Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Star Awards နဲ့ ပတ်သက်ပြီးလည်း ဘာမှ မမျှော်လင့်ထားဘူး”လို့ ခီမောင်နှံ ပြော

$
0
0

၂၀၁၈ ခုနှစ်အတွက် ပေးအပ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အကယ်ဒမီ ရုပ်ရှင်ကားများထဲမှာ ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ ဇဏ်ခီတို့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား ၂ စလုံးကား ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပေမယ့် အကယ်ဒမီနဲ့ လွဲချော်ခဲ့ရပါတယ်။ အကယ်ဒမီပွဲပြီးနောက် ဧပြီလ ၅ ရက်နေ့မှာ ကျင်းပမယ့် Star Awards နဲ့ ပတ်သက်ပြီးတော့လည်း ဘာမှ မမျှော်လင့်ထားပါဘူးလို့ ခီမောင်နှံက ဆိုပါတယ်။

“Star Awards အတွက် ရင်ခုန်မှုဆိုရင် ကျနော် အကယ်ဒမီတုန်းက ဖြေခဲ့သလိုမျိုး ဘာမှ မမျှော်လင့်ထားပါဘူး။ ဘယ်တုန်းကမှလည်း ဆုအတွက် အလုပ်လုပ်ခဲ့တာ မရှိဘူး။ အကောင်းဆုံး ပြင်ဆင်တယ်။ အကောင်းဆုံး အလုပ်ကို လုပ်ကြတယ်။ ပြီးရင် ပရိသတ်ကို ချပြတယ်။ ပရိသတ်က လက်ခံတယ်ဆိုရင် ကျနော်တို့ အတွက် ဆုတခုပါပဲ။ ကျနော်တို့ ဘာမှ မမျှော်လင့်ထားတဲ့အတွက် ဘာမှ မရတော့လည်း စိတ်လည်း မထိခိုက်ပါဘူး”လို့ သရုပ်ဆောင် ဇဏ်ခီက ပြောပါတယ်။

“ရိုက်ကူးသူတွေ ဖန်တီးသူတွေ အနေနဲ့တော့ အသစ်တွေ ထွက်လာတယ်။ အကယ်ဒမီ ပေးတဲ့ Vote အဖွဲ့အနေနဲ့ အရင်တုန်းက စံအတိုင်း ပဲသွားနေပုံရပါတယ်။ ဘာလို့လဲဆို လူငယ်တွေ တယောက်မှဆု မပါဝင်ဘူး။ ဘာမှတော့ စိတ်ထဲမှာမှရှိဘူး။ သို့သော် သုံးသပ်ရမယ်ဆိုရင် သူတို့ပေးတဲ့ပုံစံက အရင်တုန်းက ပုံစံတိုင်းပဲ ဖြစ်ပါလိမ့်မယ်”

“ကျနော့် ပရိသတ်တွေကို ကျနော် ပြောထားတာက ကျနော့်ကို အားပေးတာကိုက ကျနော့်အတွက် ဆုပဲ။ သူတို့ ပေးထားတဲ့ နေရာလေးကို အရမ်းတန်ဖိုးထားတယ်”လို့ ဇဏ်ခီက ဆိုပါတယ်။

လတ်တလော ဆိုရှယ်မီဒီယာပေါ်မှာ “Lion” ဇာတ်ကားနဲ့ “မုဒြာရဲ့ခေါ်သံ”ရုပ်ရှင် ဇာတ်လမ်းချင်း တူသလို ရှိနေတယ်လို့ ပြောနေကြတဲ့အပေါ် ဒါရိုက်တာ ခရစ္စတီးနားခီက သူတပါးကို ပြောတော့မယ်ဆိုရင် တိတိကျကျပြောနိုင်မှ ကောင်းမယ်လို့ ဆိုပါတယ်။

“မုဒြာက ၂၀၁၃ ကတည်းက စလုပ်လိုက်တယ်။ ၂၀၁၄ မှာ စရိုက်နေပြီ။ လိုင်းစီတဲ့နေရာမှာ ကြာသွားတယ်။ ၂၀၁၅ ကတည်းက ကျမက Asian Flim Festival ၁၄ နိုင်ငံလုပ်တဲ့ထဲမှာ ကျမကား ရွေးခံရပြီးသား။ ကျမနဲ့ ကိုဇဏ် သွားတက်တယ်။ ၂၀၁၆ မှ ရိုက်တဲ့ Lion နဲ့ တူသလိုလို ဘာလိုလို ရေးတယ်ဆိုတော့ ကျမ သိစေချင်တာ တခုရှိတာ တခုခုကို လုပ်တော့မယ်ဆိုရင် ကျမဆို Research အရမ်းလုပ်တယ်။ သူတပါးကို ပြောဆိုတော့မယ်ဆိုရင် တိတိကျကျ ပြောနိုင်မှ ကောင်းတယ်။ လူငယ်တွေလည်း အဲ့လိုလေး လုပ်စေချင်တယ်”လို့ ခရစ္စတီးနားခီက ပြောပါတယ်။

ယခုနှစ် ကျင်းပပြီးစီးခဲ့တဲ့ ၂၁၀၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပွဲမှာ အကယ်ဒမီဆု တဆုမှ မရခဲ့တဲ့အပေါ်ကိုလည်း အခုလို ဆိုပါတယ်။

“ကျမတို့ ဆုမရတဲ့ အတွက် ဘာမှတော့ မထိခိုက်ပါဘူး။ ပရိသတ်က အရမ်းအားပေးတဲ့အခါကျတော့ ကျမ စိုးရိမ်နေတဲ့ မင်းသား၊ မင်းသမီးတွေက ကျမပြောသလို လုပ်ပါ့မလား ဆိုတာလည်း မရှိတော့ဘူးပေါ့။ အလုပ်ကလည်း ရှိနေတော့ ကျမမှာ တခြားဟာတွေးဖို့က မရှိဘူးပေါ့။ အကယ်ဒမီပေးပွဲကိုတော့ ကျမ မသုံးသပ်ချင်ဘူး။ အရင်နှစ်က ကျမကား မပါတော့ ‘ည’ရုပ်ရှင်အပေါ် အမြင်တွေ မေးတော့ ကျမ ဖြေတယ်”

“ဒီနှစ်မှာတော့ ကျမကားက ဆန်ခါတင်မှာ ပါနေတယ်။ ဆန်ခါတင် စာရင်းထဲပါနေတော့ Ethic အရ ဘာမှမဝေဖန်ချင်ပါဘူး။ အဲ့အတွက် ကျမ ဝေဖန်ပိုင်ခွင့် မရှိတော့ဘူးပေါ့။ ကျမ အနေနဲ့ ဒီဆုတွေကတော့ သူတို့ သဘော၊ သူတို့ ဆန္ဒပါ။ ကျမ အနုပညာကလည်း ကျမ သဘော၊ ကျမ ဆန္ဒပါ”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ဆိုပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ ဇဏ်ခီကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ရုံတင်ပြသခဲ့တဲ့ “ဥပါယ်တံမျဉ်’’ ရုပ်ရှင်နဲ့ ပရိသတ်တွေ စတင် သိရှိခဲ့ကြတာပါ။ အဲဒီနောက် “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ကားကြီး ရုံတင် ပြသပြီးတဲ့ အချိန်မှာတော့ ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့ပြီး လတ်တလောမှာတော့ “Now and Ever” (ထာဝရနှောင်ကြိုး) ဆိုတဲ့ ရုပ်ရှင် ရိုက်ကူးလျက်ရှိပါတယ်။

The post “Star Awards နဲ့ ပတ်သက်ပြီးလည်း ဘာမှ မမျှော်လင့်ထားဘူး”လို့ ခီမောင်နှံ ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ