Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အသက် ၁၂ နှစ်ကျော်လောက် ကွာဟချက်ရှိတဲ့ ကိုရီးယား အနုပညာရှင်စုံတွဲများ

$
0
0

အချစ်စစ်မှာ အသက်ကွာဟချက်တွေ မရှိဘူးဆိုတာကို သက်သေပြနိုင်ခဲ့ကြတဲ့ ကိုရီးယားနာမည်ကျော် အနုပညာရှင် စုံတွဲတွေ ရှိနေပါတယ်။ သူတို့အတွက်တော့ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတခုထက် မပိုပါဘူး။ ကိုရီးယားရိုးရာမှာတော့ အသက် ၁၂ နှစ်လောက် ကွာဟတာဟာ ရာသီခွင် တကျော့ပြန်စာလောက်ရှိပေမယ့် သူတို့တွေကတော့ လူတိုင်း အားကျရတဲ့ မိသားစုဘဝတွေကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။

Ham So Won & Jin Hua

မနဲ့ မောင် စုံတွဲတွေထဲမှာ လူစိတ်ဝင်စားမှု အများဆုံး စုံတွဲတတွဲပါ။ မမ ဟန်ဆိုဝန်နဲ့ ဂျင်ဟွာက အသက် ၁၈ နှစ် ကွာဟချက် ရှိပါတယ်။ ဂျင်ဟွာဘက်က ဟန်ဆိုဝန်ကို မြင်မြင်ချင်း ချစ်မိသွားပြီး လက်ထပ်ခွင့်တောင်းခဲ့တာလို့ ထုတ်ပြောဖူးပါတယ်။ သူတို့စုံတွဲဟာ မကြာသေးခင်ကပဲ သမီးဦးလေးကို ပိုင်ဆိုင်ခွင့်ရခဲ့ကြပါပြီ။

Lee Min Jung & Lee Byung Hun

ကိုရီးယား အနုပညာလောကရဲ့ ထိတ်ထိတ်ကြဲမင်းသား လီဗြောင်ဟွန်းဟာ ဇနီးဖြစ်သူ မင်းသမီး လီမင်ဂျွန်နဲ့ အသက် ၁၂ နှစ် ကွာပါတယ်။ တနှစ်အကြာ တွဲခဲ့ကြအပြီးမှာ ၂၀၁၃ ခုနှစ်က လက်ထပ်ခဲ့ကြတာပါ။ ပထမဆုံး ကလေးကိုတော့ ၂၀၁၅ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ သူတို့နှစ်ယောက် အပြန်အလှန် ကျီစယ်ပုံလေးတွေက ပရိသတ်တွေ သဘောကျစရာဖြစ်ခဲ့ပါတယ်။

Mina & Ryu Phillip

နောက်ထပ် မနဲ့မောင် စုံတွဲကတော့ မီနာနဲ့ ရူဖီးလစ်ပါ။ အသက် ကွာဟချက် ၁၇ နှစ် ရှိပါတယ်။ ၂၀၁၅ ခုနှစ်ထဲက တွဲခဲ့ကြပြီး ၃ နှစ်အကြာ ၂၀၁၈ ၊ ဇူလိုင်လမှာ လက်ထပ်ခဲ့ကြတဲ့ စုံတွဲပါ။

Moon Hee Jun & Soyul

အသက် ၁၃ နှစ်ကွာတဲ့ အိုင်ဒေါ စုံတွဲအကြောင်းကို ပရိသတ်တွေ သိခဲ့ကြတုန်းက အံ့သြခဲ့ကြပါသေးတယ်။ အဆိုတော် မွန်ဟီဂျွန်းနဲ့ ဆိုယူ တို့ဟာ ၂၀၁၃ မှာ စတွဲခဲ့ကြပြီး ၂၀၁၇ ဖေဖော်ဝါရီလမှာ လက်ထပ်ခဲ့ကြကာ အဲဒီနှစ်မှာပဲ သမီးဦးလေးကို ဖွားမြင်ခဲ့ပါတယ်။

Bae Yong Joon & Park Soo Jin

မင်းသားချော ဘေယောင်ဂျွန်းနဲ့ ဇနီးသည် မင်းသမီး ပတ်ဆူဂျင်တို့ နှစ်ယောက်ကလည်း အသက် ၁၃ နှစ်ကွာဟချက် ရှိပါတယ်။ ဇူလိုင်၊ ၂၀၁၅ မှာ လက်ထပ်ခဲ့ကြပြီး အခုတော့ ကလေး ၂ ယောက် ရနေပါပြီ။

Seo Taiji & Lee Eun Sung

ကိုယ်အကြိုက်ဆုံး အားပေးခဲ့ရတဲ့ အိုင်ဒေါနဲ့ လက်ထပ်ခဲ့ရတဲ့ ကံအကောင်းဆုံးသူကို ပြပါဆိုရင် မင်းသမီး လီအန်ဆောင်းကို ပြပါလိမ့်မယ်။ အသက် ၁၆ နှစ် ကွာဟချက်ရှိတဲ့ အဆိုတော် ဆိုထယ်ဂျီနဲ့ မင်းသမီး လီအန်ဆောင်းတို့ဟာ ၂၀၀၈ ခုနှစ်မှာ Music Video ရိုက်ကူးရင်း တွေ့ဆုံခဲ့ကြပြီး လက်ထပ်ခဲ့ကြတာပါ။

Ref: Soompi

The post အသက် ၁၂ နှစ်ကျော်လောက် ကွာဟချက်ရှိတဲ့ ကိုရီးယား အနုပညာရှင်စုံတွဲများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ