Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဘတ်ဂျက် ပြဿနာကြောင့် ရိုက်ကူးရေး နောက်ဆုတ်သွားတဲ့ “World War Z”နောက်ဆက်တွဲရုပ်ရှင်

$
0
0

စီစဉ်ထားပြီးဖြစ်တဲ့ “World War Z” နောက်ဆက်တွဲရုပ်ရှင်ဟာ ခန့်မှန်းထားတာထက် ပိုပြီး နောက်ဆုတ်သွားပြီ ဖြစ်ပါတယ်။ အဆိုပါ ဒုတိယမြောက်ရုပ်ရှင်ဟာ အခုနွေရာသီကာလမှာ ထုတ်လုပ်ရေး လုပ်ငန်းတွေ စတင်ဖို့ ခန့်မှန်းထားခဲ့ပေမယ့် ဘတ်ဂျက် ပြဿနာတွေကြောင့် တချို့အစီအစဉ်တွေကို ရွှေ့ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။

“The Social Network” နဲ့ “House of Cards” ရုပ်ရှင်တို့ရဲ့ ဒါရိုက်တာ David Fincher က အခုရုပ်ရှင်ရဲ့ ထုတ်လုပ်ရေးအဖွဲ့ကို ဦးဆောင်ပြီး Plan B အနေနဲ့ ဒီ “World War Z” ရုပ်ရှင်ကို ရိုက်ကူးဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ Deadline မီဒီယာရဲ့အဆိုအရ ရုပ်ရှင်ကို ပြန်ပြီး ရိုက်ဦးမှာလား ဒါမှမဟုတ် မရေမရာအခြေအနေမျိုးနဲ့ ရပ်ဆိုင်းလိုက်ပြီလားဆိုတာ မသေချာသေးဘူးလို့လည်း သိရပါတယ်။

အခုရုပ်ရှင်အသစ်မှာလည်း ၂၀၁၀ ခုနှစ်တုန်းက ဒါရိုက်တာ Fincher နဲ့အတူ “The Curious Case of Benjamin Button” မှာ ပါဝင်ခဲ့တဲ့ မင်းသား Brad Pitt က အရင် ပထမဆုံးရုပ်ရှင်မှာလိုပဲ ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ တကယ်တော့ ပထမဆုံး “World War Z” ရုပ်ရှင်ဟာ ရုံဝင်ငွေစာရင်းမှာ အောင်မြင်မှုရခဲ့တာပါ။

ကုန်ကျစရိတ် ဒေါ်လာ သန်း ၁၅၀ ရှိပေမယ့် ဝင်ငွေ ဒေါ်လာ သန်း ၅၄၀ ပြန်ရခဲ့ပါတယ်။ ဒါပေမဲ့လည်း ဇာတ်ညွှန်းကို ပြန်ရေးပြီး ထုတ်လုပ်ရေး လုပ်ရတာနဲ့ မာကတ်တင်း ကုန်ကျစရိတ်တွေကြောင့် တကယ့်ရုပ်ရှင်က ငွေမကုန်သင့်ပဲ ကုန်ခဲ့ရပါတယ်။

မူရင်းရုပ်ရှင်မှာတော့ မင်းသား Brad Pitt နဲ့ မင်းသမီး Mireille Enos တို့က ပါဝင်ထားကြပါတယ်။ “Doctor Who” စီးရီးစတား Peter Capaldi နဲ့ Agents of S.H.I.E.L.D. စီးရီးစတား Ruth Negga တို့က WHO အဖွဲ့ရဲ့ ဆရာဝန်တွေ အဖြစ် ပါဝင်ထားကြပါတယ်။

Ref: etcanada

The post ဘတ်ဂျက် ပြဿနာကြောင့် ရိုက်ကူးရေး နောက်ဆုတ်သွားတဲ့ “World War Z” နောက်ဆက်တွဲရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ