Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သက်သေခံအဖြစ် တင်သွင်းထားတဲ့ ဗီဒီယိုဖိုင်များ၊ အသံဖိုင်များ စစ်ဆေးခဲ့တဲ့ ဝေဠုကျော်အမှု ရုံးချိန်း

$
0
0

ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရသော သရုပ်ဆောင်ဝေဠုကျော်ရဲ့ ၄ ကြိမ်မြောက် ရုံးချိန်းကို ယနေ့၊ မတ်လ ၈ ရက်နေ့၊ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ပြုလုပ်ခဲ့ပြီး တရားလိုပြသက်သေခံအဖြစ် တင်သွင်းထားတဲ့ ဗီဒီယိုဖိုင်များ၊ အသံဖိုင်များကို စစ်ဆေးခဲ့ပါတယ်။

တရားလိုဖြစ်သူ သင်းသင်းဘက်မှ မီဒီယာများကို အင်တာဗျူးဖြေဆိုထားတဲ့ Myanmar Celebrity မှ ဗီဒီဖိုင် ၂ ခု ၊ ပေါ်ပြူလာမှ ဗီဒီယိုဖိုင် ၁ ခု ၊ ဝေဠုကျော်နှင့် သင်းသင်းတို့ ဖုန်းပြောဆိုထားသော အသံဖိုင် ၁ ခုနှင့် ဝေဠုကျော်ရဲ့ ညီမဖြစ်သူနှင့် သင်းသင်းတို့ ဖုန်းပြောဆိုထားတဲ့ အသံဖိုင် ၁ ခုတို့ကို ဖွင့်လှစ် စစ်ဆေးခဲ့ပါတယ်။

“အသံဖိုင်က ၅ ခုပါ။ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို တင်သွင်းထားတဲ့ အသံဖိုင်တွေကို ဖွင့်နားထောင်တယ်။ ရေးထားတဲ့စာတွေကို တိုက်ကြည့်တယ်။ အငြင်းပွားမှု မရှိပါဘူး။ အားလုံးငြိမ်းငြိမ်းချမ်းချမ်းပဲ စစ်ရပါတယ်” လို့ တရားလိုဖြစ်သူရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ တပတ်ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ သင်းသင်းကို စတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ အသံဖိုင်များ ၊ ဗီဒီယိုဖိုင်များကို တရားလိုဖြစ်သူသင်းသင်းဘက်မှ တင်သွင်းခဲ့ရာ စွပ်စွဲခံရသူ ဝေဠုကျော်ဘက်မှ ကန့်ကွက်ခြင်း မရှိခဲ့တဲ့အတွက် ယနေ့မှ စတင် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

“ကျနော် လူတိုင်းပေါ်မှာ တတ်နိုင်သမျှ ကူညီတယ်။ လူတွေကို စိတ်ဓာတ်ခွန်အား ရှိလာအောင် ကူညီပံ့ပိုး ပေးတယ်။ နှုတ်နဲ့ဖြစ်စေ။ လူအားဖြင့်ဖြစ်စေ ကူညီပေးတယ်။ သူ့ဘက်က တင်ပြတဲ့ အဆင့်ပဲရှိပါသေးတယ်။ ကျနော့်ဘက်က ဘာမှတင်ပြရသေးတဲ့ အဆင့် မရှိသေးပါဘူး” လို့ ဝေဠုကျော်က ပြောပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့က စတင်တရားစွဲဆိုခဲ့သော အဆိုပါအမှုမှာတော့ ယနေ့တွင် ၂ လပြည့်ခဲ့ပြီဖြစ်ပြီး တရားရုံးဘက်မှ ချိန်းဆိုသမျှရုံးချိန်းတိုင်းကိုလည်း ၂ဖက်စလုံးမှ ယနေ့အချိန်ထိ မပျက်မကွက် လာရောက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ရက်နေ့မှာတော့ သင်းသင်းဘက်က ဝေဠုကျော်နဲ့ စတင်တွေ့ဆုံမှုမှ တရားစွဲဆိုမှုအထိ ဖြစ်ခဲ့ရတဲ့အကြောင်းအရာများကို တရားသူကြီးရှေ့မှောက်မှာ ထွက်ဆိုခဲ့ပါတယ်။ ယခုအချိန်မှာတော့ တရားလိုဖြစ်သူ သင်းသင်းကိုသာ စစ်ဆေးနေဆဲကာလဖြစ်ပြီး ဝေဠုကျော်ကတော့ သိန်း ၅၀ ဖြင့် အချုပ်လွတ်အာမခံဖြင့် ရုံးချိန်းများကို လာရောက်ကြားနာလျက် ရှိပါတယ်။

နောက်တကြိမ် ရုံးချိန်းကိုတော့ မတ်လ ၂၈ ရက်နေ့ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

The post သက်သေခံအဖြစ် တင်သွင်းထားတဲ့ ဗီဒီယိုဖိုင်များ၊ အသံဖိုင်များ စစ်ဆေးခဲ့တဲ့ ဝေဠုကျော်အမှု ရုံးချိန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ