Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သူငယ်ချင်းအတွက် လက်တုံ့ပြန်ဖို့ လူမည်းအမျိုးသားတဦးကို သတ်ဖို့ ရှာဖူးတယ်လို့ Liam Neeson ဆို

$
0
0

ဝါရင့်မင်းသားကြီး Liam Neeson ဟာ တခါတုန်းက သူ့ရဲ့ သူငယ်ချင်းတယောက်ကို မုဒိမ်းကျင့်ခဲ့မှုအတွက် လက်တုံ့ပြန်ဖို့ လူမည်းအမျိုးသားတဦးကို သတ်ဖြတ်ဖို့အတွက် တလမ်းဝင် တလမ်းထွက် ရှာဖွေခဲ့ဖူးတယ်လို့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

အသက် ၆၆ နှစ်အရွယ် မြောက်ပိုင်းအိုင်းရစ်နွယ်ဖွား မင်းသားကြီးဟာ “Taken” လိုမျိုး ကမ္ဘာကျော်အက်ရှင်ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ဖူးပါတယ်။ သူဟာ ဗြိတိန်နိုင်ငံရဲ့ “The Independent” သတင်းစာနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ လူမည်းအမျိုးသားတဦးကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်း သတ်ပစ်ဖို့ ရှာဖွေချင်ခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။

မင်းသားကြီး Neeson ဟာ အဲဒီ မုဒိမ်းကျင့်ခံခဲ့ရတဲ့ အမျိုးသမီးရဲ့ နာမည်နဲ့ အဲဒီ အဖြစ်အပျက် ဘယ်တုန်းက ဖြစ်ခဲ့တယ်ဆိုတာကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ သူက “မုဒိမ်းကျင့်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အဲဒီအမျိုးသမီးကို မေးကြည့်တော့ မုဒိမ်း ကျင့်သွားသူကို မသိခဲ့ဘဲ အသားအရောင်ကို မေးလိုက်တော့ လူမည်းအမျိုးသားတဦးဖြစ်နေတယ်လို့ ဖြေခဲ့ပါတယ်” လို့ ဆိုပါတယ်။

အဲဒီအခါမှာ မင်းသားကြီးဟာ အဲဒီဒေသမှာရှိတဲ့ လူမည်းအမျိုးသားမှန်သမျှကို လိုက်လံ ရှာဖွေခဲ့ပြီး တွေ့တဲ့ လူမည်းအမျိုးသားတဦးကို သတ်ပစ်ဖို့အထိ စဉ်းစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အရက်ဆိုင်ကနေ ထွက်လာတဲ့ လူမည်းအမျိုးသားတဦးကို ပြောစရာရှိလို့ လာပါဦးလို့ ခေါ်ပြီး သတ်ပစ်လိုက်နိုင်ကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြောက်ပိုင်းအိုင်ယာလန်မှာ ကြီးပြင်းခဲ့တဲ့အချိန်မှာ ကလဲ့စားချေဖို့ လိုအပ်မှုဆိုတာကို လေ့လာခဲ့တယ်လို့ဆိုပါတယ်။ ဇာတ်လမ်းအသစ်ထဲမှာ ပါဝင်တဲ့ မင်းသားကြီး Neeson ရဲ့ဇာတ်ကောင်ရဲ့ သားက မူးယစ်ဂိုဏ်းတခုရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ အဲဒါကြောင့် မင်းသားကြီးဟာ သားဇောနဲ့ လက်တုံ့ပြန်တဲ့အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်အသစ်တကား ထွက်ပေါ်လာဖို့လည်း ရှိနေပါတယ်။

မင်းသားကြီးဟာ အနုပညာသက်တမ်း ဆယ်စုနှစ် ၄ ခုကြာရှိနေသူဖြစ်ပါတယ်။ အခုလိုမျိုး The Independent နဲ့ ၁၇ နှစ်ကြာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုအတွင်းမှာ အခုလိုမျိုး သူ့ရဲ့ အတိတ်ဇာတ်လမ်း တခုကို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အခုလိုမျိုး မင်းသားကြီးရဲ့ လူမည်းတွေအပေါ် အမုန်းတရားတချို့ ရှိခဲ့တဲ့အကြောင်းထွက်ပေါ်လာခဲ့ချိန်မှာပဲ လူမှုကွန်ရက်မီဒီယာတွေပေါ်မှာတော့ မင်းသားကြီးကို ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Ref : asiaone

The post သူငယ်ချင်းအတွက် လက်တုံ့ပြန်ဖို့ လူမည်းအမျိုးသားတဦးကို သတ်ဖို့ ရှာဖူးတယ်လို့ Liam Neeson ဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ