Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဂီတနဲ့လွတ်လပ်စွာပြောဆိုမယ့် အနုပညာရှင်တွေကို ကြိုဆိုတဲ့ “လူငယ့်အသံ ဂီတပွဲတော်”

$
0
0

“Voice Of The Youth” ပွဲတော်ဟာ နှစ်စဉ်နှစ်တိုင်း ကျင်းပနေကျ ဂီတပွဲတော် တခုဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က စတင်ပြီး ပြုလုပ်ခဲ့တဲ့ ဒီပွဲတော်မှာ သီချင်းပြိုင်ပွဲတွေလည်းပါရှိပြီး နှစ်စဉ်ပေါ်ထွက်လာတဲ့ လူငယ်ဂီတပညာရှင်တွေဟာ အနုပညာရပ်ဝန်းမှာသာမက လူထုကြားတွင်ပါ ထောက်ခံအားပေးမှုကို ရရှိခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ်အတွက်တော့ တောင်ကြီးမြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပွဲကျင်းပဖြစ်ခဲ့ပုံတွေကို Turning Table ရဲ့ Director Of Story Telling ရာထူး တာဝန်ယူထားတဲ့ မသန္တာလင်းခိုင်ကို ဧရာဝတီ သတင်းဌာနက အခုလိုပဲ မေးမြန်းခဲ့ပါတယ်။

မေး။။ “လူငယ်များရဲ့ အသံ ဂီတပွဲတော်” ဆိုတာကို မသိသေးတဲ့ သူတွေကို ဒီပွဲတော် အကြောင်း ရှင်းပြပေးပါဦး။

မသိသေးတဲ့ လူတွေအတွက် ပြောရမယ်ဆိုရင် “Voice Of The Youth” ဆိုတာက ပရောဂျက် တခုပါပဲ။ အခုပြုလုပ်နေတဲ့ ဂီတပွဲတော်က ပရောဂျက်ရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။ ဒီဂီတပွဲတော်ဟာ တခြားဂီတပွဲတွေလို သီချင်းဆိုတာချည်း သက်သက် မဟုတ်ဘဲ သီဆိုတဲ့ အနုပညာရှင်တွေကိုရော လာရောက် နားထောင်တဲ့ ပရိသတ်တွေကိုပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိတယ်ဆိုတာကို သိစေချင်တာပါ။

လူတိုင်းမှာ တူညီတဲ့ အခွင့်အရေး ရှိတယ်။ ကိုယ်မကျေနပ်တာတွေကို မျိုသိပ်ထားစရာ မလိုဘဲ ပြောခွင့်ရှိတယ်ဆိုတာကို တခြားအရာနဲ့ မပြောဘဲ လူတွေ အချင်းချင်း ပေါင်းဆုံနိုင်သွားအောင်လို့ “ဂီတနဲ့ အကျယ်ကြီး ပြောလိုက်စမ်းပါ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတူ ဂီတနဲ့ ပြောလိုက်တဲ့ သဘောပါပဲ။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဂီတကနေ တဆင့် ပြောမယ့် အနုပညာရှင်တွေ အားလုံးကို ပါဝင်စေတယ်။ သူတို့ကတဆင့် ပရိသတ်အားလုံးက လွတ်လပ်စွာပြောဆိုခွင့်ရှိပါလားဆိုတာကို သတိပြုမှုဖို့ ပြုလုပ်တဲ့ ပွဲဖြစ်ပါတယ်။

မေး။။ “လူငယ်များရဲ့ အသံဂီတပွဲတော်”ကို တောင်ကြီးမှာ လုပ်ဖြစ်တဲ့ အကြောင်းအရင်းကို သိလိုပါတယ်။

ဖြေ။။ တောင်ကြီးကို ရွေးချယ်ဖြစ်ခဲ့တာကတော့ နယ်ဘက်တွေကို သွားဖို့ အစည်းအဝေးတွေ ထိုင်ပြီး အကြိမ်ကြိမ်ရွေးချယ်ခဲ့ပါတယ်။ ရွေးချယ်ပြီးတဲ့ နောက်မှာ ရှမ်းပြည်ရဲ့ မြို့တော်ဖြစ်တဲ့ အတွက်ကြောင့်ပါ။ တောင်ကြီးမှာ လုပ်ခြင်းအားဖြင့် တောင်ကြီးမြို့နဲ့ အနီးတဝိုက် ဒေသ အစုံက ရှမ်း၊ပအိုဝ့်၊ ဓနု စတဲ့ တိုင်းရင်းသားလူငယ်တွေ လာဖို့ မျှော်လင့်ပြီး လုပ်ဖြစ်ခဲ့တာပါ။

ဖြေ။။ တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လုပ်ဖို့ အစီစဉ် ရှိ၊ မရှိ သိချင်ပါတယ်။

“လူငယ့်အသံ” ဂီတပွဲတော်ကြီးကိုတော့ နှစ်တိုင်း ရန်ကုန်မှာ ကျင်းပလေ့ရှိပါတယ်။ ကျန်တဲ့ ပွဲတော် အသေးတွေကို နှစ်အစပိုင်းတွေမှာ မြန်မာနိုင်ငံရဲ့ မြို့တွေတိုင်းကို ပတ်ပြီး လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ၂၀၁၈ ခုနှစ်က မသွားဖြစ်ခဲ့ပေမယ့် ၂၀၁၉ ခုနှစ် တောင်ကြီးမှာ ပြုလုပ်တဲ့ ပွဲကစပြီး နောက်ထပ် မြို့တွေကိုလည်း ဆက်သွားဖို့ အစီအစဉ် ရှိပါတယ်။

အဆိုပါ “Voice Of The Youth” ဂီတပွဲတော်ကို မတ်လ ၃၀ ရက်နေ့က တောင်ကြီးမြို့မှာရှိတဲ့ Taunggyi Business Center မှာ ကျင်းပခဲ့ပါတယ်။ အဲဒီ ဂီတပွဲတော်မှာ Side Effect, Lan Bar, LIL’Z, The Myth, Idiots, T-Zin, Triple A, နွေးနွေး စတဲ့ အနုပညာရှင်များအပြင် တောင်ကြီးမြို့မှ ဂီတအဖွဲ့များဖြစ်တဲ့ The Storyteller, ONYX စတဲ့ အဖွဲ့များကပါ သီချင်းများနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

ထူးထူးခြားခြားအနေနဲ့ ဒီပွဲကို ငြိမ်းချမ်းရေးအတွက် ဆိုင်ကယ်စီးသူများလို့ အမည်ရတဲ့ ဆိုင်ကယ်စီး အဖွဲ့မှလည်း တက်ရောက်ခဲ့ကြပါတယ်။ အဲဒီ အဖွဲ့ဟာ ငြိမ်းချမ်းရေးအတွက် မြန်မာပြည်အနှံ့ မိုင်ပေါင်း ၁၅၀၀ တိတိ ဆိုင်ကယ်မောင်းရင်း သွားကြမှာ ဖြစ်ပါတယ်။ “လူငယ်များရဲ့ အသံ” ဂီတပွဲကို ဒေသခံအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒိန်းမတ်သံရုံးက အဓိက ကူညီထောက်ပံ့ပေးထားပါတယ်။

The post ဂီတနဲ့လွတ်လပ်စွာပြောဆိုမယ့် အနုပညာရှင်တွေကို ကြိုဆိုတဲ့ “လူငယ့်အသံ ဂီတပွဲတော်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)