနော်တို့အားလုံး ထမင်းစားနားချိန်မှာပဲ ကျနော်တို့ စိတ်ကူးကို အကောင်အထည်ဖော်ခဲ့ကြတော့တာ”လို့ အင်တာဗျူးတခုမှာ ဖြေကြားသွားခဲ့ပါတယ်။

သူတို့ရဲ့ စိတ်ကူးကတော့ ရဲဌာနရဲ့ Page မှာ ဓာတ်ပုံတပုံ မျှဝေဖို့ဖြစ်ပြီး အဲဒီဓာတ်ပုံထဲမှာ Night King ဟာ လက်ထိပ်ခတ်ခံထားရတဲ့အပြင် ရာဇဝတ်မှုကျူးလွန်ကြောင်း မှတ်တမ်းတင်ထားတဲ့ပုံပဲဖြစ်ပါတယ်။

“ကျနော်တို့ အသက်မွေးဝမ်းကျောင်းအလုပ်က အမြဲလိုလို ခက်ခဲပင်ပန်းပါတယ်။ ဒါပေမဲ့ တခါတလေမှာလည်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးရှိဖို့လိုအပ်ပါသေးတယ်။ ဒါကြောင့်ပဲ ကျနော်တို့ အခုလိုဝတ်ဆင်ပြီး ဓာတ်ပုံရိုက် ၊ ဌာနရဲ့ Facebook Page ကို အသုံးချပြီး Night King ပုံကို ပြန်မျှဝေဖြစ်ခဲ့တာပါ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် လူတွေရဲ့ ဂရုစိုက်မှုကိုရနိုင်မယ်။ ဥပမာ လူပျောက်ကြော်ငြာလိုမျိုး အမှုတွေအတွက် အထောက်အကူဖြစ်သွားနိုင်တာပေ့ါ” လို့ Kristian က ဆက်လက်ဖြည့်စွက်ပြောဆိုသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ Season က ဇာတ်ဝင်ခန်းတခုမှာတော့ Night King ဟာ Daenerys ရဲ့ နဂါးတကောင်ကို သတ်ပစ်ခဲ့တာဖြစ်ပြီး သူ့အတွက် ပြန်လည်အသက်သွင်းကာ နံံရံကို ဖြိုချဖို့ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ Night King ကျူးလွန်ခဲ့တဲ့အမှုကို ရဲဋ္ဌာနအနေနဲ့ အရေးယူတယ်လို့တောင် ပေါ့ပေါ့ပါးပါးတွေးယူနိုင်ပါသေးတယ်။

ဋ္ဌာနတခုလုံးရဲ့ ဝန်ထမ်းအများစုဟာ အခုလိုဓာတ်ပုံတင်ပြီးတဲ့နောက်ပိုင်းမှာ Trondheim မြို့သူမြို့သားတွေဟာ တာဝန်သိဌာနဝန်ထမ်းတွေရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ အေးအေးဆေးဆေးအိပ်စက်အနားယူ နိုင်မှာဖြစ်တယ်လို့ စိတ်အားထက်သန်စွာ ယုံကြည်လျက်ရှိကြပါတော့တယ်။

Ref. www.boredpanda.com

The post နံရံဖျက်ဆီးမှုနဲ့ Night King ကို နော်ဝေးရဲများ ဖမ်းဆီးအရေးယူတဲ့ပုံများ အပျော်ရိုက်ကူး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)