Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

‘The Matrix’ ရုပ်ရှင်တွင် ခေါင်းဆောင်အဖြစ်ပါဝင်ရန် မင်းသမီး Sandra Bullock ကမ်းလှမ်းခံရ

$
0
0

မင်းသမီး Sandra Bullock ကို “The Matrix” ရုပ်ရှင်မှာ Neo ဆိုတဲ့ဇာတ်ကောင်ကနေ ပါဝင်စေဖို့ စဉ်းစားထားတဲ့ အကြောင်း ထုတ်လုပ်သူ Lorenzo di Bonaventura က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ The Wrap မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ထုတ်လုပ်သူ Bonaventura က “The Matrix” ရုပ်ရှင်အတွက် အဓိက ဇာတ်ဆောင် မင်းသားနေရာကို Brad Pitt, Leonardo DiCaprio နဲ့ Will Smith တို့ကို စဉ်းစားထားတဲ့ အကြောင်းကိုလည်း အတည်ပြုခဲ့ပါတယ်။

မင်းသမီး Bullock ဟာ ၁၉၉၄ ခုနှစ်တုန်းက Matrix မင်းသား Keanu Reeves နဲ့အတူ “Speed” ရုပ်ရှင်မှာ ပါဝင်ခဲ့ပါတယ်။ မင်းသား Reeves ကတော့ ၁၉၉၉ ခုနှစ်မှာ “The Matrix” ကို စတင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အဲဒီရုပ်ရှင်သက်တမ်းဟာ နှစ်ပေါင်း ၂၀ ရှိခဲ့ပြီဖြစ်ပါတယ်။

ထုတ်လုပ်သူ Bonaventura က “ကျနော် မမှတ်မိတဲ့လူတွေ တော်တော်များများကိုလည်း စဉ်းစားမိပါတယ်။ ကျနော်တို့ အတွက် အရမ်းအရေးကြီးနေပါပြီ။ ကျနော်တို့ Sandy Bullock ကို စဉ်းစားထားပါတယ်။ ပြီးတော့ Neo ကို မိန်းကလေးတယောက်အနေနဲ့ ပြောင်းလဲမှာပါ။ ထုတ်လုပ်သူ Joel Silver နဲ့ ကျနော်တို့ဟာ ‘Demolition Man’ ရုပ်ရှင်မှာ အလုပ်အတူတူ လုပ်ခဲ့ဖူးပါတယ်”

“ပြီးတော့ သူဟာ ကျနော့်ရဲ့ သူငယ်ချင်းကောင်းတယောက်လည်း ဖြစ်ပါတယ်။ အဲဒါတော်တော်လေးကို ရိုးရှင်းပါတယ်။ သူစိတ်ဝင်စားတယ်ဆိုရင် ဖတ်ဖို့ ဇာတ်ညွှန်းပို့ လိုက်ပါတယ်။ ပြီးတော့ သူစိတ်ဝင်စားတယ်ဆိုရင် အပြောင်းအလဲလုပ်ဖို့ ကျနော်တို့ ကြိုးစားမှာပါ” လို့ဆိုပါတယ်။

မင်းသမီး Bullock ဟာ သူ့ရဲ့ အချိန်ဇယားတွေကြောင့် ရုပ်ရှင်ကို ငြင်းပယ်ကောင်း ငြင်းပယ်နိုင်ပါတယ်။ ထုတ်လုပ်သူ Bonaventura က “ဒီအချိန်မှာ သူ့အတွက်တော့အရေးကြီးတာမဟုတ်ပါဘူ။ ဒါကြောင့် အဆင်မပြေတာလည်း ဖြစ်လာနိုင်ပါတယ်” လို့ဆိုပါတယ်။

မင်းသမီး Bullock ရဲ့ ကိုယ်စားလှယ်ကတော့ ရုပ်ရှင်အတွက် အသေးစိတ်အချက်အလက်တွေကို ပြန်ပို့တာမျိုးမလုပ်ခဲ့ဘဲ ထုတ်လုပ်သူကတော့ “သူ့ရဲ့ အနုပညာကို အမြဲထောက်ခံပေးခဲ့ပါတယ်” လို့ဆိုထားပါတယ်။ တကယ်လို့ မင်းသမီး Bullock သာ အဲဒီရုပ်ရှင်ကို လက်ခံဖြစ်မယ်ဆိုရင်တော့ “The Matrix” ရုပ်ရှင်အတွက် အပြောင်းအလဲ တခုဖြစ်လာမှာပါ။

Ref: etcanada

The post ‘The Matrix’ ရုပ်ရှင်တွင် ခေါင်းဆောင်အဖြစ်ပါဝင်ရန် မင်းသမီး Sandra Bullock ကမ်းလှမ်းခံရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ