Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မြန်မာပြည်ရဲ့ သဘာဝစစ်စစ် နေရာတွေကို ဖော်ထုတ်ချင်တဲ့ အေးမြတ်သူ

$
0
0

ခရီးသွားရတာကို စိတ်ဝင်စားပြီး မကြာခဏဆိုသလို သဘာဝနေရာတွေကို ရိုးရှင်းစွာ ခရီးထွက်လေ့ရှိတဲ့ သရုပ်ဆောင် အေးမြတ်သူက မြန်မာပြည်ရဲ့ သဘာဝစစ်စစ် နေရာတွေကို ဖော်ထုတ်ချင်တယ်လို့ ပြောပါတယ်။

“ခရီးတွေက အများကြီး သွားချင်တယ်။ သွားဖို့လည်း ရှိတယ်။ ကြိုတော့ပြောလို့ မရသေးဘူး။ အခုနောက်ပိုင်းတော့ မြန်မာပြည်က ဝေးလံခေါင်ဖျားတဲ့ နေရာတွေကို ပိုပြီးသွားချင်ပါတယ်။ အရင်ကတော့ ပျော်စရာကောင်းတဲ့နေရာတွေ သွားရေးလာရေး လွယ်ကူတဲ့နေရာတွေ သွားချင်တယ်။ အခု အဲဒီလို မဟုတ်တော့ဘဲနဲ့ သွားလာဖို့ ခက်ခဲနေတဲ့ နေရာမှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ပိုတွေ့ချင်လာတယ်။ သူတို့ကို ကျန်းမာရေးအသိပေးလေးတွေ လုပ်ချင်ပါတယ်။ သဘာဝစစ်စစ် နေရာတွေကို ဖော်ထုတ်ချင်ပါတယ်” လို့ အေးမြတ်သူက ပြောပါတယ်။

ခရီးသွားရတာ ကြိုက်နှစ်သက်တဲ့ သူတယောက်အနေနဲ့ နေရာတော်တော်များများကို ဖွံ့ဖြိုးတိုးတက်စေချင်သော်လည်း တိုးတက်ပွင့်လင်းလာတာနဲ့ အမျှ လာရောက် လည်ပတ်သူတွေရဲ့ ဆိုးကျိုးများကြောင့် အမှိုက်တွေများလာခဲ့တယ်လို့ ဆိုပါတယ်။

“နေရာတိုင်းကို ဖွံ့ဖြိုးစေချင်တယ်။ ကောင်းသော ဖွံ့ဖြိုးခြင်းနဲ့ပေါ့။ ခရီးသွားတဲ့ သူတယောက်အနေနဲ့ ပြောရရင်တော့ တိုးတက်တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ပွင့်လင်းလာတာနဲ့အမျှ လာတဲ့သူတွေရဲ့ ဆိုးကျိုးတွေပါလာတယ်။ အဓိကကတော့ အမှိုက်တွေ များလာတယ်။ အေးမြတ်သူလည်း အရင်က ပစ်ခဲ့ပါတယ်။ ကလောသွားပြီး နောက်ပိုင်းမှာ ကိုယ့်အမှိုက်ကိုယ် သိမ်းရမယ်ဆိုပြီး အမြဲတမ်း အမှိုက်ထည့်ဖို့အတွက် အိတ်တလုံး ပါတယ်။ ကိုယ့်အမှိုက်ကိုယ် ထည့်တယ်။ အမှိုက်တွေများလာရင် မီးရှို့ပစ်ခဲ့တယ်။ အထူးသဖြင့် ပလက်စတစ်တွေပေါ့” လို့ အေးမြတ်သူက ပြောပါတယ်။

သရုပ်ဆောင်တယောက်ဖြစ်တာကြောင့် အနုပညာနဲ့လည်း မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို တိုးတက်စေချင်ပြီး ရုပ်ရှင်ကားများမှာ မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ စရိုက်များ ၊ မြန်မာနိုင်ငံရဲ့ လှပတဲ့နေရာများကို ထည့်သွင်းပြသပါက နိုင်ငံခြားသားများက စိတ်ဝင်စားပြီး မြန်မာနိုင်ငံကို လာရောက် လည်ပတ်ကြမှာဖြစ်တယ်လို့ ပြောပါတယ်။

“နိုင်ငံခြားကို သွားပြတဲ့ ရုပ်ရှင်ကားတွေမှာ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာဆိုတဲ့ အရာတခု ပါစေချင်တယ်။ ရှုခင်းရယ်လို့ မပြောပါဘူး။ မြန်မာရဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ စရိုက်တွေ၊ မြန်မာရဲ့လှပတဲ့ အရာတွေ ပါစေချင်တယ်။ ဒါတွေကိုကြည့်ရင်းနဲ့မှ ခရီးသွားလုပ်ငန်းက ဖွံ့ဖြိုးလာမှာ။ ဒါတွေကို ကြည့်ပြီးတော့မှ မြန်မာပြည်ကိုလာကြမှာ။ ပုဂံကိုဆို ဥရောပဘက်ကသူတွေ စိတ်ဝင်စားကြတယ်။ အနုပညာကို မြတ်နိုးတဲ့ နိုင်ငံကသူတွေလာကြပါတယ်။ ပုဂံအပြင် တခြားလှပတဲ့ နေရာတွေ အများကြီး ရှိပါသေးတယ်။ အဲဒါတွေကို ပေါ်ထွန်းစေချင်တယ်။ သွားစေချင်ပါတယ်” လို့ အေးမြတ်သူက ပြောပါတယ်။

အေးမြတ်သူကတော့ ခရီးသွားဖက်ရှင် အနေနဲ့လည်း အရိုးရှင်းဆုံးပုံစံများကို ဝတ်ဆင်လေ့ ရှိပြီး ယခင်က ဟော့တဲ့ ဖက်ရှင်များ ဝတ်ဆင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ သူမရဲ့ ပရိသတ်တွေကလည်း ရိုးရှင်းတဲ့ ပုံစံနဲ့ပဲ သဘောကျတော့တယ်လို့ ပြောပါတယ်။

“ဟိုတရက်က ဝတ်တဲ့ဖက်ရှင်နဲ့ ပတ်သက်ပြီး ပရိသတ်တွေက စိတ်ဆိုးကြတယ်။ စိတ်ပူကြတယ်။ ဒါပေမဲ့ ပြန်တွေးကြည့်တော့ အရင်ကလည်း ဝတ်ခဲ့ပါတယ်ပေါ့။ မဝတ်ခဲ့တာတော့ မဟုတ်ပါဘူးပေါ့။ ဘာပဲဖြစ်ဖြစ် အကုန်လုံးက မဝတ်စေချင်ဘူးဆိုတာ သိလိုက်ရတယ်။ အဲဒါကြောင့် မဝတ်တော့ဘူးတော့ မဟုတ်ပါဘူး။ ဆင်ခြင်ပါ့မယ်ပေါ့” လို့ အေးမြတ်သူက ပြောပါတယ်။

ပရိသတ်အကြိုက်က အရင်တုန်းကလို မဟုတ်တော့ဘဲ ပြောင်းလဲသွားပြီး ဟော့တဲ့သူ တယောက်အနေနဲ့ မမြင်တော့ဘဲ အေးဆေးတည်ငြိမ်တဲ့ အမျိုးသမီး တယောက်အနေနဲ့ မြင်နေတယ်လို့ ဆိုပါတယ်။

အေးမြတ်သူကတော့ ပရိသတ်ကို ကလန်ကဆန် လုပ်မှာ မဟုတ်ဘဲ သရုပ်ဆောင်တယောက် ဖြစ်တဲ့အတွက် ပရိသတ်ရဲ့စကားသံကို အမြဲတမ်းနားထောင်ပြီး နေတယ်လို့ သိရပါတယ်။ ပရိသတ်များအနေနဲ့ အေးမြတ်သူကို လွန်ခဲ့တဲ့ရက်ပိုင်းက ပွဲတခုမှာ ဝတ်ခဲ့တဲ့ဖက်ရှင်နဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

The post မြန်မာပြည်ရဲ့ သဘာဝစစ်စစ် နေရာတွေကို ဖော်ထုတ်ချင်တဲ့ အေးမြတ်သူ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ