Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ဇာတ်လမ်းတွဲထဲကလို အပြင်မှာ နှလုံးရောဂါ မရှိဘူး”လို့ သားကို ပြောတဲ့ မေသဉ္ဇာဦး”

$
0
0

မကြာသေးခင်က ပြသပြီးစီးခဲ့တဲ့ “ကျွန်မက မဟေသီ” ဇာတ်ကားမှာ သဘောကောင်းလွန်းတဲ့ ယောက္ခမတယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် မေသဉ္ဇာဦးက ဒီဇာတ်ကားနဲ့ ပတ်သက်လို့ သူမရဲ့ သားကို အိမ်ထောင်ဘက်ရွေးချယ်မှုအပိုင်းနဲ့ ပတ်သက်ပြီး အခုလိုဆုံးမတယ်လို့ ဆိုပါတယ်။

“ကျွန်မက မဟေသီကားမှာ မိခင်တယောက်အနေနဲ့ သရုပ်ဆောင်ခဲ့ရတော့ အပြင် ကာရိုက်တာကတော့ ကိုယ့်တုန်းကလည်း ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်လာတာလေ။ ကိုယ့်ဘဝခရီးလမ်းကို ကိုယ်လျှောက်လာတာဆိုတော့ အမေကဘာမှ ကန့်ကွက်တာမျိုးတွေ မရှိပါဘူး။ အဲဒီတော့ သူတို့ကိုလည်း ဘာမှ ကန့်ကွက်ဖို့ မရှိဘူး”

“သူတို့ခရီးလမ်းကို သူတို့ လျှောက်ကြရမှာ။ ရယ်စရာအဖြစ်နဲ့တောင် ပြောသေးတယ်။ မေမေ့မှာ နှလုံးရောဂါမရှိဘူး။ သားတို့ လုပ်ချင်တာလုပ်ပါလို့။ ဇာတ်ကားထဲမှာဆိုရင် အမြဲပြောနေရတာလေ မေမေ့မှာ နှလုံးရောဂါရှိတယ်။ သား မလုပ်ပါနဲ့ပေါ့။ အပြင်မှာတော့ နှလုံးရောဂါမရှိဘူး။ လုပ်ချင်ရာ လုပ်ပါပေါ့”လို့ မေသဉ္ဇာဦးက ပြောပါတယ်။

မေသဉ္ဇာဦးရဲ့ သားကတော့ ၂၀၁၇ ခုနှစ်အတွက် ရွှေကြိုတဦးအဖြစ် ပါဝင်ခဲ့သူတယောက်ဖြစ်ပြီး သူဟာ အနုပညာအလုပ်ကို ဝါသနာပါပေမယ့် တော်ရုံဇွဲလောက် ကြိုးစားမှုမတွေ့သေးတာကြောင့် မေသဉ္ဇာဦးက အားမပေးဘူးလို့ ဆိုပါတယ်။

“ဗန်းကိုင်တုန်းကတော့ သူပဲလုပ်ချင်သလိုလိုနဲ့ သူပြောတာ မတိုက်တွန်းခဲ့ဘူး။ ကိုယ်တခုမှ မတိုက်တွန်းခဲ့ဘူး။ သူက မေမေတဲ့ သားအဲဒါလုပ်လို့ရလားဆိုတော့ သူဝါသနာပါလာပြီပေါ့။ ဆက်လုပ်ဆက်လုပ် ဆိုတော့ မျက်နှာခွေးကိုက်ခံလိုက်တော့ ဒဏ်ရာကြီးက မျက်နှာမှာ အကြီးကြီးဖြစ်သွားတော့ အခုထိ လေဆာပစ်ရတယ်”

“သူ့ကို မေးတော့လည်း နောက်တော့ သူက မေမေတဲ့ သားက မေမေတို့လို စကားတွေ မပြောတတ်ဘူး။ ဓာတ်ပုံရိုက်တာဆိုရင် ရိုက်လိုက်ဦးမယ် ဆိုတော့ ဒါဟာ ဝါသနာပါတယ်၊ သူလုပ်ချင်တယ်သာပြောတာ ဒီလောက် ရူးပုံနဲ့တော့ ကိုယ်တွေ အလုပ်လုပ်လို့မရဘူး။ တော်ရုံ ဇွဲနဲ့တော့ ဒီလောကထဲ ဝင်လို့ မရဘူး။ အဲဒါကြောင့် သူတို့ကို သိပ်ပြီးတော့ အားမပေးပါဘူး’’လို့ မေသဉ္ဇာဦးက ပြောပါတယ်။

သရုပ်ဆောင် မေသဉ္ဇာဦးဟာ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” ၂ ဆု ကို ရရှိပိုင်ဆိုင်ထားသူဖြစ်ပြီး သူမရဲ့ အနုပညာခရီးလမ်းကလည်း နှစ်ပေါင်း ၃၀ နီးပါး ရှိနေပါပြီ။ အနုပညာအတွေ့အကြုံတွေ အများကြီးရှိသူ တယောက်ဖြစ်ပြီး သားနှစ်ယောက် ပိုင်ဆိုင်ထားတဲ့ မိခင်လည်း ဖြစ်ပါတယ်။

The post “ဇာတ်လမ်းတွဲထဲကလို အပြင်မှာ နှလုံးရောဂါ မရှိဘူး”လို့ သားကို ပြောတဲ့ မေသဉ္ဇာဦး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ