Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Official ဂျိန်းစ်ဘွန်းရဲ့ အသက်အရွယ် ရောက်လာပြီ”လို့ ပြောတဲ့ စိုင်းစိုင်းခမ်းလှိုင်

$
0
0

မွေးနေ့ရောက်တိုင်း နှစ်စဉ် Birthday Show ပြုလုပ်နေတာ ယခုနှစ်မှာဆိုရင် ၁၅ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့အသက် ၆၀ ကျော်မွေးနေ့ ရောက်တဲ့အထိ မွေးနေ့ ကျင်းပသွားချင်တယ်လို့ ပြောပါတယ်။

“အစီအစဉ်ဆိုတာတော့ ကြိုတင်စဉ်းစားထားတာမျိုး မရှိပါဘူး။ ဘဝဆိုတာတော့ ၁၀ နှစ်လောက်ကို ကြိုတင် စီစဉ်ထားလည်း စီစဉ်တဲ့အတိုင်းလည်း ဖြစ်ချင်မှဖြစ်လာတာဆိုတော့ အလွန်ဆုံးပြောနိုင်ရင် နောက်ထပ် ၁ နှစ် ၂ နှစ်ကိုတော့ ပြောနိုင်မှာပါ။ အဲဒီ ၁ နှစ် ၂နှစ်လောက်ကိုတော့ ပွဲကိုဆက်လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိပါတယ်။ ဖြစ်နိုင်ရင် ကျနော့်အသက် ၆၄ နှစ်ပြည့် မွေးနေ့ထိ ပရိသတ်တွေနဲ့ ဆင်နွှဲချင်ပါတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

ဒီနှစ်မှာ ပြုလုပ်သွားမယ့် Birthday Show ကတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အသက် ၄၀ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး နောက်ထပ် ၁ နှစ် ၂ နှစ်ခန့် ဆက်လက် ကျင်းပသွားဖို့အတွက် ယုံကြည်ချက်ရှိတယ်လို့ ဆိုပါတယ်။

“ကျနော် ဂီတအနုပညာလုပ်ရင်းနဲ့ တဖြည်းဖြည်းနဲ့ အသက်ကြီးလာတဲ့အခါမှာ ကျနော့် စိတ်ကူးထဲမှာ ဘယ်အရွယ်ကတော့ဖြင့် ဆယ်ကျော်သက်အရွယ် ရောက်လာပြီ။ ဘယ်အရွယ်ကတော့ဖြင့် အလုပ်ကြိုးစားရတော့မယ့် အရွယ် ရောက်လာပြီ။ ဒီနှစ်ပိုင်းတွေမှာ စဉ်းစားမိတာက ငါကတော့ Official ဂျိန်းစ်ဘွန်းရဲ့ အသက်အရွယ်ရောက်လာပြီ ဆိုတာပါပဲ” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

အသက် ၄၀ ရောက်တော့မှာ ဖြစ်ပေမယ့် အခုအချိန်ထိ တကိုယ်တော် ဖြတ်သန်းနေဆဲ ဖြစ်တဲ့အတွက် အသက် ၄၀ မှာ ဘဝစတော့မလားဆိုတာကိုတော့ စိုင်းစိုင်းခမ်းလှိုင်က အခုလို ဆိုပါတယ်။

“ဘဝကတော့ စနေတာ တော်တော် ကြာပါပြီ။ ကျနော့် အသက် ၁၈ နှစ် အရွယ်ကတည်းက အနုပညာလောကမှာ ရပ်တည်လာတာ ဖြစ်တယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ကြိုးစားလာတာလည်းဖြစ်တယ်။ မိသားစုကို တာဝန်ယူနိုင်အောင်လည်း ကြိုးစားခဲ့ရပါတယ်”

“၁၈ နှစ်သား အရွယ်ကနေ အခုချိန်ထိ ကျနော့်မှာ စိတ်ချမ်းမြေ့ရတဲ့နေ့တွေ ရှိတယ်။ ကြိုးစားခဲ့တဲ့ ရက်တွေရှိတယ်။ မောပန်းရတဲ့ ရက်တွေလည်း ရှိတယ်။ ပြိုင်ဆိုင်ရတာတွေ အတိုက်အခိုက်တွေလည်း ရှိတယ်။ ဒါတွေနဲ့ ငယ်ငယ်ကတည်းက ဖြတ်သန်းလာရတာဆိုတော့ ကျနော့်ဘဝက စနေတာ ကြာပါပြီ”လို့ ပြောပါတယ်။

ယခုနှစ် ၁၅ ကြိမ်မြောက် Birthday Show ကိုတော့ ဧပြီလ ၁၀ ရက်နေ့၊ ရန်ကုန်မြို့၊ သုဝဏ္ဏဘူမိ Event Park မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

“ကျနော့်ရဲ့ဂီတသက်တမ်းတလျှောက်မှာ အယ်လ်ဘမ် ၇ ခုနဲ့ Live Show အခွေ ၂ ခွေ ထွက်ထားပါတယ်။ သီချင်းအပုဒ်ရေ ၁၀၀ လောက် ကျနော့်မှာ ပိုင်ဆိုင်ထားပါတယ်။ အတွဲခွေတွေမှာ ပါဝင်သီဆိုပြီး ပရိသတ်ကြိုက်တဲ့သီချင်းတွေလည်း ပါဝင်ထားပါတယ်။ အခုနောက်ဆုံး ထွက်ထားတဲ့ Sai is Sai ထဲက သီချင်းတွေနဲ့လည်း မျှတအောင် သီဆိုဖျော်ဖြေသွားမှာ ဖြစ်ပါတယ်”

“ဘာဖြစ်လို့လဲဆိုတော့ ကျနော့်ပရိသတ်တွေထဲမှာ ငယ်ငယ်လေးကတည်းက ကျနော့်ကို အားပေးခဲ့ပြီး လူကြီးတွေဖြစ်တော့ နောက်ထပ် သီချင်းအသစ်တွေကို နားမထောင်ဖြစ်တဲ့ သီချင်းတွေ ရှိသလို အခုမှနားထောင်ရပြီး နောက်ပိုင်းသီချင်းတွေပဲ သိတဲ့သူတွေလည်း ရှိတယ်။ အဲဒါကြောင့် အားလုံးကို မျှမျှတတရွေးချယ်ပြီးတော့ အပုဒ် ၄၀ ကျော် ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်ကပြောပါတယ်။

အဆိုပါ Birthday Show အတွက် လက်မှတ်များကိုတော့ မတ်လ ၃၀ ရက်နေ့မှစတင်ကာ မြန်မာပလာဇာမှာ ကျင်းပမယ့် AYA X ပွဲမှာ စတင် ဝယ်ယူနိုင်မှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းများကိုတော့ ငွေကျပ် ၁သောင်း ၂ ထောင်မှ စတင်ကာ VIP ၃သောင်းကျပ်နဲ့ VVIP ၅သောင်းကျပ် သတ်မှတ်ထားပါတယ်။

The post “Official ဂျိန်းစ်ဘွန်းရဲ့ အသက်အရွယ် ရောက်လာပြီ”လို့ ပြောတဲ့ စိုင်းစိုင်းခမ်းလှိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ