Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အိန္ဒိယမှ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုများအကြောင်း ရိုက်ထားတဲ့ “Delhi Crime”စီးရီး မကြာမီ ပြမည်

$
0
0

ဒါရိုက်တာ Richie Mehta ရိုက်ကူးတဲ့ ရဲလုပ်ငန်းနောက်ခံစီးရီး “Delhi Crime” ကို လာမယ့် မတ်လ ၂၂ ရက်နေ့၊ Netflix မှာ ကြည့်ရှုနိုင်တော့မယ်လို့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာပဲ ကြေညာလိုက်ပါတယ်။ အပိုင်း ၇ ပိုင်းပါဝင်မယ့် အဲဒီ စီးရီးကိုတော့ 2019 Sundance Film Festival မှာ ပွဲဦးထွက်အဖြစ်ပြသခဲ့ပါတယ်။

“Delhi Crime” ရဲ့ ပထမဆုံး Season ကို ၂၀၁၂ ခုနှစ်တုန်းက ဒေလီမှာဖြစ်ခဲ့တဲ့ အုပ်စုဖွဲ့မုဒိန်းကျင့်မှု ဖြစ်ရပ်နဲ့ ဇာတ်အိမ်တည်ထားပါတယ်။ မင်းသမီး Shefali Shah က အဲဒီ့အဖြစ်အပျက်နောက်ကွယ်က ကြောက်မက်ဖွယ် အမှန်တရားတွေကို စုံစမ်းဖော်ထုတ်ရမယ့် ဒေလီအမျိုးသမီး ရဲအရာရှိ Vartika Chaturvedi အဖြစ် သရုပ်ဆောင်ထားပါတယ်။

အဲဒီ စီးရီးမှာ မင်းသမီး Shefali အပြင် Rasika Dugal, Rajesh Tailang နဲ့ Adil Hussain တို့လည်း ပါဝင်ထားကြပါတယ်။ သူတို့တွေဟာ ကျူးလွန်သူတွေကို ပစ်ဒဏ်ချမှတ်နိုင်ဖို့ စုံစမ်းစစ်ဆေးရမယ့် အဖွဲ့တခုမှာ ပါဝင်ခဲ့ပါတယ်။

အဲဒီ စီးရီးနဲ့ ပတ်သက်လို့ ဒါရိုက်တာ Richie က “Delhi Crime ဒရာမာကို ဖန်တီးရတာဟာ ကိုယ်ကိုတိုင်ပြောင်းလဲသွားရတဲ့ ခရီးဖြစ်ပါတယ်။ အဲဒီအဖြစ်အပျက်မှာ ပါဝင်ခဲ့သူတိုင်းကို စကားပြောခဲ့ရတယ်။ စုံစမ်းစစ်ဆေးနေချိန်အတွင်းမှာ ရဲတပ်ဖွဲ့တွေ လိုက်ခဲ့ရတဲ့ လမ်းကြောင်းအတိုင်း လိုက်ခဲ့ရတယ်။ အကန့်အသတ် တော်တော်များများ ရှိခဲ့ပေမယ့် အမှုကို ပိတ်နိုင်တဲ့အချိန်အထိ ကြားနာမှုတွေ ပါဝင်ပါတယ်”လို့ ပြောဆိုထားပါတယ်။

ဒေလီမှာပဲ ရိုက်ကူးခဲ့တဲ့ ဒီစီးရီးမှာတော့ သုတေသနအလုပ်အတွက် အချိန် ၆ နှစ်လောက် ယူခဲ့ရတယ်လို့ ဆိုပါတယ်။ ပြီးတော့ တကယ့်ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးခဲ့တဲ့နေရာမှာ တစိတ်တပိုင်း ပါဝင်ခဲ့ရတဲ့ တရားရေးဆိုင်ရာမှတ်တမ်း ရာနဲ့ချီတဲ့ စာရွက်စာတမ်းတွေကို ပေးအပ်ခဲ့ပြီး စုံစမ်းရေးအဖွဲ့ကိုလည်း မိတ်ဆက်ပေးခဲ့တဲ့ ဒေလီရဲတပ်ဖွဲ့ကော်မရှင်နာမင်းကြီးဟောင်း Neeraj Kumar နဲ့လည်း တွေ့ဆုံစကားပြောနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုဇာတ်လမ်းဟာ တာဝန်ယူမှုနဲ့ အကဲဆတ်မှုတို့ရဲ့ အရေးကြီးတဲ့ ဇာတ်လမ်းတစ်ခုကို ပုံဖော်ထားတဲ့ အကြောင်းဖြစ်ပြီး အိန္ဒိယနဲ့ ကမ္ဘာတဝန်းက ပရိသတ်တွေကို ပြသနိုင်မှာဖြစ်တာကြောင့် ဂုဏ်ယူမိတယ်လို့ Netflix မှ တာဝန်ရှိသူ Simran Sethi ကဆိုပါတယ်။

Ref: indianexpress

The post အိန္ဒိယမှ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုများအကြောင်း ရိုက်ထားတဲ့ “Delhi Crime” စီးရီး မကြာမီ ပြမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်