Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပရိသတ်ရှေ့မှောက် တဖန်ပြန်ရောက်လာခဲ့တဲ့ မင်းသမီး ဖန်ပင်းပင်း

$
0
0

တရုတ်မင်းသမီး ဖန်ပင်းပင်းဟာ အနုပညာလုပ်ငန်းထဲကို ပြန်လည်ခြေချလာတဲ့ပုံပါပဲ။ ကမ္ဘာကျော် တရုတ်မင်းသမီး ဖန်ဟာ အခွန်ရှောင်အရှုပ်တော်ပုံတခုမှာ ပါဝင်ခဲ့တဲ့အတွက် တောင်းပန်ခဲ့ပြီး နှစ်ဝက်လောက်အကြာ၊ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့မှာတော့ iQiyi ပွဲတခုကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ အကြီးမားဆုံး မီဒီယာပလက်ဖောင်း ၃ ခုထဲက ၁ ခုဖြစ်တဲ့ iQiyi ရဲ့ ၉ နှစ်ပြည့်နှစ်ပတ်လည်ကို ကျင်းပခဲ့တဲ့ အဲဒီပွဲဟာဆိုရင် ဖျော်ဖြေရေးလုပ်ငန်းက မင်းသမီးကို လက်ကမ်းပြီး ပြန်လည်ကြိုဆိုနေတာကို ပြနေတယ်လို့ Apple Daily Taiwan သတင်းက ဆိုပါတယ်။

အသက် ၃၇ နှစ်အရွယ် မင်းသမီးဟာ ပန်းရောင်နဲ့ အနက်ရောင် တွဲစပ်ထားတဲ့ Alexander McQueen ဝတ်စုံနဲ့အတူ ကမ္ဘာကျော် Louis Vuitton လက်ကိုင်အိတ်ကို ဆင်မြန်းလာခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် De Beers လက်ဝတ်ရတနာတွေကိုပါ ဝတ်ဆင်လာတာကို ကြည့်မယ်ဆိုရင် ဖက်ရှင်လုပ်ငန်းကပါ သူ့ရဲ့ တကျော့ပြန် လှုပ်ရှားမှုကို ထောက်ခံတယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။

ရွှေကမ္ဘာလုံးဆုရှင် မင်းသမီး Jessica Chastain ကတော့ Instagram မှာ မင်းသမီး ဖန်တင်ခဲ့တဲ့ ကော်ဇောနီ လျှောက်လမ်းပေါ်မှ ဓာတ်ပုံတွေကို လှပတဲ့အကြောင်း ပြောဆိုခဲ့ပြီး ဟောလိဝုဒ်ကလည်း တကျော့ပြန်အနုပညာလှုပ်ရှားမှုကို ဝန်းရံခဲ့ပါတယ်။

မင်းသမီး ဖန်ဟာ အခုနှစ်အတွက်မှာပဲ တကျော့ပြန် အနုပညာလှုပ်ရှားမှုတွေ ပြန်လည်လုပ်ဆောင်ဖို့ တဖြည်းဖြည်း မြေစမ်း ခရမ်းပျိုးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း မင်းသမီးတွေပါဝင်တဲ့ မျက်မှန်ပစ္စည်းကြော်ငြာ ဓာတ်ပုံတွေဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

အခုနှစ် ဖေဖော်ဝါရီလမှာ ကျရောက်ခဲ့တဲ့ တရုတ်နှစ်သစ်ကူးကာလမှာတော့ မင်းသမီးဟာ Weibo မှာ မျက်နှာပြောင်အနေအထားနဲ့ ရိုက်ကူးထားတဲ့ Selfie ဓာတ်ပုံ ၄ ပုံကို တင်ခဲ့ပြီးတော့ နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေကြောင်း ပရိသတ်ကို နှုတ်ဆက်ခဲ့ပါတယ်။

အဲဒီလနှောင်းပိုင်းမှာပဲ သူပါဝင်ထားတဲ့ “The Perfect Blue” ရုပ်ရှင်ဟာ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လမှာတော့ မင်းသမီးဟာ သူရင်းနှီးမြှုပ်နှံထားတဲ့ ဇိမ်ခံအလှအပရေးရာ ဆေးခန်းတခု ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ သူ့ရဲ့ ခင်ပွန်းလောင်း Li Chen ၊ မောင်ဖြစ်သူ Fan Chengcheng နဲ့ သူငယ်ချင်း Janine Chang တို့နဲ့အတူ တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

Ref:asiaone

The post ပရိသတ်ရှေ့မှောက် တဖန်ပြန်ရောက်လာခဲ့တဲ့ မင်းသမီး ဖန်ပင်းပင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ