Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဟာသကားရိုက်ရရင် ပျော်တဲ့ သရုပ်ဆောင် အိချောပို

$
0
0

အနုပညာပျိုးခင်းမှတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး နေရာတခုရရှိလာခဲ့တဲ့သရုပ်ဆောင် အိချောပိုကတော့ ဟာသကားတွေရိုက်ရရင် ပျော်တယ်လို့ ပြောပါတယ်။

“အိချောကတော့ ဟာသကားရိုက်ရင် ကိုယ့်စီနီယာတွေအားလုံးကို ကြည့်တယ်။ ကိုယ်ဆို တခါတလေကျရင် နားမလည်ဘူး။ ဘယ်လိုပြောရင်ကောင်းမယ်ဆိုတာကို စီနီယာတွေကို မေးပြီးတော့ အကြံဉာဏ်ယူရတာပေါ့။ ဟာသကားရိုက်ရရင် ပျော်တယ်။ တချိန်လုံးရယ်နေရတယ်ဆိုတော့လေ” လို့ အိချောပိုက ပြောပါတယ်။

လတ်တလောမှာလည်း ဒါရိုက်တာပြည်ဟိန်းသီဟရိုက်ကူးထားတဲ့ “ဟောက်စား” ဆိုတဲ့ ဟာသရုပ်ရှင်ကားထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

“သိုင်းဆရာကြီး ဦးခင်လှိုင်ရဲ့ညီမပေါ့။ အိချောပါဝင်ရတဲ့ကာရိုက်တာက အရမ်းအိုက်တင်လုပ်တယ်ပေါ့။ ငိုဆိုလည်း ငို ၊ ရယ်ဆိုလည်းရယ် အရမ်းအိုက်တင်လုပ်ရတဲ့ ကာရိုက်တာလေးပါ” လို့ အိချောပိုကပြောပါတယ်။

ရုပ်ရှင်ဇာတ်ကားများမှာ ကာရိုက်တာအရ တယောက်တည်း Hero ဖြစ်ရတာကို သဘောမကျဘဲ ကိုယ်ရိုက်တဲ့ဇာတ် အပေါ်မှာ သစ္စာရှိရဖို့လိုတယ်လို့လည်း ပြောပါတယ်။

“အိချောကတော့ တယောက်တည်း Hero ဖြစ်ရတာကို မကြိုက်ဘူး။ မကြိုက်ဘူးဆိုတာထက် Hero လုပ်သင့်တဲ့ကားမျိုးမှာ Hero လုပ်ရတာကို လက်ခံတယ်။ သိုက်သိုက်ဝန်းဝန်းရိုက်မှ ဇာတ်တခုကပြည့်စုံမယ်ဆိုရင်တော့ ရိုက်သင့်ရင်ရိုက်မှာပဲ။ အရေးကြီးဆုံးက ဇာတ်ကောင်းဖို့နဲ့ သရုပ်ဆောင်ဆိုတာလည်း ကိုယ်တယောက်တည်း အခွင့်အရေးရနေလို့ မဖြစ်ပြန်ဘူးလေ”

“ ကိုယ်ရိုက်တဲ့ ဇာတ်အပေါ်မှာလည်း သစ္စာရှိရတယ်။ အိချောကတော့ ကိုယ်ရိုက်တဲ့ ဇာတ်ပေါ်မှာ ငါပိုလုပ်ရမယ်ဆိုတာ မျိုးမရှိဘူး” လို့ အိချောပိုက ပြောပါတယ်။

မင်းသမီးအခန်းနည်းပေမယ့် သူ့အတွက် လုပ်ကွက်ရမယ့် ဇာတ်လမ်းမျိုးနဲ့ ပရိသတ်ကြိုက်နိုင်မယ်ထင်တဲ့ ဇာတ်လမ်းမျိုးဆိုရင်တော့ လက်ခံပြီး ရိုက်ကူးဖြစ်တယ်လို့ ဆိုပါတယ်။

“အိချောကတော့ အိချောအတွက် လုပ်ကွက်ရတယ်ဆိုရင် ပရိသတ်လည်း ကြိုက်နိုင်မယ်လို့ ထင်ရင်ရိုက်တယ်။ ရှေ့ကားတွေမှာလည်း အိချောမင်းသမီးအခန်းကနည်းပါတယ်။ အဲဒါမျိုးတွေလည်း ရိုက်ပေးတာတွေလည်းရှိပါတယ်။ ဇာတ်အရလည်း သူ့ဟာနဲ့သူကောင်းရင်ရိုက်ပါတယ်” လို့ အိချောပိုက ပြောပါတယ်။

The post ဟာသကားရိုက်ရရင် ပျော်တဲ့ သရုပ်ဆောင် အိချောပို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ