Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အနုပညာရှင်များစွာ နုတ်ထွက်တဲ့အတွက် Star Awards ရဲ့ Voting စနစ် ရပ်ဆိုင်း

$
0
0

မြန်မာနိုင်ငံ စာရေးဆရာများအသင်းမှ ဦးဆောင် ကျင်းပမယ့် Star Awards ချီးမြှင့်ပွဲကြီးမှာ ပေးအပ် ချီးမြှင့်မယ့် People’s Choice Award ၊ Popular Award တို့နဲ့ပတ်သက်ပြီး Voting စနစ်နဲ့ ပေးအပ်မယ့်အပေါ် ဆန်ခါတင် ရွေးချယ်ထားတဲ့ အနုပညာရှင်များက နုတ်ထွက်ခြင်းများ ပြုလုပ်တာ များပြားလာတဲ့အတွက် Star Award ရဲ့ Voting စနစ် ရပ်ဆိုင်းလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Star Awards ဆုချီးမြှင့်ပွဲကြီးမှာ ပေးအပ်ချီးမြှင့်မယ့် People’s Choice Award၊ Popular Award တို့အတွက် Voting စနစ်ကိုတော့ MPT , Telenor , Ooredoo , My Tel စတဲ့ အော်ပရေတာ အသုံးပြုသူများမှ SMS Voting စနစ်နဲ့ SMS တစောင် ၁၅ ကျပ်နှုန်း အကန့်အသတ် မရှိ Vote ပေး ရွေးချယ်ရမယ့် စနစ်ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆန်ခါတင် ပါဝင်နေတဲ့ အနုပညာရှင်များအနေနဲ့ မဲပေးရွေးချယ်ရမယ့်အပေါ် ပရိသတ်များအတွက် စဉ်းစားကာ မလိုလားတဲ့အတွက် အသီးသီး နုတ်ထွက်သွားကြတာပဲ ဖြစ်ပါတယ်။

အဆိုပါ Voting စနစ် စတင်တဲ့အချိန်မှာ ခီမောင်နှံလို့ ပရိသတ်များက ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့က စတင်နုတ်ထွက်ခဲ့ပြီး အဲဒီနောက်မှာတော့ သက်မွန်မြင့်၊ နေတိုး၊ အလင်းရောင်၊ ပိုင်ဖြိုးသု၊ လွှမ်းပိုင်၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ကျော်ထက်အောင်၊ ထွန်းထွန်းနဲ့ ကွယ်လွန်သူ (မင်းသွေး) အတွက်လည်း အစ်ကိုဖြစ်သူ နေတိုးမှ နုတ်ထွက်ကြောင်း တင်ခဲ့ပါတယ်။

Star Awards ပွဲ ကျင်းပမယ့် တာဝန်ရှိသူများဘက်မှ Star Awards ပွဲမှာ ပေးအပ် ချီးမြှင့်မယ့် Popular Award နဲ့ People’s Choice Award တို့အတွက် SMS Voting အစီအစဉ် ထည့်သွင်းခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ အနုပညာရှင်များကို တခါမက Vote အရေအတွက် ပေးနိုင်တာကြောင့် ဖြစ်ပြီး ငွေကြေး အကျိုးအမြတ် ရလိုမှုကြောင့် မဟုတ်ဘူးလို့ Star Awards Facebook Page မှာ ပြန်လည် တင်ထားပါတယ်။

ပရိသတ်များရဲ့ မဲပေးမှု SMS မှ ရရှိမယ့် ငွေကြေးများအား ရုပ်ရှင်လောကမှ အမေများအဖွဲ့ကို လှူဒါန်းသွားဖို့ စီစဉ်ထားပြီး ပရိသတ်များနဲ့ အနုပညာရှင်များက နားလည်မှု လွဲသွားခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

အနုပညာရှင်များစွာ နုတ်ထွက်ခဲ့ခြင်းကြောင့် Voting စနစ်ကို ဖျက်သိမ်းလိုက်ပြီး Facebook ပေါ်မှာ တင်ထားတဲ့ အနုပညာရှင်များရဲ့ မူရင်းပို့စ်ကိုသာ Like (မည်သည့် Reaction မဆို) ရရှိမှု ၁၀၀ ရာခိုင်နှုန်းဖြင့် ပွင့်လင်းမြင်သာစွာဖြင့် အားပေးကြရန်အတွက် ပြောင်းလဲလိုက်ပါတယ်။

Star Awards ရုပ်ရှင်ဆုမှာတော့ ဆုအရေအတွက် စုစုပေါင်း ၂၃ ဆု ပေးအပ်မှာဖြစ်ပြီး Popular Award နဲ့ People’s Choice Award ဆု ၂ ဆု အတွက်သာ ပရိသတ်အကြိုက် ရွေးချယ် ပေးနိုင်ရန် စီစဉ်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

The post အနုပညာရှင်များစွာ နုတ်ထွက်တဲ့အတွက် Star Awards ရဲ့ Voting စနစ် ရပ်ဆိုင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ