Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Netflix ရုပ်ရှင်မှာ တဦးကို ထိုင်းဘတ် ၃ သန်းစီ ရရှိကြမယ့် ထိုင်းတောဝက် အသင်းသားများ

$
0
0

၂၀၁၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံ၊ ထမ့်လုံဂူ (Tham Luang) လှိုဏ်ဂူထဲမှာ ပိတ်မိခဲ့တဲ့ ထိုင်းကျောင်းသားလူငယ် ဘောလုံးသမား ၁၃ ယောက်ကို ကယ်ဆယ်ခဲ့တဲ့ ကမ္ဘာကျော် ကယ်ဆယ်ရေးအကြောင်းကို Netflix မှ ရုပ်ရှင်ရိုက်ကူးသွားမယ်လို့ မတ်လ ၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဘန်ကောက်အမျိုးသားစာကြည့်တိုက်ရဲ့ အခမ်းအနားတခုမှာ ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးကနေ အတည်ပြုပြောကြားခဲ့ပါတယ်။

Netflix အနေနဲ့ ဒီကယ်ဆယ်ရေးအကြောင်းကို စီးရီးအဖြစ် ရိုက်ကူးမှာဖြစ်ပြီး ဟောလိဝုဒ်ရဲ့ SK Global Entertainment ကနေ ထုတ်လုပ်မှာဖြစ်ပါတယ်။ SK Global Entertainment ဟာဆိုရင် “Crazy Asian”, “9 and Half Weeks”, “Swimfan” နဲ့ “Age of Adeline” စတဲ့ ရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့ပါတယ်။

ရုပ်ရှင်ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးဖို့အတွက် ထိုင်းလူငယ်ဘောလုံးသမား ၁၃ ယောက်လုံးဆီကနေ သဘောတူခွင့်ပြုချက် ရရှိထားခဲ့ပြီး ဖြစ်တယ်လို့လည်း ထိုင်းအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Werachon Sukondhapatipak က အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် အဲဒီထိုင်းတောဝက် ဘောလုံးကစားသမား ၁၃ ယောက်လုံးဟာ တဦးကို ထိုင်းဘတ် ၃ သန်းစီ (အမေရိကန် ဒေါ်လာ ၉ သောင်းကျော်) ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရရှိမှာဖြစ်ပြီး ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေနဲ့ ဖောင်ဒေးရှင်းတွေအနေနဲ့လည်း ငွေကြေးပမာဏအချို့ ရရှိမယ်လို့ သိရပါတယ်။

ကစားသမား ၁၃ ယောက်ကိုယ်စား ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ Sirisak Kotpatcharin ကတော့ မူပိုင်ခွင့် ဥပဒေကြောင့် ကစားသမား ၁၃ ယောက်နဲ့ နည်းပြတို့ဟာ လှိုဏ်ဂူထဲမှာ ပိတ်မိနေခဲ့တဲ့အကြောင်းနဲ့ သူတို့ရဲ့ဖြတ်သန်းခဲ့ရပုံတွေကို ကုမ္ပဏီရဲ့ ခွင့်ပြုချက် မရဘဲ ဘယ်အင်တာဗျူးမှာမှ ဖြေဆိုခွင့် မရှိဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

ဆက်စပ် သတင်းလင်ခ့်များ

ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းချက် ၂၂ ခု ရရှိခဲ့တဲ့ တောဝက်အသင်းသားများ

ထိုင်းကလေးတွေနဲ့ နည်းပြအကြောင်း ရုပ်ရှင်ရိုက်ရန် ကုမ္ပဏီ ၁၂ ခု စိတ်ဝင်စားနေ

The Nation တွင် ရေးသားထားသော Netflix film on Tham Luang cave rescue to earn footballers Bt3m each  သတင်းအား ဆီလျော်အောင် ဘာသာပြန်ထားသည်။

The post Netflix ရုပ်ရှင်မှာ တဦးကို ထိုင်းဘတ် ၃ သန်းစီ ရရှိကြမယ့် ထိုင်းတောဝက် အသင်းသားများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ