Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အက်ရှင်ခန်းတွေမှာ ကားပေါ်က အခါ ၃၀ နီးပါး ခုန်ဆင်းပြီး ရိုက်ခဲ့ရတယ်လို့ လင်းအောင်ခေတ် ပြော

$
0
0

ဟောင်ကောင်ရုပ်ရှင် “Line Walker – 2” မှာ ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့ သရုပ်ဆောင် လင်းအောင်ခေတ်က ရိုက်ကွင်းပေါ်က အတွေ့အကြုံတွေမှာ ကားပေါ်က ခုန်ဆင်းတဲ့ အခန်းတင် အခေါက် ၃၀ နီးပါး လုပ်ခဲ့ရတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော် Line Walker ဇာတ်ကားမှာ အထူရဲတပ်ဖွဲ့ တယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ပါဝင်ဖြစ်တာကတော့ Casting ဝင်ကြည့်ပါလားဆိုနဲ့ ဝင်ကြည့်တာ Casting အောင်သွားတော့ ပါလာတာပါ။ ဒီဇာတ်ကားက အသေအချာ ရိုက်တာ။ ကျနော်တို့ဆို ကားပေါ်က ခုန်ဆင်းရတာ အခါ ၃၀ လောက် ရှိတယ်။ ပင်ပန်းတယ်။ ပါဝင်သရုပ်ဆောင်ရတာ ရင်ခုန်တာတွေ စိတ်လှုပ်ရှားတာတွေ မရှိဘူး။ လှုပ်ရှားနေတာနဲ့တင် မောနေတာနဲ့တင် ရင်ခုန်စိတ်လှုပ်ရှားဖို့ အချိန်မရှိဘူး”လို့ လင်းအောင်ခေတ်က ပြောပါတယ်။

“ကျနော်က အတွေ့အကြုံရယ်၊ ပညာရယ် ရချင်လို့ ဝင်ပါတာပေါ့။ အခု မြန်မာနိုင်ငံကိုယ်စားပြု ရဲတယောက်အနေနဲ့ ပါဝင်ခွင့်ရတာ ကိုယ့်ပေါ်တာဝန်ရှိတယ်လို့ ခံစားရတယ်။ သူတို့တွေက အကုန်အကျတွေ အရမ်းခံတယ်။ သေချာ စေ့စေ့စပ်စပ် ရိုက်တယ်။ မကြိုက်မချင် းရိုက်တယ်။ သေသေချာနဲ့ လူတွေ အများကြီး သုံးနိုင်တယ်။ မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာအထိ သွားလို့ရတဲ့ ရုပ်ရှင်ကားတွေရှိရင် ဒီနိုင်ငံလည်း ရိုက်နိုင်ပါတယ်”လို့ လင်းအောင်ခေတ်က ဆိုပါတယ်။

ဆက်လက်ပြီး “အဲ့လိုရိုက်ရင် ဝင်ငွေတွေ တိုးတက်နိုင်ပါတယ်။ သူတို့က အကုန်ပြင်ဆင်ပေးပြီးသား။ ရဲနေရာက ပါရမယ်ဆို မင်းရှိတာသာ ဝတ်လာခဲ့။ ဒီမှာ အကုန်စီစဉ်ပေးပြီးသားတဲ့။ ဆံပင်ညှပ်ဆရာက အစ ပါတယ်။ အရမ်းကောင်းတဲ့ ကားကောင်းတကား ဖြစ်အောင် သူတို့တွေ ဖန်တီးကြတယ်”လို့ လင်းအောင်ခေတ်က ပြောပါတယ်။

“Line Walker – 2” ရုပ်ရှင်ကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး ဒီဇာတ်ကားဟာ ကမ္ဘာကျော် ဟောင်ကောင် အက်ရှင်ဇာတ်ကားတကား ပါတယ်။ ဒီရုပ်ရှင်မှာ ဟောင်ကောင် နာမည်ကျော် သရုပ်ဆောင်များ ပါဝင်ပြီး မြန်မာနိုင်ငံမှ အနုပညာရှင်တွေအနေနဲ့ သရုပ်ဆောင် အောင်မြင့်မြတ်နဲ့ လင်းအောင်ခေတ်တို့ ပါဝင် သရုပ်ဆောင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

လင်းအောင်ခေတ်ဟာ အနုပညာလောကထဲကို မော်ဒယ်တယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့သူပါ။ သူ့ကိုတော့ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာ ဖြစ်ပါတယ်။

The post အက်ရှင်ခန်းတွေမှာ ကားပေါ်က အခါ ၃၀ နီးပါး ခုန်ဆင်းပြီး ရိုက်ခဲ့ရတယ်လို့ လင်းအောင်ခေတ် ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ