Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အခုဆို ကျနော့်ကို နိုင်ငံခြားကပါ သိကုန်ကြပြီ”လို့ ပြောတဲ့ စည်သူ(ပလပ်ကျွတ်)

$
0
0

စူပါဟီးရိုး ဝတ်စုံတွေဝတ်ပြီး ဇာတ်လမ်းတွေ ရိုက်နေတဲ့ ဟာသ သရုပ်ဆောင် စည်သူပလပ်ကျွတ်က စည်သူ(ပလပ်ကျွတ်)လို့ ပြောတာနဲ့ သူ့ကို “အရူးလို့ မြင်ကြမှာ”လို့ ဧရာဝတီကို ပြောပါတယ်။

“စည်သူ(ပလပ်ကျွတ်)လို့ပြောတာနဲ့ အရူးလို့ မြင်မှာပေါ့။ နာမည်ကတော့ အရေးမကြီးပါဘူး။ ဘုရားဟောတဲ့ အတိုင်းပဲ။ ပလပ်ကျွတ်ဆိုတာ အရူးပဲလေ။ အခုတော့ ကျနော် အသိ၊ သတိနဲ့ နေပါတယ်။ ဦးချမ်းသာက နာမည်ပဲ ချမ်းသာတာ ဆင်းရဲတယ်။ ဦးဆင်းရဲက နာမည်ကသာ ဆင်းရဲတာ ချမ်းသာတယ်။ အဲ့လိုပဲပေါ့”

“ဖက်ရှင်ကတော့ အမြဲတမ်း ပြောင်းနေမှာပါ။ ဖက်ရှင်ကို တန်ဖိုးထားတယ်။ ဖက်ရှင်ကတော့ Brand တွေလည်း ကျနော် သိပ်နားမလည်ပါဘူး။ ကျနော် ဖြစ်လာတဲ့အပေါ် မူတည်ပြီး ကျနော် ဝတ်တယ်။ ဘေထုပ်ကနေလည်း ဒီဇိုင်းလေးတွေ ကြိုက်လို့ဝယ်ဖြစ်တယ်”လို့ စည်သူ(ပလပ်ကျွတ်)က ပြောပါတယ်။

ဝေဖန်သူတွေကြောင့် ပရိသတ် ပိုသိလာတယ်လို့ဆိုတဲ့ စည်သူ(ပလပ်ကျွတ်)က သီချင်းတွေ ဆိုနေရလို့ လွှတ်လိုက်ရတဲ့ ဇာတ်ကားတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။

“ချစ်တဲ့ ပရိသတ်တွေကိုလည်း ကျနော် ချစ်တယ်။ ကျနော့်ကို ဆဲပြီးတိုက်ခိုက်တဲ့ ပရိသတ်တွေကို ပိုချစ်တယ်။ ကျနော့်ကို ဂရုစိုက်ပြီး ဝေဖန်တယ်၊ တိုက်ခိုက်တယ်ဆိုတာ ကျနော်ကို ချစ်လို့။ သူတို့ ဝေဖန်တိုက်ခိုက် ဆဲလို့ ကျနော့်အမှား ကျနော်သိရတာ ကျနော် အရမ်းပျော်တယ်”

“ကျနော့်ကို အခုဆို တော်တော်သိကုန်ကြပြီ။ နိုင်ငံခြားကပါ သိကုန်ကြတယ်။ မိဘက သားသမီးဆိုးရင် ဆူပူ ဆဲတယ်။ အဲဒါ ချစ်လို့။ ကျနော်ကို ပရိသတ်တွေက ဆဲတာလည်း အဲ့လိုပဲပေါ့။ အနုပညာတွေကို ကျနေ်ာသေတဲ့အထိ လုပ်သွားမယ်။ ဇာတ်ကားနဲ့ ပတ်သက်ပြီး ရိုက်ဖို့ ရှိတယ်။ သီချင်းတွေ ဆိုနေရလို့ လွှတ်လိုက်ရတဲ့ ကားတွေ အများကြီး ရှိတယ်။ ကျနော်ရဲ့ ကိုယ်ပိုင်သီချင်း ‘Facebook ပေါ်မှာ မင်းသမီးရှုံး၊ အပြင်မှာတော့ မဲလုံးလုံး’ ထွက်တော့မှာပါ”လို့ စည်သူ(ပလပ်ကျွတ်)က ပြောပါတယ်။

စည်သူ (ပလပ်ကျွတ်)ကို ဟာသ ရုပ်ရှင် ဗီဒီယိုဇာတ်ကားတွေမှာ ဟာသ သရုပ်ဆောင်အဖြစ် ပရိသတ်မျျား သိထားကြပြီး မကြာခင် ရုံတင်ပြသတော့မယ့် “ကိုပေါ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ခေါင်းဆောင်မင်းသား တယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

စည်သူ (ပလပ်ကျွတ်)က စူပါဟီးရိုး ဝတ်စုံများ ဝတ်ဆင်တဲ့အခါမှာလည်း ပရိသတ်အချို့ရဲ့ ဝေဖန်မှုများ ရှိနေခဲ့ပြီး မကြာသေးခင် အချိန်ကလည်း စပိုက်ဒါမန်း ဝတ်စုံဝတ်ကာ သီချင်းဆိုခဲ့တဲ့အတွက် ပရိသတ်များကြားမှာ ဝေဖန်စရာ သတင်း ဂယက်တခု ဖြစ်ခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ် –  အနုပညာသမားတိုင်း ပေါ်ပြူလာဖြစ်ချင်ပါတယ်ဆိုတဲ့ စည်သူ(ပလပ်ကျွတ်)

The post “အခုဆို ကျနော့်ကို နိုင်ငံခြားကပါ သိကုန်ကြပြီ”လို့ ပြောတဲ့ စည်သူ(ပလပ်ကျွတ်) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)