Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သီချင်းဗီဒီယို အသစ်နဲ့ ဂင်းနစ်ကမ္ဘာ့စံချိန် ၃ ခုကို ချိုးဖျက်လိုက်တဲ့ BTS အဖွဲ့

$
0
0

Youtube မှာ ဖြန့်ချိပြီး ၂၄ နာရီအတွင်းမှာ လူကြည့်နှုန်းအများဆုံး သီချင်းဗီဒီယိုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီးတဲ့ နောက်မှာတော့ BTS အဖွဲ့နဲ့ Halsey တို့ရဲ့ “Boy With Luv” သီချင်းဟာ စံချိန် ၃ ခုကို ချိုးဖျက်ခဲ့တဲ့ အကြောင်း ဂင်းနစ်စံချိန်တင်မှတ်တမ်းအဖွဲ့ကြီးရဲ့ အသိအမှတ်ပြုမှုကို ခံလိုက်ရပါတယ်။

ဧပြီလ ၁၈ ရက်နေ့၊ ကမ္ဘာ့ဂင်းနစ်စံချိန် အဖွဲ့ကြီးကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တခုထဲမှာ “Boy With Luv” ဂီတဗီဒီယို ဟာ “၂၄ နာရီအတွင်း လူကြည့်နှုန်းအများဆုံး Youtube ဗီဒီယို”၊ “၂၄ နာရီအတွင်း လူကြည့်အများဆုံး ဂီတဗီဒီယို နဲ့ “Kpop အဖွဲ့တခု၏ ၂၄ နာရီအတွင်း လူကြည့်အများဆုံး Youtube ဂီတဗီဒီယို” ဖြစ်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဖြန့်ချိပြီး တရက်အတွင်းမှာပဲ အဲဒီဗီဒီယို streaming ဝက်ဘ်ဆိုက်မှာ ကြည့်ရှုသည့်အကြိမ် ၇၄ ဒဿမ ၆ သန်း ရှိခဲ့ပါတယ်။

“Boy With Luv” ဂီတဗီဒီယိုကို ဧပြီလ ၁၂ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ ဖြန့်ချိခဲ့တဲ့ အဖွဲ့ရဲ့ “Map of the Soul:Persona” အယ်လ်ဘမ်ရဲ့ ခေါင်းစီးတေးလည်း ဖြစ်ပါတယ်။ ကုမ္ပဏီကိုယ်စားလှယ်တဦးက “ဂင်းနစ်ကမ္ဘာ့စံချိန် မိသားစုဝင်တစိတ်တပိုင်းအနေနဲ့ BTS ဖြစ်လာခဲ့တဲ့အတွက် ကျနော်တို့ ဂုဏ်ယူမိပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် Kpop ပရိသတ်တွေဟာ ၂၄ နာရီကာလအတွင်း Twitter မှာ hashtag အများဆုံး အသုံးပြုတဲ့ စံချိန်အသစ်တခုကို “Twitter Best Fandom” နဲ့ တင်ခဲ့တဲ့အကြောင်း ကြေညာလိုက်ပါတယ်။ အဲဒီ စံချိန်ကို အခုနှစ် မတ်လ ၁၆ ရက်နေ့ကနေ မတ်လ ၁၇ ရက်နေ့အကြာ ကာလမှာ အသုံးပြုမှုအကြိမ် သန်း ၆၀ ရှိခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့ရဲ့ နောက်ထပ်စံချိန်တွေထဲမှာ သူတို့ရဲ့ အယ်လ်ဘမ် ရောင်းအားဟာ ဖြန့်ချိပြီး ပထမဆုံးသီတင်းပတ်မှာပဲ ကော်ပီအချပ်ရေ ၂ ဒဿမ ၁၃ သန်းကျော် ရောင်းချခဲ့ရပြီး စံချိန်သစ်တင်ခဲ့တယ်လို့ အဖွဲ့ရဲ့ စီမံခန့်ခွဲရေး အေဂျင်စီက ဧပြီ ၁၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။

Big Hit အင်တာတိန်းမန့်ရဲ့ အဆိုအရ “Map of the Soul: Persona” အယ်လ်ဘမ်အသစ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့ကနေစလို ၇ ရက်အတွင်းမှာ ကော်ပီအချပ်ရေ ၂,၁၃၀,၄၈၀ ချပ် ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒါဟာ ပြီးခဲ့တဲ့နှစ် မေလတုန်းက ဖြန့်ချိခဲ့တဲ့ BTS အဖွဲ့ရဲ့ “Love Yourself: Tear” အယ်လ်ဘမ် ရောင်းအားစံချိန်ကို ချိုးဖျက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီ အယ်လ်ဘမ်ဟာ ဖြန့်ချိပြီး ပထမဆုံးသီတင်းပတ်အတွင်းမှာပဲ ကော်ပီအချပ်ရေ ၁ သန်းကျော် ရောင်းချခဲ့ရတာပဲ ဖြစ်ပါတယ်။

Ref: billboard, yonhap

The post သီချင်းဗီဒီယို အသစ်နဲ့ ဂင်းနစ်ကမ္ဘာ့စံချိန် ၃ ခုကို ချိုးဖျက်လိုက်တဲ့ BTS အဖွဲ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ