Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

စေ့စပ်ပါတီပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ Orlando Bloom နဲ့ Katy Perry

$
0
0

အသက် ၄၂ နှစ်အရွယ် မင်းသား Orlando Bloom နဲ့ အသက် ၃၄ နှစ်အရွယ်အဆိုတော် Katy Perry တို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ စေ့စပ်လိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ပြီးတော့ သူတို့ရဲ့ အချစ်ရေး သမိုင်းမှတ်တိုင်သစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့စုံတွဲနှစ်ဦးကို မိသားစုတွေနဲ့ သူငယ်ချင်းတွေက ဆုမွန်ကောင်း တောင်းနိုင်မယ့် ပွဲတခုကိုပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်တခုကတော့ “သူတို့နှစ်ဦးဟာ စေ့စပ်လိုက်တဲ့ကိစ္စအတွက် ပျော်ရွှင်ဖို့ ဂုဏ်ပြုကျင်းပဖို့ အလုပ်ရှုပ် နေတုန်းပါ။ လက်ထပ်ဖို့ အစီအစဉ်ကတော့ အခုအထိ မပြောသေးပါဘူး။ သူတို့ဟာသူတို့ရဲ့ သူငယ်ချင်းအားလုံးအတွက် ကြီးမားတဲ့စေ့စပ်ပွဲပါတီတခုကို ပြုလုပ်ဖို့ စီစဉ်နေပါတယ်” လို့ People မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။

‘Roar’ သီချင်းအဆိုတော် Katy က Pirates of the Caribbean’ မင်းသား Orlando ဆီကနေ လက်ထပ်ခွင့် တောင်းခံခဲ့ရတဲ့အချိန်မှာ တော်တော်လေးကို ပျော်ရွှင်ခဲ့ရတယ်လို့ဆိုပါတယ်။

အတွင်းသတင်းတခုက “Katy ဟာ အရမ်းအံ့သြသွားပြီး ပျော်ရွှင်လွန်းလို့ တုန်ရီနေပါတယ်” လို့ဆိုပါတယ်။ ဇနီးဟောင်း Miranda Kerr နဲ့ ရရှိထားတဲ့ အသက် ၈ နှစ်အရွယ် Flynn လို့ခေါ်တဲ့သားရဲ့ ဖခင် Orlando ဟာ ပုံမှန်အတိုင်းပဲ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပြီး အဲဒီ့နောက်မှာတော့ Katy ရဲ့ မိဘခွင့်ပြုချက်ကိုလည်း တောင်းခံခဲ့တယ်လို့ဆိုပါတယ်။

Katy ရဲ့ မိသားစုဟာ Orlando က လက်ထပ်ခွင့်တောင်းခဲ့ပြီဆိုတာကို သိခဲ့ပါတယ်။ အဲဒါမတိုင်ခင်မှာ ခွင့်ပြုချက်လည်း တောင်းခဲ့ပါတယ်။ Orlando ဟာ သူ့ဘဝအတွက် မှန်ကန်တဲ့အမျိုးသားတယောက်လို့ ယုံကြည်တဲ့အကြောင်းလည်း သတင်းရင်းမြစ်တခုကဆိုပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၁၇ ခုနှစ်မှာ လမ်းခွဲခဲ့ဖူးပြီး ပြီးခဲ့တဲ့နှစ်မှာ အချစ်ဇာတ်လမ်းပြန်ဆက်ခဲ့ကြတာဖြစ်ပါတယ်။

လက်ထပ်ဖို့ မစီစဉ်ရသေးပေမယ့် လက်ထပ်ပွဲအတွက် အကြီးအကျယ်မျှော်လင့်ထားပြီး သူတို့ရဲ့ ဘဝသက်တမ်း တလျှောက်လုံးမှာ အပျော်ရွှင်ရဆုံးနေ့ ဖြစ်လာမယ်လို့ စိတ်ကူးယဉ်နေကြတာပါ။ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခွင့် တောင်းခဲ့ပေမယ့် Katy ဘက်က လက်မခံခဲ့ဘူးလို့ဆိုပါတယ်။

Ref: asiaone

The post စေ့စပ်ပါတီပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ Orlando Bloom နဲ့ Katy Perry appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ