Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အပျိုကြီး မလုပ်ပါဘူး၊ အိမ်ထောင်ပြုဖို့ ဆန္ဒ ရှိပါတယ်”လို့ ပြောတဲ့ အေးမြတ်သူ

$
0
0

သရုပ်ဆောင် အေးမြတ်သူကတော့ သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် သူထူးစံနဲ့ ထိုက်ဆုဝင်းတို့ရဲ့ မင်္ဂလာပွဲကို ကူညီပေးခဲ့ပြီး သူမအနေနဲ့ အိမ်ထောင်ပြုဖို့ စိတ်ဆန္ဒရှိပြီး အပျိုကြီးလုပ်ဖို့တော့ မရှိဘူးလို့ ဆိုပါတယ်။

“အချစ်ရေးကတော့ လိုပါသေးတယ်။ အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ ဘာမှထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ ခုချိန်မှာတော့ သူများမင်္ဂလာပွဲတွေကို တက်ပြီး အားပေးစကားတွေ ပြောနေရတဲ့ အချိန်ပါပဲ။ အချစ်ရေးကိုလည်း ပရိသတ်တွေက စိတ်ဝင်စားကြတယ်”

“အရင်တုန်းက ပရိသတ်တွေက အိမ်ထောင်မပြုစေချင်ဘူး။ အခု အိမ်ထောင်ပြုပြီး ပျော်ရွှင်တဲ့ မိသားစုဘဝလေး ထူထောင်စေချင်လာကြတယ်။ အေးမြတ်သူကလည်း အဲ့လိုမျိုး ပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို လိုချင်တယ်ရှင့်။ အိမ်ထောင်ပြုဖို့တော့ စိတ်ဆန္ဒ ရှိပါတယ်။ အပျိုကြီးလုပ်ဖို့တော့ မရှိပါဘူး။ အေးမြတ်သူ ဘယ်အရွယ်မှာ အိမ်ထောင်ပြုမယ်ဆိုပြီး မရှိဘူး။ အိမ်ထောင်ပြုတာ အသက်နဲ့ အဓိက မကျပါဘူးလို့ ခံစားထားတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

“အိမ်ထောင်ဘက်က ပိုက်ဆံရှိတယ်၊ အရမ်းချမ်းသာတယ်ဆိုတာထက် ပညာဉာဏ် ရှိစေချင်တယ်။ အဆိုး၊ အကောင်းကို ခွဲခြားနိုင်တယ်။ ဘာသာတရား လက်ကိုင်ထားပြီး အကောင်းမြင်တတ်သူကို အေးမြတ်သူ ရွေးချယ်မယ်။ အဲ့လို လူမျိုးကိုရွေးချယ်မယ်”လို့ အေးမြတ်သူက ဆိုပါတယ်။

ခရီးသွား Program တွေလည်း ရိုက်တဲ့ အေးမြတ်သူက လတ်တလောမှာတော့ ခရီးတွေသွားပြီး ဇာတ်ကားတွေ ရိုက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

“လတ်တလောတော့ ခရီးတွေသွားပြီး ဇာတ်ကားတွေ ရိုက်ဖို့ ရှိတယ်။ အေးမြတ်သူတို့က ဇာတ်ကို အရမ်းရွေးချယ်ခွင့်တော့ မရှိဘူး။ ဒါပေမယ့် ကာရိုက်တာပိုင်းကို အရင်ကထက်ပိုပြီးတော့ ဂရုစိုက်လာ ရတယ်။ အရင်ကဆိုရင် ကားတော်တော်များများ လက်ခံ ရိုက်ကူးတယ်။ အခုနောက်ပိုင်းတော့ ကာရိုက်တာကို ရွေးချယ် လာတယ်။ ကာရိုက်တာ ရွေးချယ်တာကလည်း ပရိသတ်တွေ သရုပ်ဆောင်မှုအပေါ် ရသ ထပ်မနေဘဲ တမျိုးပြီးတမျိုး ခံစားရအောင် ကာရိုက်တာ ရွေးချယ်မှုအပိုင်းကိုတော့ အလေးပေးပြီးလုပ်နေတယ်လို့ပြောရမယ်ပေါ့”

“အကယ်ဒမီပေးပွဲလည်း တက်မှာပါ။ အရင်ကတည်းက အရမ်းကို သဘောကျတယ်။ နိုင်ငံခြား သွားစရာ မရှိရင် တက်ပါတယ်။ ငယ်ငယ်ကတည်း တီဗီမှာကြည့်ခဲ့ရပြီး အခုတော့ ကိုယ်တိုင် တက်ခွင့်ရတဲ့အတွက် အဲဒါကို ဘယ်တော့မှ လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ ကားတွေ အရမ်းကောင်းတော့ အကုန်လုံးအတွက် ရင်ခုန်ပါတယ်။ စီးရီးတွဲတွေကလည်း ၂ ကားလောက် ပြဖို့ ရှိပါဦးမယ်။ စီးရီးတွဲတွေကြောင့် ပရိသတ်က ပိုပြီးချစ်လာကြပြီး ပရိသတ် ပိုလက်ခံလာကြတာ အဲ့စီးရီးတွဲတွေကြောင့် ပါတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

အေးမြတ်သူဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ် အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုရင်တော့ အသက် ၃၃ နှစ်ကျော်ပြီဖြစ်ပြီး ရုပ်ရှင် ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်းများစွာတို့ကို ရိုက်ကူးထားတဲ့ သရုပ်ဆောင် တယောက် ဖြစ်ပါတယ်။

The post “အပျိုကြီး မလုပ်ပါဘူး၊ အိမ်ထောင်ပြုဖို့ ဆန္ဒ ရှိပါတယ်”လို့ ပြောတဲ့ အေးမြတ်သူ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ