Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Hyun Bin နဲ့ Son Ye Jin တို့ ချစ်သူတွေဖြစ်နေကြပြီလို့ ကောလာဟလ ထွက်ပေါ်လာ

$
0
0

နာမည်ကျော် ကိုရီးယားမင်းသား Hyun Bin နဲ့ မင်းသမီး Son Ye Jin တို့ မေတ္တာမျှနေကြပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

သူတို့နှစ်ဦးဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အင်ဂျလိစ်မြို့ကို ခရီးအတူတူ ထွက်လာတယ်လို့ အွန်လိုင်း အသိုက်အဝန်းမှာ လူပြောများလာရာကနေ အခုလိုမျိုး နာမည်ကျော် ကိုရီးယားစတားနှစ်ဦး တွဲနေကြပြီလို့ ကောလာဟလ ထွက်ပေါ်လာတာပါ။ သူတို့နှစ်ဦးဟာ မင်းသမီး Son ရဲ့ မိဘတွေနဲ့အတူ အမေရိကန်နိုင်ငံကို ခရီးထွက်လာတာလို့လည်း ဆိုကြပါတယ်။

ပို့စ်တခုမှာတော့ “သူတို့နှစ်ဦးဟာ ခရီးအတူတူ သွားနေကြပါတယ်။ အမေရိကန်နိုင်ငံမှာ သူ့မိဘတွေနဲ့အတူ စားသောက်နေတာ မြင်ခဲ့ရပါတယ်”လို့ ဖော်ပြရေးသားထားပါတယ်။

ဒါပေမဲ့ Hyun Bin နဲ့ Son Ye Jin တို့ရဲ့ အေဂျင်စီက အဲဒီ သတင်းတွေကို လျင်လျင်မြန်မြန်ပဲ ပယ်ချခဲ့ပါတယ်။ အဲဒီ ကောလာဟလ သတင်းတွေကို MSTeam အင်တာတိန်းမန့်က “အဲဒီ အွန်လိုင်းသတင်းဟာ အမှန် မဟုတ်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မင်းသမီး Son ဟာ လက်ရှိမှာ ခရီးတယောက်တည်း သွားနေတာ ဖြစ်ပါတယ်။ သူဟာ တယောက်တည်း ခရီးသွားရတာ သဘောကျပါတယ်။ မင်းသမီးရဲ့မိဘတွေက လက်ရှိ ကိုရီးယားမှာ ရှိနေပါတယ်။ ဒါကြောင့် သူတို့အမေရိကန်မှာအတူတူ ထမင်းစားနေတယ်ဆိုတာကို အခြေအမြစ်မရှိပါဘူး” လို့ ဆိုထားပါတယ်။

အဲဒီကြေညာချက်အတိုင်းပဲ Hyun Bin ရဲ့ ကုမ္ပဏီ VAST အင်တာတိန်းမန့်က သူတို့နှစ်ဦးခရီးအတူတူ သွားနေတယ်ဆိုတဲ့ သတင်းကို ငြင်းဆိုခဲ့ပါတယ်။

“Hyun Bin ဟာ စီးပွားရေးကိစ္စအတွက် အမေရိကန်နိုင်ငံကို သွားနေတာဖြစ်ပြီး သူ့အချိန်ဇယားနဲ့သူပါ။ သူတို့နှစ်ဦး ခရီးအတူတူသွားနေတယ်ဆိုတာ အမှန်မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ Hyun Bin နဲ့ Son Ye Jin တို့ဟာ ၂၀၁၈ ခုနှစ်တုန်းက “The Negotiation”ဆိုတဲ့ သည်းထိတ်ရင်ဖို မှုခင်းဒရာမာ ကို အတူတူရိုက်ကူးခဲ့ကြဖူးပါတယ်။

ပြီးတော့ မင်းသား Hyun Bin နဲ့ မင်းသမီး Ha Ji Won တို့ အဓိကဦးဆောင်ပါဝင်ထားတဲ့ “Secret Garden” ဒရာမာမှာလည်း မင်းသမီး Son က ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။ မင်းသား Hyun Bin ဟာ အွန်စောလို့ လူသိများတဲ့ မင်းသမီး Song Hye Kyo နဲ့ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ တွဲခဲ့တယ်လို့ သတင်းထွက်ခဲ့သူပါ။

သူဟာ ၂၀၁၆ အောက်တိုဘာလမှာ အသက် ၈ နှစ်ငယ်တဲ့ မင်းသမီး Kang Sora နဲ့လည်း မေတ္တာမျှနေပြီလို့ ပြောဆိုခဲ့ဖူးပြီး အဲဒီ့နောက်တနှစ်အကြာမှာပဲ လမ်းခွဲခဲ့ကြပါတယ်။ မင်းသမီး Son ကလည်း Kim Nam Gil နဲ့ Jung Hae In တို့အပါအဝင် တွဲဖက်သရုပ်ဆောင်တွေနဲ့ အချစ်ဇာတ်လမ်းတွေ ထွက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အတည်တော့ မပြုခဲ့ပါဘူး။

Ref: aceshowbiz

The post Hyun Bin နဲ့ Son Ye Jin တို့ ချစ်သူတွေဖြစ်နေကြပြီလို့ ကောလာဟလ ထွက်ပေါ်လာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link