Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Master Chef Myanmar Winner ဆုရှင် မတင်တင်ဦး ရောင်းတဲ့ “Winner ဆားဘဲဥ အာလူးကြော်”

$
0
0

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ Master Chef Myanmar ပြိုင်ပွဲရဲ့ Winner ဆုရှင် မတင်တင်ဦးကတော့ ပြိုင်ပွဲ ပြီးဆုံးသွားပြီးတဲ့နောက်မှာ “Winner” ဆိုတဲ့ နာမည်နဲ့ ဆားဘဲဥ (ဘဲဥငန်) အာလူးကြော်ကို ထုတ်လုပ် ရောင်းချလျက်ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အစားအသောက်နဲ့ ပတ်သက်ပြီးတော့က Master Chef ပြိုင်ပွဲကြီးပြီးတော့ ကျမအတွက် အခွင့်အရေးတွေ ရလာတယ်။ လုပ်ချင်တာကို လုပ်ခွင့်ရလာတယ်။ ဥပမာဆိုရင် ဆားဘဲဥ အာလူးကြော်။ စင်ကာပူမှာတုန်းက စားခဲ့ရတဲ့ အာလူးကြော်လေးရဲ့အရသာကို အရမ်းကြိုက်တယ်။ အဲဒီ အာလူးကြော်ကို ကိုယ့်ဘာသာ အိမ်မှာ ကြော်ကြည့်ရင်းနဲ့ ဒီလိုမျိုးထုတ်နိုင်တဲ့ အဆင့်ထိရောက်အောင် ပံ့ပိုးပေးတဲ့သူတွေ ရှိလာတယ်။ အဲဒါလေး လုပ်နေတယ်”လို့ မတင်တင်ဦးက ပြောပါတယ်။

အဆိုပါ “Winner” ဆားဘဲဥ အာလူးကြော်ကိုတော့ အချိုနဲ့ အစပ် အရသာ ၂ မျိုး ထုတ်လုပ်ထားပြီး အပြင်မှာတော့ အာလူးကြော်က ထွက်နေပြီး မကြာခင်မှာ ကြော်ငြာလေးရိုက်ဖို့ ရှိတယ်လို့ သိရပါတယ်။

“ဆားဘဲဥ အာလူးကြော်လေးနာမည်က Winner၊ ၂ မျိုး ရှိပါတယ်။ အစပ်တမျိုး ၊ အချိုတမျိုးပါ။ အစပ်ကျတော့ ကလေးတွေ မစားနိုင်မှာစိုးလို့။ အချိုလေး လုပ်ထားတယ်။ အချိုလေးက အီအီလေး ဖြစ်မယ်။ ဒီအာလူးကြော်ကို ထမင်းနဲ့လည်း တွဲစားလို့ရမယ်။ ဒီတိုင်းလည်း စားလို့ရမယ်။ ကျမ ဒီအာလူးကြော်လေးကို ကိုယ့်ဘာသာ စမ်းနေတာကြာပြီ။ ကျမရဲ့ အစ်ကို တယောက်ကလည်း ကျမ လုပ်ချင်တာလေးကို လုပ်ပေးဖို့ရှိတာ။ အဲဒါကြောင့် ပြိုင်ပွဲပြီးသွားတဲ့အခါမှာ နှစ်ယောက်တိုင်ပင်ပြီးတော့ ထုတ်ဖြစ်တာပါ” လို့ မတင်တင်ဦးက ပြောပါတယ်။

မတင်တင်ဦးကတော့ လက်ရှိမှာ ရန်ကုန်တက္ကသိုလ်၊ အနောက်ပိုင်းတက္ကသိုလ်ရှိ ကန်တင်းများမှာ ဆိုင်ခန်းများဖွင့်လှစ်ထားပြီး Master Chef Myanmar ရဲ့ Top 3 ဆုရှင် မနီလာအောင်ဝင်းနဲ့ တွဲဖက်ပြီးတော့လည်း “T & G Salad Bar” ဆိုတဲ့ ဆိုင်လေးကိုလည်း ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းပေါ်က လားရှိုးညဈေးမှာ ဖွင့်လှစ်ရောင်းချလျက် ရှိပါတယ်။

ဟင်းချက်တာနဲ့ ပတ်သက်ပြီး တခြားသော သိချင်သူများအတွက် သိလိုတဲ့အချက်များကို မတင်တင်ဦးကို မေးမြန်းနိုင်ပြီး နောက်ပိုင်းမှာတော့ ဟင်းချက်နည်းစာအုပ် နဲ့ YouTube မှာလည်း တင်ပေးသွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာအစားအစာဟာ သိပ်မပေါက်တဲ့အတွက် မြန်မာအစားအစာကို လူအများ ပိုမိုနှစ်သက်အောင် အထူးပြုပြီး လုပ်ချင်တယ်လို့ မတင်တင်ဦးက ပြောပါတယ်။

“ကျမ မြန်မာအစားအစာကို Specialize လုပ်ချင်တယ်။ မြန်မာအစားအစာက သိပ်ပြီးတော့ မပေါက်တဲ့အခါကျတော့လေ။ ကျေနပ်စရာလေး တခုတော့ ရှိပါတယ်။ ကျမ Master Chef Myanmar ရဲ့ဒိုင်တဦးဖြစ်တဲ့ ဦး Sharky ရဲ့ ဆိုင်မှာ နိုဝင်ဘာ ၁၅ ရက်ကနေစပြီး ရောင်းနေတာ။ နိုဝင်ဘာ ၂၉ မှာ လာစားသွားတဲ့ နိုင်ငံခြားသားဧည့်သည်က ပြီးခဲ့တဲ့ တပတ်က မေးလ်ရောက်လာတယ်”

“နိုဝင်ဘာလက စားသွားတဲ့ မြန်မာ ထမင်းဟင်းကို အရမ်းကြိုက်တဲ့အကြောင်း၊ ဧပြီလကျရင် ပြန်လာပါမယ်။ အဲဒီအချိန်ကျရင် Master Chef ကိုယ်တိုင် ပြင်ဆင်ပြီး ချက်ပြပါဆိုပြီး ပြောလာပါတယ်။ အဲဒီလို မြန်မာမဟုတ်တဲ့ နိုင်ငံခြားသားတယောက်က ချီးကျူးတဲ့အတွက် အရမ်းပျော်ပါတယ်”လို့ မတင်တင်ဦးက ပြောပါတယ်။

ဆက်စပ် သတင်းလင့်ခ်  Master Chef Myanmar ရဲ့ Winner ဆုရှင် မတင်တင်ဦးနဲ့ တွေ့ဆုံခြင်း

The post Master Chef Myanmar Winner ဆုရှင် မတင်တင်ဦး ရောင်းတဲ့ “Winner ဆားဘဲဥ အာလူးကြော်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ