Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“The Dark Knight Rises”ကို ကျော်ပြီး DC ရဲ့ ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်လာတဲ့ “Aquaman”

$
0
0

ဒါရိုက်တာ James Wan ရိုက်ကူးထားတဲ့ Aquaman ရုပ်ရှင်ဟာ နောက်ထပ် ရုံဝင်စံချိန်တခုကို ရိုက်ချိုး လိုက်ပြီဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က ဒါရိုက်တာ Christopher Nolan ရိုက်ကူးခဲ့တဲ့ “The Dark Knight Rises” ရုပ်ရှင်ကို ကျော်လွန်ပြီးတော့ DC ရဲ့ ဝင်ငွေအများဆုံးရုပ်ရှင်ဖြစ်လာပါတယ်။

“Aquaman” ရုပ်ရှင်ဟာ ဒေါ်လာ ၁ ဒဿမ ၀၉၀ ဘီလီယံရရှိထားခဲ့ပြီး ဖြစ်ပါတယ်။ “The Dark Knight Rises” ရုပ်ရှင်ကတော့ ဝင်ငွေ ဒေါ်လာ ၁ ဒဿမ ၀၈၄ ဘီလီယံရရှိထားခဲ့ပါတယ်။ အဲဒီ့စာရင်းတွေကိုတော့ Box Office Mojo ကနေ ကောက်ယူထားတာ ဖြစ်ပါတယ်။

မင်းသား Jason Momoa က ခေါင်းဆောင်အဖြစ် ပါဝင်ထားတဲ့ အဲဒီ့ရုပ်ရှင်ဟာ DCEU (DC Extended Universe) ထဲမှာ ဇာတ်အိမ်တည်ထားပြီး Batman နဲ့ Superman ရုပ်ရှင်ရဲ့ဝင်ငွေကိုလည်း ကျော်လွန်ထားခဲ့ပါတယ်။ “Aquaman” ရုပ်ရှင်ကို မြောက်အမေရိက ဈေးကွက်မှာ မပြသမီ တရုတ်နဲ့ အိန္ဒိယလိုမျိုး ဈေးကွက်တွေမှာ အရင်ဆုံးပြသခဲ့ပြီး ဝင်ငွေခိုင်မာခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။

မြေပြင်ကမ္ဘာနဲ့ ရေအောက် အတ္တလာန်တစ်နိုင်ငံတို့ကြားက ပဋိပက္ခကြားထဲမှာ ဝင်ပါခဲ့ရတဲ့ လူတပိုင်း အတ္တလန်တပိုင်း Arthur Curry ရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ထားပါတယ်။

Arthur ဟာ မိတ်ဆွေဖြစ်တဲ့ Mera နဲ့အတူ မအေတူ ဖအေကွဲ ညီ Orm ကို အနိုင်ပိုင်းနိုင်ဖို့ အတ္တလန်တစ် ဘုရင်ကြီးရဲ့ ခက်ရင်းလှံကို ရှာဖွေရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်တဲ့ Willem Dafoe, Dolph Lundgren, Yahya Abdul-Mateen II နဲ့ Nicole Kidman တို့လည်း ပါဝင်သရုပ်ဆောင်ထား ကြပါတယ်။

ဒါ့အပြင် ထူးခြားချက်က Wonder Woman ရုပ်ရှင်ကလွဲရင် အကောင်းမြင်မှတ်ချက်တွေ အများစု ရရှိခဲ့တဲ့ တခုတည်းသော DCEU ရုပ်ရှင်ဖြစ်ပါတယ်။

Ref: indianexpress

The post “The Dark Knight Rises” ကို ကျော်ပြီး DC ရဲ့ ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်လာတဲ့ “Aquaman” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)