Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အလှမယ် ရွှေအိမ်စည်နဲ့ ဒေါ်စိုးယုဝေတို့ရဲ့ တတိယအကြိမ် အမှုရုံးချိန်း အခြေအနေ

$
0
0

Miss Universe Myanmar Organization မှ National Director ဒေါ်စိုးယုဝေက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ ဖြင့် အလှမယ် ရွှေအိမ်စည်ကို တရားစွဲဆိုထားပြီး ဒီအမှုရဲ့ တတိယအကြိမ်မြောက် ရုံးချိန်းကို ဇန်နဝါရီလ ၂၂ ရက်နေ့ မင်္ဂလာတောင်ညွှန့် တရားရုံးမှာ ထပ်မံစစ်ဆေးခဲ့ပါတယ်။ ဒီရုံးချိန်းမှာတော့ ဒေါ်စိုးယုဝေနဲ့ အလှမယ် ရွှေအိမ်စည်တို့ လာရောက် စစ်ဆေးခံခဲ့ပါတယ်။

“Hello Madam Co.,Ltd. ရဲ့ မန်နေးဂျင်း ဒါရိုက်တာနဲ့ Miss Universe Myanmar Organization ရဲ့ National Director ဒေါ်စိုးယုဝေက အလှမယ် ရွှေအိမ်စည်ကို လူမှုကွန်ရက် စာမျက်နှာ Facebook နဲ့ မီဒီယာများမှ တဆင့် လျော်ကြေးငွေ တောင်းခံမှု၊ သူမအား ဂုဏ်သိက္ခာ ကျဆင်းအောင် အသရေ ဖျက်မှုတို့နဲ့ မင်္ဂလာတောင်ညွှန့် မြို့နယ်၊ တရားရုံးမှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ ဇန်နဝါရီလ ၉ ရက်နေ့မှာ တရား စွဲဆိုခဲ့ပါတယ်”

“ဖေဖော်ဝါရီလ ၅ ရက်နေ့ ရုံးချိန်း တရားလိုဘက်မှ ဥပဒေအရာရှိ ကြီးကြပ်မှုဖြင့် အမှုလိုက်ပါ ဆောင်ရွက်ရန် ရှေ့နေများဖြစ်သော ဦးမောင်မောင်ထွန်းနှင့် ဒေါ်ခင်ခင်သိန်းတို့မှရှေ့နေကိုယ်စားလှယ် စာတင်၍ ခွင့်ပြုလက်ခံပြီး နှစ်ဖက်ရှေ့နေများမှ အမှုတွဲ လေ့လာရန် အကြောင်းပြကာ တရားလိုအား နောက်ရုံးချိန်တွင်မှစစ်ဆေးခွင့်ပြုရန် တောင်းဆိုသဖြင့် တရားသူကြီးမှ ခွင့်ပြုခဲ့ပါတယ်။ နောက်တပတ်ရုံးချိန်းက ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉ သို့ ရွှေ့ဆိုင်း ချိန်းဆိုခဲ့ပါတယ်”လို့ မင်္ဂလာတောင်ညွန့်မြို့နယ်တရားသူကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးသတင်းပြန်ကြားရေးအရာရှိ ဦးခင်ကျော်က ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ အလှမယ် ရွှေအိမ်စည်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာမှာတော့ သူမအနေနဲ့ ဖြေဆို၍ မရသေးကြောင်း ဧရာဝတီကို ပြောပါတယ်။

ရွှေအိမ်စည်ကိုတော့ Hello Madam Co.Ltd ရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါ်စိုးယုဝေက ဂုဏ်သိက္ခာ ကျဆင်းအောင် အသရေဖျက်မှုဖြင့် တရားစွဲဆိုထားတာဖြစ်ပြီး ရွှေအိမ်စည်ကို မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးရဲ့ တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်မွန်သူဇာခင်က သိန်း ၁၀၀ နဲ့ အာမခံပေးခဲ့တယ်လို့ သိရပါတယ်။ ယခုအကြိမ်ကတော့ တတိယအကြိမ်မြောက် ရုံးချိန်း ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – တရားစွဲခံထားရပေမယ့် ပရိသတ်တွေကို မစိုးရိမ်ပါနဲ့လို့ ရွှေအိမ်စည် ပြော

The post အလှမယ် ရွှေအိမ်စည်နဲ့ ဒေါ်စိုးယုဝေတို့ရဲ့ တတိယအကြိမ် အမှုရုံးချိန်း အခြေအနေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ