Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ကံတရားနဲ့ တိုက်ဆိုင်ပြီး အကယ်ဒမီ ရခဲ့တာပါ”လို့ ပြောတဲ့ သူထူးစံ

$
0
0

အနုပညာသက်တမ်း ၂၁ နှစ်အတွင်းမှာ ပထမဆုံး အကယ်ဒမီဆုကို ရရှိခဲ့တဲ့ သရုပ်ဆောင် သူထူးစံကတော့ ကံတရားနဲ့ တိုက်ဆိုင်ပြီး အကယ်ဒမီ ရခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

“အကယ်ဒမီကတော့ ကံတရားနဲ့ အကြောင်း တိုက်ဆိုင်ပြီး ရတာပါ။ အကယ်ဒမီ မရသေးတဲ့ ကျနော့်ထက်ကိုတော်တဲ့ နောင်တော်တွေ၊ သူငယ်ချင်းတွေ ရှိသလို နောက်ကတက်လာတဲ့ ကလေးတွေ အများကြီး ရှိပါတယ်။ သူတို့က အကြောင်း မတိုက်ဆိုင်သေးလို့ မရတာပါ” လို့ သူထူးစံက ပြောပါတယ်။

သူထူးစံကတော့ “မှော်ဝင်သမန်းကျား” ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး “အမျိုးသား ဇာတ်ဆောင်ဆု”ကို ရရှိခဲ့တာဖြစ်ပြီး အကယ်ဒမီ ရသွားတဲ့အတွက် တာဝန်ကြီးသွားတာမျိုး မရှိဘဲ အနုပညာအပေါ်ကို ကျေးဇူးမကန်းအောင်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

“ကျနော်က တာဝန်တော့ မကြီးပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော်က ဒီလောကထဲကို စပြီးလျှောက်ကတည်းက ဘယ်တလှမ်း၊ ညာတလှမ်း မှန်ဖို့ကို ကိုယ့်ကိုယ်ကိုယ် သိအောင် လုပ်တယ်။ နိမ့်လည်း သစ္စာ ရှိမယ်။ မြင့်လည်း သစ္စာရှိမယ်။ အနုပညာပေါ်မှာ ကျေးဇူးမကန်းအောင် ကြိုးစားမယ်။ ဒီလောက်ပါပဲ။ ကျန်တာတော့ ကံတရားပေါ့နော်”လို့ သူထူးစံက ပြောပါတယ်။

ယခုနှစ်မှာတော့ ကားကောင်းတွေကြားထဲမှာ ၁ ကားသာ ပါဝင် သရုပ်ဆောင်ထားတဲ့အတွက် အကယ်ဒမီရလိမ့်မယ်လို့လည်း သူကိုယ်တိုင် မထင်ထားဘူးလို့ သူထူးစံက ဆိုပါတယ်။

“ဒီနှစ်က ကျနော် လုံးဝ မထင်ဘူး။ အမှန်အတိုင်း ပြောတာပါ။ အရမ်းကောင်းတဲ့ကားတွေ ရှိတယ်။ ကျနော် ၂ ကား သွားကြည့်ဖြစ်တယ်။ ကျနော်တို့ကားက ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့။ မုန်းစွဲနဲ့ သမ္မတကြီးထံပေးစာပေါ့။ ဒီနှစ်က လုံးဝကို ကားကောင်းတွေ ကြည့်ရမယ့် နှစ်ပေါ့။ ဒီကားနဲ့ ရမယ်လို့ လုံးဝ မထင်ပါဘူး။ ကျနော်က ၁ ကားပဲ ရှိတာကို” လု့ိ သူထူးစံက ပြောပါတယ်။

အဆိုပါ အကယ်ဒမီ ရရှိခဲ့တဲ့ “မှော်ဝင်သမန်းကျား” ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင် ခွန်းဆင့်နေခြည်ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ “ကျောက်ဆူး”ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

“ဒီကားက ကိုသားကြီး (ဒွေး) ဆုံးသွားတဲ့အချိန်မှာ ဆရာ ဦးမျိုးမင်းက ကျနော့်ကို ၅ ကား ပေးတယ်။ အဲဒီ ၅ ကားထဲမှာ ဒီမှော်ဝင်သမန်းကျားကား ပါလာတယ်။ ခွန်းဆင့်နေခြည်နဲ့က မိုင်တိုင် ၇၆ ရိုက်တုန်းက အရမ်းပေါက်ခဲ့တယ်။ အဲဒီတော့ ဒီကားရိုက်ကြမယ်ဆိုပြီး ရိုက်ကြတာ အရမ်းခက်ခဲတယ်”လို့ သူထူးစံက ပြောပါတယ်။

သူထူးစံကတော့ လွန်ခဲ့တဲ့ ၂၁ နှစ်မှစတင်ကာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သရုပ်ဆောင် သင်တန်း အမှတ်စဉ် (၁/၉၈) ရဲ့ သင်တန်းဆင်းခဲ့တဦး ဖြစ်တယ်လို့လည်း သိရပါတယ်။

The post “ကံတရားနဲ့ တိုက်ဆိုင်ပြီး အကယ်ဒမီ ရခဲ့တာပါ”လို့ ပြောတဲ့ သူထူးစံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ