Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဒီနှစ် ရန်ကုန် မြကျွန်းသာ သင်္ကြန်မှာ ဖျော်ဖြေမယ့် အဆိုတော် နီနီခင်ဇော်

$
0
0

အသံအား ကောင်းကောင်းနဲ့ ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ အဆိုတော် နီနီခင်ဇော်က ပထမဆုံးအကြိမ် သင်္ကြန်အခွေဖြစ်တဲ့ ‘’Summer For You’’ ဆိုတဲ့ သီချင်းအခွေ ထွက်ရှိခဲ့သလို ဒီနှစ် သင်္ကြန် ၄ ရက်လုံး မြကျွန်းသာ သင်္ကြန်မှာရှိမယ်လို့ ဆိုပါတယ်။

“သင်္ကြန်သီချင်း အခွေတွေကတော့ နောက်ပိုင်းမှာ သိပ်မထွက်ဖြစ်ကြတော့ဘူးပေါ့နော်။ လွန်ခဲ့တဲ့ ၄ နှစ် ၅ နှစ်တုန်းကဆို သင်္ကြန်သီချင်းတွေ အများကြီး ထွက်ကြတယ်။ မဏ္ဍပ်မှာ ဆိုတယ်၊ အဆိုတော်တွေလည်း အများကြီး ပါကြတယ်ပေါ့နော်။ အခုကျတော့ မထွက်ကြဘူး။ အဲဒါကြောင့် နီနီ တယောက်တည်း နိုင်သလောက် သီချင်းတွေ လုပ်ထားတယ်။ သီချင်း ၄ ပုဒ် Mini Album မှာ ပါဝင်ထည့်သွင်းထားပါတယ်။ အဲ့ထဲက သီချင်းတွေနဲ့ရော သီချင်းကောင်းတွေနဲ့ရော ဒီနှစ် ဖျော်ဖြေမယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။

“နီနီ မြကျွန်းသာ သင်္ကြန်မှာ ရှိမှာပါ။ ဒီနှစ်ကတော့ တော်တော်ပျော်စရာကောင်းမှာပါ။ ဖက်ရှင်လေးတွေ ကိုတော့ ပေါ့ပေါ့ပါးပါးဖြစ်မှာတွေ ဝတ်မယ်။ ဂျင်းနဲ့ တီရှပ်နဲ့ အပေါ်က Hoodie လေးတွေနဲ့ ဝတ်မယ်။ လမ်းလျှောက်သင်္ကြန်လည်းပါတော့ ယာဉ်အန္တရာယ် ကင်းသွားတယ်။ မိသားစုတွေ အပန်းဖြေလို့ ရတယ်။ စားစရာတွေရော၊ ဖျော်ဖြေရေးတွေရော စတုဒီသာနေရာတွေရော ဆိုတော့ အရမ်းပျော်စရာ ကောင်းမှာပါ။ နီနီကတော့ ၁ ရက်တော့ ရေကစားဖြစ်မယ်”လို့ နီနီခင်ဇော်က ဆိုပါတယ်။

သင်္ကြန်တွေ နှစ်တိုင်းကျပေမယ့် ၂၀၁၉ ခုနှစ် သင်္ကြန်က အမှတ်တရတွေများစွာ ရှိတယ်လို့ ဆိုပါတယ်။

“သင်္ကြန်ဆိုရင် နီနီတို့လို အဆိုတော်တွေက သီချင်း ဆိုချင်တယ်။ စိတ်ရှုပ်လိုက်တာ၊ ခရီးထွက်ချင်တယ်တော့ မရှိဘူး။ စဉ်းတောင် မစဉ်းစားဖူးဘူး။ သင်္ကြန်မှာ ပရိသတ်တွကို ဖျော်ဖြေရတာနဲ့ တခြားအချိန် ဖျော်ဖြေရတာက သင်္ကြန်ချိန်မှာ ပရိသတ်တွေက ရေစိုပြီး အားလုံးက ပျော်ချင်စိတ်ရှိနေချိန် လွှတ်ပျော်ကြတဲ့အတွက် ဖျော်ဖြေမှုက နှစ်ဆပါ”

“နှစ်တိုင်း သင်္ကြန်ကျပေမယ့် ဒီနှစ် သင်္ကြန်ကတော့ အမှတ်တရတွေ ရှိတယ်။ အခွေလည်း ထွက်ဖြစ်တယ်။ နီနီတဖွဲ့လုံးနဲ့လည်း ဖျော်ဖြေရမယ်။ လမ်းလျှောက် သင်္ကြန်ပါ ရှိမှာဆိုတော့ အမှတ်တရတွေပါပဲ။ သင်္ကြန်မှာ မြန်မာဝတ်စုံလေးတွေ ဝတ်ရမှာတော့ အရမ်းကောင်းတယ်။ အရမ်းသဘောကျတယ်” လို့ နီနီခင်ဇော်က ပြောပါတယ်။

နီနီခင်ဇော်ဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ်အားပေးမှု များစွာကို ပိုင်ဆိုင်ထားပြီး City FM Radio ရဲ့ ၁၇ နှစ်ပြည့်ပွဲမှာလည်း ၂၀၁၈ ခုနှစ်အတွက် ရေပန်းအစားဆုံး အမျိုးသမီး တေးသံရှင်ဆုကို ရရှိခဲ့ပါတယ်။

နီနီခင်ဇော်ကတော့ “မာရီယို” ၊ “Super Red” ၊ “U” ဆိုတဲ့ တကိုယ်တော် အခွေများ ထွက်ရှိထားပါတယ်။ စီးပွားရေးအနေနဲ့ Super Red Cosmetic အလှကုန်လုပ်ငန်းကိုလည်း လုပ်ကိုင်နေပြီး “Summer For You’’ အခွေကိုတော့ April လ ၃ ရက်နေ့က စပြီး Bo Bo Music Production ကနေ မြန်မာတနိုင်ငံလုံးကို ဖြန့်ချိခဲ့ပါတယ်။

The post ဒီနှစ် ရန်ကုန် မြကျွန်းသာ သင်္ကြန်မှာ ဖျော်ဖြေမယ့် အဆိုတော် နီနီခင်ဇော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)