Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ထင်မထားတဲ့ အနုပညာရှင်တွေ ဆုရခဲ့တဲ့ (၇၆) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲ

$
0
0

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ Beverly Hills က The Beverly Hilton ဟိုတယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့၊ ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ (၇၆) ကြိမ်မြောက်ရွှေကမ္ဘာလုံးဆုပေးပွဲမှ “Bohemian Rhapsody” ရုပ်ရှင်ထဲက မင်းသား Rami Malek က အကောင်းဆုံး မင်းသားဆုရော၊ အဲဒီရုပ်ရှင်က အကောင်းဆုံးရုပ်ရှင်ဆုကိုပါ ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

ကမ္ဘာကျော် Queen တီးဝိုင်းအဖွဲ့သား Freddie Mercury ရဲ့ ဘဝအတ္ထုပ္ပတ္တိကို ပုံဖော်ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်က အခုလိုမျိုးဆုကြီးတွေရလိမ့်မယ်လို့ ပရိသတ်တော်တော်များများက ထင်မှတ် မထားခဲ့ကြပါဘူး။

ပရိသတ်အားပေးခဲ့ပြီး ဆန်ခါတင်ဆု ၅ ခုဝင်ခဲ့တဲ့ “A Star Is Born” ရုပ်ရှင်ကတော့ “Shallow” သီချင်းနဲ့ အကောင်းဆုံး ဇာတ်ဝင်တေးသီချင်း ဆုတခုတည်းကိုသာ ရရှိခဲ့ပါတယ်။

“Green Book” ရုပ်ရှင်ကတော့ ဆုပေးပွဲညမှာ ဆုပေါင်း ၃ ခုရခဲ့ပါတယ်။ အကောင်းဆုံး တေးသံစုံနဲ့ ဟာသဇာတ်မြူး ရုပ်ရှင်ဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆုနဲ့ အဲဒီရုပ်ရှင်ထဲက Mahershala Ali က အကောင်းဆုံး ဇာတ်ပို့မင်းသားဆုကို ရရှိခဲ့ပါတယ်။

၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ဇာတ်အိမ်တည်ထားတဲ့ အဲဒီ ရုပ်ရှင်ဟာ Deep South ဒေသကို ခရီးသွားဖို့ အီတလီနွယ်ဖွား အမေရိကန်နိုင်ငံသား ကားမောင်းသမားကို ငှားရမ်းခဲ့တဲ့ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား တဦးအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။

အခုလိုမျိုး ရွှေကမ္ဘာလုံးဆုမှာအောင်မြင်မှုရရှိလိုက်တာဟာ လာမယ့်လမှာ ကျင်းပမယ့် အော်စကာဆုပေးပွဲမှာ ဆုရနိုင်ဖို့ အလားအလာများသွားတယ်လို့ ယူဆနိုင်ပါတယ်။

“Bohemian Rhapsody” ရုပ်ရှင်ဟာ ထုတ်လုပ်ရေးအတွင်း ကသောင်းကနင်းဖြစ်ရပ်တွေ၊ အကောင်းအဆိုး ရောထွေးနေတဲ့ မှတ်ချက်တွေ ရှိခဲ့ပေမယ့် အခုလိုမျိုး အောင်မြင်မှုရခဲ့တာလည်းဖြစ်ပါတယ်။ မူရင်းဒါရိုက်တာ Bryan Singer က ရိုက်ကွင်းမှာ မင်းသားMalek နဲ့ အချေအတင်တွေ ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကြားမှာပဲ အားကိုးချင်စရာ မကောင်းတဲ့ အပြုအမူကြောင့် ရိုက်ကူးရေးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ အဲဒါကြောင့် ဒါရိုက်တာ Dexter Fletcher က ပြီးဆုံးအောင် ဆက်လက်ရိုက်ကူးခဲ့ရပါတယ်။

ဆုလက်ခံရယူချိန်မှာ မင်းသား Malek က “ ဒါဟာ ခင်ဗျားအတွက်ပါ၊ ခင်ဗျားကြောင့်ပါ၊ ဂုဏ်ယူပါတယ်”လို့ ကွယ်လွန်သူ Mercury အတွက် ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ ဆုပေးပွဲညမှာ နောက်ထပ်အံ့သြရတာတခုက အကောင်းဆုံး မင်းသမီးဆုကို The Wife ရုပ်ရှင်ထဲက မင်းသမီး Gleen Close က ရရှိခဲ့တာ ဖြစ်ပါတယ်။ သူဟာ A Star Is Born ရုပ်ရှင်နဲ့ ဆုရရှိလိမ့်မယ်လို့ အားလုံးနီးပါးက ခန့်မှန်းထားကြတဲ့ လေဒီဂါဂါကို ကျော်ပြီး ရရှိခဲ့တာဖြစ်ပါတယ်။

ဆုရရှိသူတွေထဲမှာ The Favourite ရုပ်ရှင်ထဲက Queen Anne အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဗြိတိသျှ မင်းသမီး Olivia Colman က အကောင်းဆုံး မင်းသမီး(တေးသံစုံနဲ့ ဇာတ်မြူး) ဆုကို ရရှိခဲ့ပါတယ်။ အမေရိကန်ဒုသမ္မတ Dick Cheney အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Christian Bale ကတော့ကတော့ အကောင်းဆုံး ဇာတ်ပို့မင်းသားဆုကို ရရှိခဲ့ပါတယ်။ အဲဒီ ဆုပေးပွဲမှာ မင်းသား Andy Samberg က အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

Ref:BBC

The post ထင်မထားတဲ့ အနုပညာရှင်တွေ ဆုရခဲ့တဲ့ (၇၆) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ