Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဗလီ တိုက်ခိုက်မှုပြီးနောက် နယူးဇီလန် ရုပ်ရှင်ရုံများမှ “Hotel Mumbai”ရုပ်ရှင်ကို ဖယ်ရှား

$
0
0

မတ်လ ၁၅ ရက်နေ့တုန်းက နယူးဇီလန်နိုင်ငံ၊ Christchurch မြို့ရဲ့ ဗလီ တိုက်ခိုက်ခံရမှု ပြီးခဲ့တဲ့နောက် နယူးဇီလန်နဲ့ သြစတြေးလျနိုင်ငံတို့မှာရှိတဲ့ ရုပ်ရှင်ရုံတွေကနေ သည်းထိတ်ရင်ဖို ရုပ်ရှင်အသစ်ဖြစ်တဲ့ “Hotel Mumbai” ကို ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။

Icon Films ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဖြန့်ချိသူတွေက ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ပုံဖော်ထားပြီး မင်းသား Dev Patel ပါဝင် သရုပ်ဆောင်ထားတဲ့ အဲဒီ ရုပ်ရှင်ဖြန့်ချိမှုကို ရပ်ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၄ ရက်နေ့တုန်းက စတင်ပြသခဲ့တဲ့ အဲဒီ ရုပ်ရှင်ဟာ ပါကစ္စတန်နိုင်ငံမှာ အခြေစိုက်တဲ့ အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့တခုက ၂၀၀၈ ခုနှစ်မှာ Taj Mahal Palace ဟိုတယ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လူပေါင်း ၁၇၀ ကျော်ကို အသက်ဆုံးရှုံးစေခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်ကို အခြေတည် ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

မတ်လ ၁၅ ရက်နေ့တုန်းက လက်နက်ကိုင်သေနတ်သမားတဦးဟာ Christchurch ဗလီနှစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် လူပေါင်း ၅၀ ကို သေဆုံးစေခဲ့ပြီး အများအပြားကို ဒဏ်ရာရရှိစေခဲ့တာ ဖြစ်ပါတယ်။

Icon ရုပ်ရှင်ထုတ်လုပ်ရေး ပိုင်ရှင်တွေကတော့ ပြီးခဲ့တဲ့သီတင်းပတ်မှာ ရုံတင်ပြသဖို့ အစီအစဉ်ကို ရုပ်ရှင်ရုံပိုင်ရှင်ပေါင်းများစွာက ဖျက်သိမ်းခဲ့ကြပြီးတဲ့နောက် နယူးဇီလန်နိုင်ငံမှာ မတ်လ ၂၈ ရက်နေ့အထိ “Hotel Mumbai” ရုပ်ရှင်ဖြန့်ချိပြသမှုကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။

ကုမ္ပဏီက “နယူးဇီလန်နိုင်ငံမှာ မကြာသေးခင်တုန်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ နောက်ပိုင်း Icon Film Distribution ဟာ နယူးဇီလန်နိုင်ငံမှာရှိတဲ့ ရုပ်ရှင်ရုံတွေအားလုံးကနေ Hotel Mumbai ရုပ်ရှင်ကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်” လို့ ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ တိုက်ခိုက်မှုများကို ကြားသိခဲ့ရပြီးတဲ့နောက် Icon Film Distribution ဟာ နယူးဇီလန်နိုင်ငံမှာ ရုပ်ရှင်အတွက် ကြော်ငြာကိစ္စတွေ အားလုံးကို ရုတ်တရက် ရပ်ဆိုင်းလိုက်တဲ့အပြင် ဒေသဆိုင်ရာ ပြသမှု ပါတနာတွေနဲ့ ဆွေးနွေးခဲ့ပြီးတဲ့နောက် တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ဝမ်းနည်းပူဆွေးမှုကို လေးစားတဲ့အနေနဲ့ ရုပ်ရှင်ကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်းလည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါရိုက်တာ Anthony Maras ရိုက်ကူးထားတဲ့ အဲဒီ ရုပ်ရှင်ကို လာမယ့် မတ်လ ၂၂ ရက်နေ့ကစလို့ အမေရိကန်နိုင်ငံမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။

Ref: aceshowbiz

The post ဗလီ တိုက်ခိုက်မှုပြီးနောက် နယူးဇီလန် ရုပ်ရှင်ရုံများမှ “Hotel Mumbai” ရုပ်ရှင်ကို ဖယ်ရှား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ