Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ချစ်သူ Alex Rodriguez နဲ့ စေ့စပ်လိုက်တဲ့ Jennifer Lopez

$
0
0

ကမ္ဘာကျော် အဆိုတော် Jennifer Lopez ဟာ ဘေ့စ်ဘောကစားသမားဟောင်း Alex Rodriguez နဲ့ တွဲနေတာ နှစ်နဲ့ ချီနေပါပြီ။ အခုတော့ သူတို့နှစ်ဦးဟာ လက်ထပ်ဖို့ စေ့စပ်မှုခဲ့ကြပြီးပြီလို့ ဆိုပါတယ်။

Lopez နဲ့ Rodriguez တို့ဟာ သူတို့စေ့စပ်လိုက်ပြီဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ နောက်ပိုင်းမှာ Instagram ကနေ အတည်ပြုခဲ့ကြတာပါ။ သူတို့နှစ်ဦးလုံးဟာ နေဝင်ချိန်မှာ သူတို့ရဲ့ လက်တွေကိုပြထားတဲ့ ဓာတ်ပုံ တပုံကို တင်ခဲ့ပြီး အဲဒီ ဓာတ်ပုံထဲမှာ Lopez ရဲ့ ကြီးမားတဲ့ စိန်လက်စွပ်ကြီးကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ကမ္ဘာကျော် အဆိုတော်၊ မင်းသမီး Jennifer Lopez ဟာ အဲဒီပုံမှာ အသည်းပုံ Emoji လေးတွေကိုသာ ရေးခဲ့ပြီး Rodriguez ကတော့ “သူက လက်ခံတယ်” လို့ ပြောတဲ့အကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ် Rodriguez နဲ့ ၄၉ နှစ်အရွယ် Lopez တို့ဟာ တွဲနေကြတာ အချိန် ၂ နှစ်လောက်တော့ ရှိနေပါပြီ။ NBC ကနေ ထုတ်လွှင့်နေတဲ့ အကပြိုင်ပွဲ World of Dance မှာ အမှုဆောင်ထုတ်လုပ်သူနဲ့ ဒိုင်အဖြစ်ဆောင်ရွက်နေတဲ့ Lopez ဟာ မြောက်အမေရိကတခွင်မှာ အခုနှစ်ကုန်ပိုင်း နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်သွားဖို့ရှိနေပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်အတွင်း လတ်စ်ဗေးဂတ်မြို့မှာ အခြေစိုက် ပြုလုပ်တဲ့ဖျော်ဖြေပွဲတွေကိုလည်း ကျင်းပနိုင်ခဲ့ပြီးဖြစ်ပါတယ်။

Lopez ဟာ အိမ်ထောင် ၃ ခါကျခဲ့ဖူးပါတယ်။ Ojani Noa ဆိုသူနဲ့ တကြိမ်၊ နောက်ခံအကသမား Cris Judd နဲ့ တကြိမ်၊ အဆိုတော် Marc Anthony နဲ့ တကြိမ် ကျခဲ့ဖူးပါတယ်။ နောက်ဆုံးအိမ်ထောင်နဲ့ အသက် ၁၁ နှစ်အရွယ် အမြွှာနှစ်ဦးရရှိခဲ့ပါတယ်။ မင်းသား Ben Affleck နဲ့လည်း ချစ်ကြိုးသွယ်ခဲ့ဖူးပါတယ်။

Rodriguez ဟာ ၂၀၁၆ ခုနှစ်မှာ New York Yankees အသင်းမှာ ကာလရှည်ကစားခဲ့ပြီးတဲ့နောက် မေဂျာလိဂ် ဘေ့စ်ဘောလောကနေ အနားယူခဲ့တာပါ။ သူဟာ Yankees အသင်းနဲ့ပဲ World Series ဆုတခုကို ရရှိခဲ့ပါတယ်။ သူဟာလက်ရှိမှာတော့ တိုက်ရိုက်လွှင့်ထုတ်တဲ့အစီအစဉ်မှာ ဘေ့စ်ဘောလေ့လာသုံးသပ်သူ တဦးအနေနဲ့ အလုပ်လုပ်နေပါတယ်။ အိမ်ထောင်တခါကျဖူးပြီး ဇနီးဟောင်း နဲ့ သမီးနှစ်ဦး ရရှိထားပါတယ်။

Ref: asiaone

The post ချစ်သူ Alex Rodriguez နဲ့ စေ့စပ်လိုက်တဲ့ Jennifer Lopez appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ