Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Twitter မှာ LGBTQ အသိုင်းအဝန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် Kevin Hart တောင်းပန်

$
0
0

အမေရိကန် ဟာသ သရုပ်ဆောင် Kevin Hart က သူ့ကို ၂၀၁၉ ခုနှစ်ရဲ့အော်စကာဆုပေးပွဲ အစီအစဉ် တင်ဆက်သူအဖြစ်ကနေ ဖယ်ရှားလိုက်ရတဲ့အထိ ဖြစ်သွားခဲ့တဲ့ သမိုင်းဝင်မှတ်ချက်စကားအတွက် LGBTQ အသိုင်းအဝန်းကို တောင်းပန်ပါတယ်လို့ ထပ်မံပြောကြားလိုက်ပါတယ်။

အသက် ၃၉ နှစ်အရွယ် မင်းသားနဲ့ ဟာသသရုပ်ဆောင် Kevin ဟာ အရင်တုန်းက လိင်တူချစ်သူတွေကို ဆန့်ကျင်တဲ့စကားတွေ Twitter မှာ တင်ခဲ့တဲ့ ကိစ္စက တဖန်ပြန်လည်ပေါ်ပေါက်လာခဲ့ပြီး မကြာမီကျင်းပမယ့် အကယ်ဒမီဆုပေးပွဲ အစီအစဉ် တင်ဆက်သူအဖြစ်ကနေ နှုတ်ထွက်လိုက်ပါတယ်။

အခုတော့ သူ့ရဲ့ မှတ်ချက်ကြောင့် ထိခိုက်ခဲ့သူတွေကို ထပ်မံတောင်းပန်လိုက်တာပဲဖြစ်ပါတယ်။ ဇန်နဝါရီ ၇ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ “Straight from the Hart” အစီအစဉ်မှာ သူက “တခါထပ်ပြီးတော့ LGBTQ အသိုက်အဝန်းအဖွဲ့ဝင်တွေကို ထိခိုက်စေခဲ့တဲ့ ကျနော့်ရဲ့ မှတ်ချက်အတွက် Kevin Hart က တောင်းပန်ပါတယ်။ ကျနော်တကယ်တောင်းပန်ပါတယ်”လို့ ပြောဆိုခဲ့တာပါ။

၂၀၁၀ ခုနှစ်တုန်းက”Seriously Funny” ဟာသရိုက်ကွင်းတခုမှာ သူဟာလိင်တူချစ်သူတွေကို ဆန့်ကျင့်တဲ့ ဟာသတွေပြောခဲ့တာ၊ Twitter မှာ အဲဒီလိုမျိုး အမုန်းစကားတွေတင်ခဲ့တာနဲ့ ပတ်သက်လို့ရှင်းပြခဲ့ပြီး အခုတော့ အဲဒီလိုပြုမူခဲ့တာဟာ လူတွေကို ထိခိုက်စေတယ်ဆိုတာကို သိရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ပြီးတော့ LGBTQ အသိုင်းအဝန်းကလည်း သူ ၂၀၀၈ ခုနှစ်တုန်းကပြောဆိုခဲ့တာတွေကို ပြောင်းလဲလိုက်ပြီဆိုတာကို လက်ခံမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။

အစီအစဉ်တင်ဆက်သူ Ellen Degeneres ကို အော်စကာဆုပေးပွဲ အစီအစဉ်တင်ဆက်သူအဖြစ် ပြန်လည်ပါဝင်ဖို့ သူစဉ်းစားနေတဲ့အကြောင်း ပြောဆိုပြီး အခုလိုပြောဆိုချက်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အော်စကာဆုပေးပွဲကို လာမယ့် လမှာကျင်းပမှာဖြစ်ပြီး သူ့နေရာမှာ အစားထိုးမယ့်သူကိုလည်း အခုထိ ရှာမတွေ့သေးပါဘူး။

Ref: contactmusic

The post Twitter မှာ LGBTQ အသိုင်းအဝန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် Kevin Hart တောင်းပန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ