Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အကယ်ဒမီ စင်မြင့်ထက်မှာ သီချင်း သီဆိုခွင့်ရတဲ့ Myanmar Idol အဆိုရှင်များ

$
0
0

၂၀၁၈ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ Myanmar Idol သီချင်းဆိုပြိုင်ပွဲက ပြိုင်ပွဲဝင် အဆိုတော်များက သီဆိုဖျော်ဖြေ ပေးခဲ့ကြပါတယ်။ သူတို့ကတော့ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲရဲ့ စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ပါဝင် တင်ဆက်ခွင့် ရသူတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ မြန်မာဇာတ်ဝင်တေးသီချင်းတွေကို သီဆို ဖျော်ဖြေပေးခဲ့တဲ့ အဆိုတော် သားငယ်၊ ပိုးမီ၊ ဘီလီလမင်းအေးနဲ့ စောလားထော်ဝါးတို့ရဲ့ ခံစားချက်တွေကို အခုလိုပဲ မေးမြန်းဖော်ပြလိုက်ပါတယ်။

သားငယ်

“ကျနော် အကယ်ဒမီပေးပွဲမှာ ပြိုင်ပွဲတုန်းက ဆိုခဲ့တဲ့၊ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ “မမမိုး” သီချင်းလေးဆိုမှာပါ။ အကယ်ဒမီပေးပွဲမှာ သီချင်းဆိုရမှာ အရမ်းလည်း ရင်ခုန်တယ်။ စိတ်လည်း လှုပ်ရှားတယ်။ ကျနော် ရုပ်ရှင်ထဲမှာ မြင်ဖူးနေတဲ့ မင်းသားတွေ မင်းသမီးတွေ ရှေ့မှာ ဆိုရမှာဆိုတော့ ပိုပြီးတော့ စိတ်လှုပ်ရှားပါတယ်။ အကောင်းဆုံးတော့ ပြင်ဆင်ပြီး ကြိုးစား သီဆိုသွားမှာပါ။ ကျနော့် ဝတ်စုံကိုတော့ ဒီဇိုင်နာ သျှတရက ဖန်တီးပေးထားပါတယ်”လို့ အဆိုတော် သားငယ်က ပြောပါတယ်။

ပိုးမီ

“အကယ်ဒမီ ပေးပွဲဆိုတာက ကိုယ်တွေ ငယ်ငယ်တုန်းက မဖြစ်မနေ စောင့်ကြည့်ရတဲ့ ပွဲပေါ့။ တအားကို ကြီးကျယ် ခမ်းနားတဲ့ ပွဲကြီး တပွဲလေ။ ဒီပွဲမှာဆိုရမယ်ဆိုတော့ စိတ်လည်း လှုပ်ရှားခဲ့ပါတယ်။ အိပ်မက်တခုလိုပါပဲ။ ဒီလိုပွဲမျိုးမှာ ပါပြီးတော့ ဆိုရမယ်ဆိုတာ အိမ်မက်တောင် မမက်ဖူးပါဘူး။ ဒါပေမဲ့ ဆိုခွင့်ရတဲ့ အတွက် အရမ်းကို ရင်ခုန်တယ်။ တအားလည်း ပျော်မိပါတယ်”

“ပြီးတော့ ဒီသီချင်းကိုလည်း ပိုမီ တခါမှ မဆိုဖူးဘူး။ သီချင်းလေးကတော့ “ကိုကိုနဲ့ပဲ နေချင်တယ်” သီချင်းလေးပါ။ ကိုယ်ဆိုနေကျ ပုံစံလည်း မဟုတ်ဘူး။ ကိုယ်ဆိုရမယ့် သီချင်းကနူးနူးညံ့ညံ့လေးနဲ့ ကိုယ့်ကိုယ်ကိုယ် ချွဲတဲ့ ပုံစံမျိုးလေး ဆိုရမှာ ဆိုတော့ အကောင်းဆုံးတော့ ကြိုးစားသီဆိုခဲ့ပါတယ်။ ပိုးမီ ဝတ်စုံကိုတော့ ဒီဇိုင်နာ မဌေးဌေးတင်က ဖန်တီးပေးထားပါတယ်”လို့ ပိုးမီက ပြောပါတယ်။

ဘီလီလမင်းအေး

“အမှန်တိုင်းပြောရရင် ကြောက်တယ်။ ဘယ်လိုမျိုး Feedback တွေ လာမလဲ ဆိုပြီးပေါ့။ ပြီးတော့ လူကြီးတွေရှေ့မှာ ဖျော်ဖြေရတာဆိုတော့ ကြောက်တာပေါ့။ ပွဲမှာတော့ “မောင့်မူပိုင်ရှင်” သီချင်းဆိုမှာပါ။ အဲ့သီချင်းအတွက်လည်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ခဲ့ပါတယ်။ နှစ်တိုင်း ပရိသတ် တယောက်အနေနဲ့ အကယ်ဒမီကို အမြဲအားပေးခဲ့ရတာပါ။ သရုပ်ဆောင်တွေဆိုတာလည်း အမြဲတမ်း အားပေးခဲ့ရတာပါ။ အဲ့ဒီအတွက် ဘယ်သူတွေရမလဲ ဆိုတာလည်း ရင်ခုန်အားပေးခဲ့ပါတယ်။ ဖူးရဲ့ဝတ်စုံကိုတော့ ဒီဇိုင်နာ မျိုးမင်းစိုးက ဖန်တီးပေးထားပါတယ်”လို့ ဘီလီလမင်းအေးက ပြောပါတယ်။

စောလားထော်ဝါး

“အကယ်ဒမီပေးပွဲ အခမ်းအနားမှာ ကျနော် “ပန်းတွေနဲ့ဝေ” သီချင်းနဲ့ သီဆိုမှာပါ။ ဒီသီချင်းက ကျနော်လည်းပြိုင်ပွဲမှာ သီဆိုခဲ့တဲ့ သီချင်းပါ။ ကျနော် အကယ်ဒမီပေးပွဲလည်း မတက်ဖူးဘူး။ သီဆိုခွင့် ရတဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာရပါတယ်။ အကယ်ဒမီပေးပွဲကို အရင်က တီဗီကနေပဲ ကြည့်ဖြစ်တယ်။ ပွဲမတက်ရောက်ဖူးဘူး။ ကျနော့် ဝတ်စုံကိုတော့ ဒီဇိုင်နာ မျိုးမင်းစိုးက ဖန်တီးပေးခဲ့တာပါ”လို့ စောလားထော်ဝါးက ပြောပါတယ်။

The post အကယ်ဒမီ စင်မြင့်ထက်မှာ သီချင်း သီဆိုခွင့်ရတဲ့ Myanmar Idol အဆိုရှင်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ