Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တကိုယ်တော်အခွေနဲ့ အလှကုန်ပစ္စည်းသစ်ထပ်ထုတ်ဖို့ ရှိနေတဲ့ အဆိုတော် နီနီခင်ဇော်

$
0
0

အဆိုတော်နီနီခင်ဇော်က Super Red အလှကုန်ကနေ ပစ္စည်းသစ်တမျိုးထပ်ထုတ်ဖို့ ရှိနေပြီး တကိုယ်တော်အခွေ ထွက်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“အခုလာမယ့် ၃လပိုင်းလောက်ကို ပစ္စည်းအသစ်ထပ်ထွက်ဖို့ ရှိတယ်။ အဲ့ဒါ နီနီမိသားစုက လုပ်ကိုင်ပေးနေတယ်။ နီနီအစ်ကိုက လုံးပန်းပေးနေတယ်။ နီနီကတော့ အခွေထွက်ဖို့ပဲ လုံးပန်းနေတယ်။ အဲ့ဒါလည်း ၃လပိုင်းလောက်ထွက်မယ်။ နီနီဘဝမှာ ဂုဏ်ယူ ရတာတွေရှိတယ်။ ဆုရတာတွေမျိုးပေါ့။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ ဂုဏ်မယူချင်ဘူး” လို့ အဆိုတော် နီနီခင်ဇော်က ဆိုပါတယ်။

အနုပညာသက်တမ်း ၁၀ နှစ်ကျော် ရှိလာပြီဖြစ်တဲ့ အဆိုတော် နီနီခင်ဇော်က သီချင်းဟောင်းတွေပြန်ဆိုရတာ တာဝန်ကြီးပြီး အန္တရာယ်များတယ်လို့ ဆိုပါတယ်။

“သီချင်းဟောင်းတွေ ပြန်ဆိုရတာ လေးတယ်။ တာဝန်ကြီးတယ်။ နီနီတို့ မဆိုရဲဘူး။ နီနီတို့ သီချင်းဟောင်းပြန်မဆို တာတော့ ကြာပြီ။ ဆိုခဲ့တဲ့ အချိန်တုန်းကတော့ နီနီကို သီချင်းဟောင်းတွေ ရွေးပေးတာကို ဆိုတာ။ သီချင်းဟောင်းတွေ ပြန်ဆိုဖို့မရှိဘူး အလျဉ်းသင့်မှပါ။ အနုပညာကိုလေးစားသမှုနဲ့ ဆိုခွင့်ရမှဆိုချင်ပါတယ်”

10 years Challenge နဲ့ နီနီခင်ဇော်(ဓာတ်ပုံ -Nini Khin Zaw’s Facebook)

“ သီချင်းသစ်တွေဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်။ သီချင်းဟောင်းတွေကို ပြန်ဆိုရတာ ပေါက်ပြီးသားကို အသစ် တဖန်မွေးဖွားခြင်းပေါ့။ သီချင်းသစ်တွေက မမြင်ရတာကိုမွေးဖွားခြင်း သီချင်းဟောင်းတွေက ပေါက်ပြီးသား သီချင်းတွေဆိုတော့ တာဝန်ကြီးတယ်။ သီချင်းသစ်လေးမွေးဖွားရတာ အဲ့လောက်အန္တရာယ်မများဘူး။ ဒါပေမယ့် သူ့ရဲ့ အောင်မြင်မှုတခုရလာတဲ့အခါ ကိုယ်ကမွေးထားရတဲ့ ရင်သွေးလိုပဲ ပိုပြီးပျော်ရွှင်မှုပိုရတယ်”လို့ နီနီခင်ဇော်က ဆိုပါတယ်။

အဆိုတော်နီနီခင်ဇော်က အခုရောက်နေတဲ့ နေရာကို ကျေနပ်မှုမရှိသေးဘဲ ထပ်မံကြိုးစားသွားဦးမယ်လို့ ဆိုပါတယ်။ တလောက ခေတ်စားခဲ့တဲ့ ၁၀နှစ်တာ Challenge ဓါတ်ပုံ ရိုက်ကူးပြီး တင်ထားတာနဲ့ ပတ်သက်ပြီးလည်း နီနီခင်ဇော်က အခုလိုဆိုပါတယ်။

“၁၀နှစ်မှာ ဘာကွာခြားသွားလဲဆို ဘဝကြီးအကြောင်း ပိုသိလာတယ်။ ၁၀နှစ်ကြာသွားတဲ့အချိန်မှာ ကိုယ်တိုင် Coach တယောက်အနေနဲ့ အလုပ်လုပ်ခွင့်ရနေပြီ။ ၂၀၀၉ခုနှစ်နဲ့ ၂၀၁၉ခုနှစ် ကွာခြားသလိုပဲ။ အဲ့တုန်းက ၁၇နှစ် အခုက ၂၈နှစ် ဆိုတော့ ပိုပြီး အသက်ကြီးလာတယ်”လို့နီနီခင်ဇော်က ဆိုပါတယ်။

နီနီခင်ဇော်က မကြာခင်ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ City FM Radio ရဲ့ ၁၇ နှစ်ပြည့်ပွဲမှာလည်း ၂၀၁၈ ခုနှစ်အတွက် ရေပန်းအစားဆုံး အမျိုးသမီး တေးသံရှင်ဆုကို ရရှိခဲ့ပါတယ်။ နီနီခင်ဇော်ကတော့ “မာရီယို” ၊ “Super Red” ၊ “U” ဆိုတဲ့ တကိုယ်တော်အခွေများ ထွက်ရှိထား ပါတယ်။ စီးပွားရေးအနေနဲ့ Super Red Cosmetic အလှကုန်လုပ်ငန်းကိုလည်း လုပ်ကိုင်နေပါတယ်။

The post တကိုယ်တော်အခွေနဲ့ အလှကုန်ပစ္စည်းသစ်ထပ်ထုတ်ဖို့ ရှိနေတဲ့ အဆိုတော် နီနီခင်ဇော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ