Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Céline Dion ရဲ့ ဘဝအတ္ထုပ္ပတ္တိကို ပုံဖော်မည့် “ The Power Of Love” ရုပ်ရှင် ရိုက်ကူးမည်

$
0
0

ကမ္ဘာကျော် ပြင်သစ်နဲ့ ကနေဒီယံအဆိုတော် Céline Dion ရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံပြီးတော့ “The Power of Love” လို့အမည်ရတဲ့ ဥရောပ ဘဝအတ္ထုပ္ပတ္တိရုပ်ရှင်မှာ ပြင်သစ်ရုပ်ရှင် မင်းသမီးနဲ့ ဒါရိုက်တာ Valérie Lemercier က ပါဝင်သရုပ်ဆောင်မယ်လို့ ဆိုပါတယ်။

ထုတ်လုပ်သူတွေရဲ့အဆိုအရ ယူရို ၂၃ သန်းလောက် ဘတ်ဂျက် ထုတ်သုံးစွဲမယ့် ပြင်သစ်စကားပြောရုပ်ရှင်မှာ ကနေဒါစတား Céline ရဲ့ ဘဝဇာတ်ကြောင်းနဲ့အတူ သူသီဆိုခဲ့တဲ့ သီချင်းတွေအကြောင်းလည်း ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ရုပ်ရှင်မှာ ၁၉၆၀ ပြည့်လွန်နှစ်တွေကစလို့ ဒီနေ့ခေတ်အထိ Céline ဖြတ်သန်းခဲ့တဲ့ ဘဝအခြေအနေတွေကို ခြယ်မှုန်းမှာဖြစ်ပြီး အဓိကအသားပေး ဖော်ပြမယ့်အပိုင်းကတော့ သူ့ရဲ့ကွယ်လွန်သူ မန်နေဂျာနဲ့ ခင်ပွန်း René Angélil နဲ့ သူ့ရဲ့ကြားက ဆက်ဆံရေးဖြစ်တယ်လို့ ဆိုပါတယ်။ မွေးချင်း ၁၄ ယောက်ထဲမှာ အငယ်ဆုံး ဖြစ်တဲ့ Céline ဟာ “The Power Of Love”, “Think Twice” နဲ့ ကမ္ဘာကျော် “Titanic” သီချင်းတို့နဲ့ အချပ်ရေ သန်း ၂၀၀ ကျော်ရောင်းချရပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ စူပါစတားတယောက် ဖြစ်လာခဲ့ပါတယ်။

ပြင်သစ်ရုပ်ရှင်မင်းသမီး Lemercier ကတော့ အဲဒီ့ရုပ်ရှင်မှာ Céline အဖြစ် ပါဝင်မှာဖြစ်ပေမယ့် သီချင်းတော့ဆိုမှာ မဟုတ်ပါဘူး။ သူဟာ အဲဒီ့ရုပ်ရှင်ကို သူကိုယ်တိုင်ရေးထားတဲ့ ဇာတ်ညွှန်းကို အခြေတည်ပြီး ရိုက်ကူးမှာပါ။ ရိုက်ကူးရေးကိုတော့ ဒီနှစ် နွေဦးကာလ ပြင်သစ်နိုင်ငံမှာ စတင်မယ်လို့ ဆိုပါတယ်။

မင်းသား Sylvain Marcel ကတော့ Angélil အဖြစ် ပါဝင်မှာပါ။ ပြင်သစ်ထုတ်လုပ်ရေးကုမ္ပဏီ “Gaumont” က ထုတ်လုပ်မှာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။

Ref: deadline

The post Céline Dion ရဲ့ ဘဝအတ္ထုပ္ပတ္တိကို ပုံဖော်မည့် “ The Power Of Love” ရုပ်ရှင် ရိုက်ကူးမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ