Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ရုပ်ရှင်ရုံမှာ ကြည့်နိုင်တဲ့ ရုပ်ရှင်များကို ပိုမိုဖန်တီးကြရန် Steven Spielberg တိုက်တွန်း

$
0
0

Streaming Service လိုမျိုး အွန်လိုင်းရှိရုံနဲ့ ရုပ်ရှင်ကြည့်နိုင်တဲ့ ဝန်ဆောင်မှုတွေကြောင့် ဝါရင့် ဒါရိုက်တာကြီး Steven Spielberg က ရုပ်ရှင်ရုံတွေမှာ ပြသနိုင်တဲ့ ရုပ်ရှင်တွေကို ဖန်တီးကြဖို့ ဒါရိုက်တာတွေကို တိုက်တွန်းလိုက်ပါတယ်။

Cinema Audio Society ရဲ့ CAS ဆုပေးပွဲမှာ ရုပ်ရှင်ဖန်တီးသူဆုကို လက်ခံရယူချိန်မှာ အသက် ၇၂ နှစ်အရွယ် ဒါရိုက်တာကြီးက အခြား ဒါရိုက်တာတွေအနေနဲ့ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ရတဲ့ အတွေ့အကြုံကို ပရိသတ်တွေထံ ဆက်လက် ထောက်ပံ့ပေးသင့်တယ်လို့ ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ဒါရိုက်တာကြီးက “ရုပ်ရှင်ကို ရုပ်ရှင်ရုံမှာကြည့်ရတဲ့ အတွေ့အကြုံကို ပရိသတ်တွေဆီကို ပေးနိုင်ဖို့ ရုပ်ရှင်ဖန်တီးသူတွေအနေနဲ့ အကောင်းဆုံး ဖြန့်ဖြူးမှုတွေ လုပ်နိုင်မယ်လို့ ကျနော် တကယ့်ကိုပဲ မျှော်လင့်ပါတယ်။ ရုပ်ရှင်ရုံတွေဟာ ထာဝရ တည်ရှိနေဖို့ လိုအပ်တယ်လို့ ကျနော် ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်”လို့ ဆိုပါတယ်။

အွန်လိုင်းကနေ ရုပ်ရှင်ကြည့်နိုင်တဲ့ ဝန်ဆောင်မှုဟာလည်း ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ရတဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်လို့မရပေမယ့် ရုပ်သံတွေကနေ ရုပ်ရှင်ပြနိုင်တာကိုလည်း ချီးကျူး ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အွန်လိုင်းကနေ ရုပ်ရှင်ကြည့်နိုင်တဲ့ ဝန်ဆောင်မှု နာမည်ကိုတော့ ထုတ်ပြောခဲ့တာ မရှိပါဘူး။

ဒါရိုက်တာကြီး Spielberg က “ကျနော် ရုပ်သံကို ချစ်ပါတယ်။ အခွင့်အလမ်းကိုလည်း ချစ်ပါတယ်။ ရုပ်ရှင်အတွက် အကောင်းဆု ေးရေးသားဖန်တီးမှုလည်း ဒီနေ့မှာ ရှိနေပါပြီ။ ရုပ်သံအတွက် အကောင်းဆုံး ရိုက်ကူးမှုတွေလည်း ရှိနေပါပြီ။ ဒီနေ့မှာ အကောင်းဆုံး ဖျော်ဖြေမှုအချို့လည်း ရှိနေပါပြီ”လို့ ဆိုပါတယ်။

“သမိုင်းတလျှောက်မှာ အိမ်မှာ ကြားရတဲ့အသံက ပိုကောင်းပေမယ့် မဲမှောင်နေတဲ့ ရုပ်ရှင်မှာ တွေ့ရမယ့် အတွေ့အကြုံဟာ နှိုင်းယှဉ်လို့မရနိုင်အောင်ပါပဲ။ ဒါက ကျနော်တို့ တကယ်ယုံကြည်တာပါ”လို့ ဆိုပါတယ်။

ဒါဟာ ဒါရိုက်တာကြီးအနေနဲ့ အွန်လိုင်းကနေ ရုပ်ရှင်ကြည့်နိုင်တဲ့ ဝန်ဆောင်မှုတွေကို ဆန့်ကျင်ပြောကြားတာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အွန်လိုင်း ဝန်ဆောင်မှုမှာ တင်ခဲ့တဲ့ ရုပ်ရှင်များမှာလည်း အော်စကာ အစား အမ်မီဆုအတွက် ယှဉ်ပြိုင်သင့်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

Ref: ptinews

The post ရုပ်ရှင်ရုံမှာ ကြည့်နိုင်တဲ့ ရုပ်ရှင်များကို ပိုမိုဖန်တီးကြရန် Steven Spielberg တိုက်တွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ