Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ဇာတ်ရုပ်တွေက သရုပ်ဆောင်လို့ မကုန်နိုင်ဘူး”လို့ နေတိုး ပြော

$
0
0

အနုပညာကို စွယ်စုံရတယ်လို့ပြောလို့ရအောင် အနုပညာအလုပ် တော်တော်များများကို ဝါသနာပါပြီး ကျွမ်းကျင်သူ တယောက်ဖြစ်တဲ့ အကယ်ဒမီ နေတိုးကတော့ သူ့ရဲ့ အနုပညာ သက်တမ်းတလျှောက် ဇာတ်ရုပ်များစွာကို သရုပ်ဆောင်ခဲ့ပေမယ့် ဇာတ်ရုပ်များက သရုပ်ဆောင်လို့ မကုန်နိုင်ဘူးလို့ ပြောပါတယ်။

“ဇာတ်ရုပ်တွေကတော့ သရုပ်ဆောင်လို့က မကုန်နိုင်ပါဘူး။ အများကြီး ရှိမှာပေါ့။ လူတယောက်စီမှာ ဇာတ်ရုပ်တခုစီ ရှိကြတော့ ဒီဇာတ်ရုပ်တွေကို လေ့လာပြီးတော့ ပရိသတ်အတွက် ကြိုးစားပေးရတာကိုက စိတ်ခေါ်မှု တရပ်လည်း ဖြစ်တယ်။ ကျနော်တို့ရဲ့စိတ်ကို စိတ်လှုပ်ရှားမှုလည်း ဖြစ်စေတယ်။ ဒီလိုပဲ အနုပညာလုပ်ငန်းဆိုတာ ပုံစံ မတူအောင်၊ ကွဲပြားအောင် ကျနော်တို့ဘက်ကနေ ကြိုးစားနေမှ ပရိသတ်ရဲ့အားပေးမှုကို အမြဲတမ်းရနေမယ်လို့ ထင်ပါတယ်”

“ဒါကြောင့် ဇာတ်ရုပ်တိုင်းကိုတော့ အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။ ဇာတ်ရုပ်ဆိုတာကတော့ စုံတယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ လေ့လာသင်ယူစရာတွေ အများကြီး ရှိပါသေးတယ်” လို့ နေတိုးက ပြောပါတယ်။

ယခုနှစ်အတွင်းမှာတော့ ကျစ်ကျစ်လျစ်လျစ်ဖြစ်တဲ့ ဇာတ်ရုပ်များကို သရုပ်ဆောင်ဖို့အတွက် ရွေးချယ်ထားပြီး သရုပ်မဆောင်ဖူးသေးတဲ့ အမှတ်တရဖြစ်စေမယ့် ဇာတ်ရုပ်များကိုလည်း သေချာစွာရွေးထားတယ်လို့ သိရပါတယ်။

“ဇာတ်ကားတွေကတော့ ပိုကောင်းပြီးတော့ ပိုပြီး ကျစ်ကျစ်လျစ်လျစ်ဖြစ်သွားမယ့် နှစ်တနှစ်လို့မြင်ပါတယ်။ အပြောင်းအလဲ ကာလလေးဖြစ်တဲ့အတွက် ပရိသတ်အတွက်ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးရိုက်သွားဖို့ ရှိပါတယ်။ ကျနော်တို့ကတော့ ပရောဂျက်ကတော့ တနှစ်စာ လုပ်ရတာပေါ့”

“ဇာတ်ရုပ်တွေက အဲဒီလိုမျိုးပဲ။ ပရိသတ် စိတ်ဝင်စားနိုင်တဲ့ ဇာတ်ရုပ်တွေ ဖြစ်မယ်။ နောက်ပြီးတော့ ပရိသတ်အတွက်ရော ကျနော့်အတွက်ရော မလုပ်ဖူးသေးတဲ့ အမှတ်တရဖြစ်စေမယ့် ဇာတ်ကောင်တွေ ဇာတ်လမ်းမျိုးတွေလည်း ဒီနှစ်ထဲမှာ တော်တော်လေးကို သေသေချာချာ ရွေးပေးထားပါတယ်” လို့ နေတိုးက ပြောပါတယ်။

လတ်တလောမှာတော့ ကားရိုက်မရှိသေးဘဲ သင်္ကြန်အပြီးမှသာ ရိုက်ကူးဖို့အတွက် စီစဉ်ထားတယ်လို့ သိရပါတယ်။

“သင်္ကြန်မတိုင်ခင်တော့ ကားရိုက်တွေနားပြီးတော့ သင်္ကြန်အပြီးမှာတော့ ဆက်ရိုက်မှာပေါ့။ နောက်ထပ်ကတော့ ၂၀၁၉ ထဲမှာ ၄ ကား ၅ ကားလောက်ရိုက်ဖို့အတွက် ပြင်ဆင်ထားပါတယ်။ ဒီနှစ်ထဲမှာ ဒရာမာကတော့ ရာခိုင်နှုန်း တော်တော်များတယ်။ True Story တွေ စဉ်းစားထားတယ်။ Romance ရှိမယ်။ Horror ရှိမယ်။ အဲဒါတွေတော့ ရှိပါတယ်”လို့ နေတိုးက ပြောပါတယ်။

မကြာခင် ရုံတင်ပြသမယ့် “မဟူရာရုပ်ရှင်ရုံ” ဆိုတဲ့ ဇာတ်ကားမှာလည်း အပြင်မှာမြင်ရလေ့ မရှိတဲ့ ကာရိုက်တာမျိုးကို သရုပ်ဆောင်ထားတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

“အဆုံးစွန်ထိ သရုပ်ဆောင်ရမယ့် ကာရိုက်တာက သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ ဇာတ်လမ်း အမျိုးအစားတွေ သဘာဝလွန်ဖြစ်ရပ်တွေ ဆိုရင်တော့ သဘာဝလွန်တဲ့ သရုပ်ဆောင်မှုတွေနဲ့ သွားရတယ်။ တကယ်ကို ဘဝထဲမှာလည်း ရှိမယ့် ကာရိုက်တာဆိုရင်တော့ အပြင်မှာဖြစ်တဲ့အတိုင်း သရုပ်ဆောင်နိုင်အောင် ကြိုးစားတယ်။ ဒီ ၂ ခုက ကွာခြားမှု ရှိတယ်။ မကြာခင်ပြမယ့် မဟူရာရုပ်ရှင်ရုံ ဆိုတဲ့ကားမှာဆိုရင်လည်း ကြောက်တဲ့စိတ်တွေကို ထိန်းချုပ်ပြီးတော့ ကြိုးစားနေရင်းနဲ့ပဲ ကြောက်နေရတဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ရတာဆိုရင် အပြင်မှာ မြင်လေ့မြင်ထ မရှိတဲ့ ကာရိုက်တာမျိုးတွေပေါ့”လို့နေတိုးက ပြောပါတယ်။

နေတိုးကတော့ အကယ်ဒမီဆုများ ရရှိထားပြီး ယခုနှစ်အတွက် အကယ်ဒမီပေးပွဲမှာလည်း ပရိသတ်များရဲ့အကယ်ဒမီ တစ်ကြိုပေးခြင်း ခံခဲ့ရပေမယ့် အကယ်ဒမီနဲ့ လွဲချော်ခဲ့ပါတယ်။

The post “ဇာတ်ရုပ်တွေက သရုပ်ဆောင်လို့ မကုန်နိုင်ဘူး”လို့ နေတိုး ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ