Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဝတ်လစ်စလစ်သရဲအဖြစ် သရုပ်ဆောင်မယ့် အလှမယ်ရွှေအိမ်စည်

$
0
0

အလှမယ် ရွှေအိမ်စည်က မကြာခင်ရိုက်ကူးမယ့် “The Naked Ghost @စွဲ”ရုပ်ရှင်ကားကြီးမှာ ပထမဆုံးခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဝတ်လစ်စလစ်သရဲအဖြစ်သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်နဲ့ပတ်သက်ပြီးရွှေအိမ်စည်က အခုလိုဆိုပါတယ်။

” ဝေဖန်မှုကတော့ရှိမှာပဲ။ သေချာပေါက်ရှိမှာ။ ကောင်းတဲ့ကားတွေရိုက်နေတာတောင်မှ ဝေဖန်ခံနေရတာဆိုတော့လေ။ ဒီကားက ပက်ပက်စက်စက်ဝေဖန်ခံရမှာ ၊ အိမ်စည်က အဓိကပေါ့နော်။ အဲဒါကလည်းမှန်းထားပြီးသားပါ။ နည်းနည်းလေးပေါ်တာတောင်မှ ပြောနေတဲ့ခေတ်ကြီးမှာလေ။ ဒီဇာတ်လမ်းမှာက အဝတ်မပါတဲ့သရဲဆိုတော့ သေရောလေ။ အိမ်စည်ကတော့ အဲဒီအပိုင်းကို ဂရုမစိုက်တော့ဘူး။ အနုပညာလို့ပဲ မြင်ထားတယ်။”

“အနုပညာအရလုပ်တယ်။ ဇာတ်လမ်းအရ လုပ်မှာဆိုတော့ ကိုယ့်ဘက်က ရှင်းပြစရာမလိုတော့ဘူး။ အိမ်စည်သဘောကျလို့ ရိုက်တာ။ မကြိုက်ရင်မကြည့်နဲ့”လို့ အလှမယ် ရွှေအိမ်စည်က ဧရာဝတီကိုပြောပါတယ်။

“The Naked Ghost @ စွဲ”ရုပ်ရှင်ကားကြီး လက်ခံလိုက်မိချိန်က ခံစားချက်ကိုလည်း အခုလိုပြောပြပါတယ်။

“အိမ်စည်က အကုန်လုံးကိုသိရှိနားလည်ပြီးတော့မှ လက်ခံလိုက်တာ။ ဘယ်လိုပုံစံလဲဆိုတာကို ကိုငြိမ်းချမ်းကျော်က သေချာလာရှင်းပြတယ်။ အဲဒီအချိန်မှာပဲ အရမ်းသဘောကျသွားတာ။ အိမ်စည်က အခုမှသရုပ်ဆောင်ကို စဝင်ကာစဆိုတော့လေ။ အဲဒီလိုကာရိုက်တာကြီးလုပ်ရမှာ တခုခုမဖြစ်ဘူးလားပေါ့နော်။ အိမ်စည်က မဖြစ်ဘူးလို့။ သဘောကျတယ်လို့။ အဲဒီကာရိုက်တာမျိုး အရမ်းလုပ်ချင်တာလို့”

“ ဒီလောကမှာက အယူရှိတယ်လေ။ စဝင်ကာစဆိုရင် လှလှလေးဝင်တာတို့၊ ဇာတ်ရုပ်လှလှလေးတွေပဲ စရိုက်တာတို့၊ ဗီလိန်ကာရိုက်တာတွေ မလုပ်ဖို့တို့ ၊ပရိသတ်သနားမယ့် ကာရိုက်တာမျိုးတွေပဲ စဉ်းစားတတ်ကြတာလေ။ အိမ်စည်က အဲ့ဒီလိုမျိုးမစဉ်းစားဘူး။ ကြိုက်လည်းမကြိုက်ဘူး။ ဒီကာရိုက်တာမျိုးပဲကြိုက်တယ်၊ လုပ်မယ်ဆိုပြီး လုပ်ဖြစ်သွားတာ”လို့ ဆိုပါတယ်။

ဒီဇာတ်ကားမှာ The Naked Ghost ဖြစ်နေတဲ့အတွက် ခန္ဓာကိုယ်ကြံ့ခိုင်လှပမှုကို အဓိကပြင်ဆင်သွားမယ်လို့လည်း ရွှေအိမ်စည်က ဆိုပါတယ်။

“Gym တွေကစားရတော့မယ်လေ။ ဗိုက်တွေချရတော့မယ်လေ။ Gym နှစ်လမကစားမိတဲ့ အကျိုးကျေးဇူးတွေက အခုပြန်ကစားရတော့မယ်။ လှအောင်ပြန်လုပ်ရတော့မှာပေါ့။ ဇာတ်ကောင်အရ အဝတ်အစားမပါဘူးဆိုတော့ အဝတ်အစားနဲ့ထိန်းလို့မရတော့ဘူး။ ကိုယ့် Body နဲ့ပဲထိန်းရတော့မှာပေါ့”လို့ရွှေအိမ်စည်က ဆိုပါတယ်။

တခါမလုပ်ဖူးတဲ့ဇာတ်ရုပ်၊ ပထမဆုံးခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရမယ့်ရုပ်ရှင်အတွက် ခံစားမှုအပိုင်းကိုလည်း အခုလိုဆိုပါတယ်။

“စိတ်ဖိစီးတာတော့မရှိဘူး။ အိမ်စည်ကပျော်တယ်။ ကိုယ်တခါမှမလုပ်ဖူးတဲ့ အလုပ်တခုပေါ့နော်။ ကိုယ့်အလုပ်ကလေးကို Suprise ဖြစ်နေတော့ ကောင်းတာပေါ့နော်။ မိတ်ကပ်အစမ်းလိမ်းကြည့်ရမှာဆိုတော့ အဲဒါတွေလည်း သဘောကျတယ်။ သူတို့က Detail လုပ်မှာလေ။ ဒီကားက အိမ်စည့်အလှကတ်ထက်စာရင် သရဲခန်းက ပိုများတယ်။ အဲဒါကိုပိုသဘောကျတယ်။ Make up Effect တွေနဲ့သွားမှာဆိုတော့လေ။ ဟိုနေ့က အိမ်စည်ဇာတ်ညွှန်းဖတ်လိုက်တာ အိမ်စည်စကားပြောရမယ့်အ ခန်းက သုံး၊ လေးခွန်းလောက်ပဲ။ ပြောရမယ့်အခန်းကလည်း ‘သြော်’၊’အင်း’ ဒါနဲ့ပဲပြီးမှာ”

“Facial Expression ကတော့များတယ်။ အဲဒါကတော့ အိမ်စည်က ကိုငြိမ်းချမ်းကျော်နဲ့ရော၊ဒ ါရိုက်တာနဲ့ရော Crew အဖွဲ့တွေနဲ့ရောတိုင်ပင်ပြီးမှ လုပ်ရမှာပေါ့နော်။ Guide Line တွေအများကြီး လိုပါတယ်” လို့ ဖြေပါတယ်။

ဒီဇာတ်ကားမှာအိမ်စည်က ဇာတ်လမ်းအရ ဝတ်လစ်စလစ်သရဲမလေးဆိုပေမယ့် အသားကပ်ဝတ်စုံ၊ ကင်မရာလှည့်ကွက်တွေနဲ့ သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ အသားကပ်ဝတ်စုံတစုံနဲ့ ပြည်ပနိုင်ငံများအထိသွားမယ့် ရုပ်ရှင်အပေါ်စိတ်ခံစားမှု ကိုလည်း ရွှေအိမ်စည်က အခုလိုပြောပါတယ်။

“စိတ်လှုပ်ရှားတယ်။ ကိုယ့်ရဲ့ဝတ်လစ်စလစ်ပုံကို ဆယ်နိုင်ငံက မြင်ကြမှာဆိုတော့လေ။ မြန်မာနိုင်ငံကလူတွေအပါအဝင်ပေါ့”လို့ ဆိုပါတယ်။

ဒီဇာတ်ရုပ်နဲ့ပတ်သက်ပြီး အားပေးမှု၊ဝေဖန်မှုတွေအပေါ်မှာလည်း “အိမ်စည့်အမြင်ကတော့လေ အမြင်ကျယ်တဲ့သူကတော့အားပေးမှာပဲ။ မကြိုက်တဲ့သူကလည်း ရှိမှာပဲလေနော်။ ဒီမှာကတော့ အဆဲသန်တဲ့လူသားများဆိုတော့ အိမ်စည်မသိဘူး၊ ဘယ်လိုလာမလဲဆိုတာကိုတော့။ ဒါပေမယ့် အဲဒီအတွက် အသင့်ပြင်ထားတယ်”

“ အိမ်စည်အနေနဲ့ ဒီကားကိုစလက်ခံမိတဲ့အချိန်မှာလေ ဘယ်လိုခံယူထားလဲဆိုတော့ တိုက်ခိုက်မှုတွေရှိလည်း ကိုယ့်ကိုအားပေးသူတွေအတွက် လုပ်တာ၊ အားမပေးသူတွေအတွက်လုပ်တာမဟုတ်ဘူး။ အားမပေးသူတွေကို Entertain လုပ်စရာမလိုဘူးလို့တွေးထားတယ်။ အိမ်စည်ကိုမကြိုက်ဖူးဆိုလည်း မကြည့်နဲ့ပေါ့။ ကြိုက်တဲ့သူတွေ လာကြည့်ကြပေါ့”လို့ ဧရာဝတီကိုပြောပါတယ်။

The post ဝတ်လစ်စလစ်သရဲအဖြစ် သရုပ်ဆောင်မယ့် အလှမယ်ရွှေအိမ်စည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ