Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အိန္ဒိယလေကြောင်းထိုးစစ်ကို ထောက်ခံခဲ့သော Priyanka Chopra ကို ကုလသံတမန်အဖြစ်မှ ဖယ်ရှားပေးရန် တောင်းဆို

$
0
0

ပါကစ္စတန်နိုင်ငံမှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ လေကြောင်းထိုးစစ်ကို ထောက်ခံခဲ့တာ ကြောင့် မင်းသမီး Priyanka Chopra ကို ကမ္ဘာကုလသမဂ္ဂရဲ့ သံတမန်ရာထူးကနေ ဖယ်ရှားပေးဖို့ လက်မှတ် ရေးထိုးတောင်းဆိုတဲ့ လှုပ်ရှားမှုမှာ လက်မှတ်ပေါင်း ၉ သောင်းလောက်ရနေပြီလို့ဆိုပါတယ်။

နာမည်ကျော် ဘောလိဝုဒ်မင်းသမီးက Twitter မှာ “အိန္ဒိယတပ်မတော် အောင်မြင်ပါစေ” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ့ပို့စ်မှာ အိန္ဒိယနိုင်ငံရဲ့ အလံနဲ့ ဆုတောင်းနေတဲ့ လက်လေးတွေပါတဲ့ emoji တွေကိုပါ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

မင်းသမီးရဲ့ ပါကစ္စတန်နိုင်ငံသား Twitter သုံးစွဲသူတွေကတော့ အဲဒီ့ပို့စ်နဲ့ ပတ်သက်လို့ တော်တော်လေးကို ဒေါသထွက် ခဲ့ကြပြီး Change.org ဝက်ဘ်ဆိုက်မှာ သူ့နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုကို ထောက်ခံတာကြောင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ရဲ့ ချစ်ကြည်ရေးသံတမန်အဖြစ်ကနေ ဖယ်ရှားပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုလာ ကြပါတယ်။

အဲဒီ့တောင်းဆိုမှုမှာ “Priyanka Chopra ဟာ ကုလသမဂ္ဂရဲ့ ချစ်ကြည်ရေးသံတမန်တဦး ဖြစ်ဖို့မထိုက်တန်ပါဘူး” လို့ ဆိုထားပါတယ်။

အဲဒီ့လက်မှတ်ရေးထိုးကောက်ခံမှုမှာ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့အထိတော့ လက်မှတ်ပေါင်း ၉ သောင်း ၃ ထောင်ကျော် ရရှိထားပြီး ဖြစ်တယ်လို့လည်းဆိုပါတယ်။ သူ့ရဲ့တိုင်းပြည်ဖြစ်တဲ့ အိန္ဒိယအတွက် အမျိုးသားရေး စိတ်ဓာတ်ကို ဖော်ပြဖို့ ကြိုးစားတဲ့အနေနဲ့ သူဟာ ပါကစ္စတန်ပိုင်နက်အတွင်းကို အိန္ဒိယလေတပ်ရဲ့ ချိုးဖောက်ဝင်မှုအတွက် ထောက်ခံကြောင်း Twitter မှာ ရေးသားခဲ့တာဖြစ်ပါတယ် လို့လည်း အဲဒီ့ လက်မှတ်ရေးထိုး ကောက်ခံမှုမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မင်းသမီးဟာ ပါကစ္စတန်ကို တိုက်တဲ့ စစ်ပွဲအတွက် ကြိုးပမ်းမှုကို ဂုဏ်ပြုကြောင်း တင်ခဲ့တာဖြစ်တဲ့ အတွက် သူ့လိုမျိုး ကမ္ဘာတဝန်းမှာ နောက်လိုက်တော်တော်များများရှိတဲ့သူတယောက်အနေနဲ့ စစ်ပွဲဆိုတာ တဖက်နဲ့ တဖက်အနိုင်ရရှိရုံနဲ့ အဖြေတခုဘယ်တော့မှရလာမှမဟုတ်ဘူးဆိုတာ သိရမယ်လို့လည်း ဝေဖန်သူတွေက ဆိုပါတယ်။

နှစ်နိုင်ငံကြား နယ်စပ်ဒေသမှာ နေထိုင်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံသားတွေရဲ့ အသက်ကို အဲဒီ့စစ်ပွဲက ဖျက်ဆီးပစ်နိုင်တယ်လို့လည်း ဆိုပါတယ်။ မင်းသမီးဟာ ကလေးငယ်များဆိုင်ရာ ချစ်ကြည်ရေးသံတမန်အဖြစ် ၂၀၁၆ ခုနှစ်ကတည်းက တာဝန်ယူထားတာဖြစ်ပါတယ်။

Ref:aceshowbiz

The post အိန္ဒိယလေကြောင်းထိုးစစ်ကို ထောက်ခံခဲ့သော Priyanka Chopra ကို ကုလသံတမန်အဖြစ်မှ ဖယ်ရှားပေးရန် တောင်းဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ