Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သည်းထိတ်ရင်ဖို ဟာသရုပ်ရှင်မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်မယ့် Britney Spears

$
0
0

ကမ္ဘာကျော် Pop အဆိုတော် Britney Spears ဟာ သည်းထိတ်ရင်ဖို ဟာသဇာတ်မြူးရုပ်ရှင် “Corporate Animals” မှာ ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်မယ်လို့ သိရပါတယ်။

လော့စ်အင်ဂျလိစ်တိုင်းမ် သတင်းစာရဲ့အဆိုအရ အဆိုတော် Britney ဟာ မင်းသမီး Demi Moore နဲ့ မင်းသား Ed Helms တို့နဲ့ အဲဒီရုပ်ရှင်မှာ ပါဝင်လာမှာပါ။ ရုပ်ရှင်ရဲ့ ဒါရိုက်တာ Patrick Brice ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်မှာ ပြုလုပ်ခဲ့တဲ့ 2019 Sundance Film Festival မှာ အဲဒီသတင်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါရိုက်တာ Brice က “ကျနော်တို့ရဲ့ ဇာတ်ကောင်တခုဖြစ်တဲ့ မင်းသား Calum Worthy ရဲ့ဇာတ်ကောင် Aidan ဟာ Britney Spears ကို စွဲလမ်းနေပါတယ်။ ပြီးတော့ နံရံတွေထဲကနေ Britney က သူ့ကို စကားပြောနေတာကို ကြားနေပြီး ကြောင်တောင်တောင်ဖြစ်နေပါတယ်။ ဒီဟာကို ရိုက်ကူးဖို့ သူ့အတွက် အချိန် ၁၀ မိနစ်လောက်နဲ့ ဒီဇာတ်လမ်းတွဲမှာ ချိတ်ဆက်ခဲ့ပေမယ့် အဲဒါတော်တော်လေးကို ထူးခြားပါတယ်”လို့ ဆိုပါတယ်။

အဲဒီရုပ်ရှင်ကို Sundance Film Festival မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့တုန်းက ပထမဆုံး မိတ်ဆက်ပြသခဲ့ပါတယ်။ အဆိုတော် Britney ဟာ “Fahrenheit 9/11″ နဲ့ Austin Powers in Goldmember” တို့လိုမျိုး ရုပ်ရှင်တွေထဲမှာလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။

သူဟာ ၂၀၀၂ ခုနှစ်တုန်းက “Crossroads” ဆိုတဲ့ ဟာသဇာတ်မြူး ဒရာမာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ Britney ဟာ ပြီးခဲ့တဲ့ လမှာပဲ ဖခင်ဖြစ်သူရဲ့ ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေကြောင့် မကြာမီ ကျင်းပဖို့ ရှိနေတဲ့ Las Vegas ဖျော်ဖြေပွဲ တချို့ကို ဖျက်သိမ်းခဲ့ပါတယ်။

Ref: ptinews

The post သည်းထိတ်ရင်ဖို ဟာသရုပ်ရှင်မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်မယ့် Britney Spears appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ