Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

လူတွေရဲ့ အတွင်းစိတ်တွေကို ရှုထောင့်ပေါင်းစုံကနေကြည့်ရှုရမယ့် Andhadhun (2018)

$
0
0

ဒီတခါမိတ်ဆက်ပေးမယ့်ရုပ်ရှင်ကတော့ ဒါရိုက်တာ Sriram Raghavan ရိုက်ကူးထားတဲ့ Comedy , Crime , Thriller အမျိုးအစား ဘောလိဝုဒ် ရုပ်ရှင်တကားဖြစ်တဲ့ Andhadhun (2018) ပဲဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ Ayushmann Khurrana , Tabu နဲ့ Radhika Apte တို့အပြင်အခြားသော သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းသာယာတဲ့ စန္ဒရားသံဟာ ပြတင်းပေါက်တခုကနေ လွှင့်ပျံနေပြီး အဲဒီသာယာနာပျော်ဖွယ်အသံကို ဖန်တီး တီးခတ်နေသူကတော့ Akash ဆိုတဲ့ မျက်မမြင်တယောက်ပဲဖြစ်ပါတယ်။

NGO က ဆောက်လုပ်ပေးထားတဲ့ အဆောက်အဦတခုမှာ နေထိုင်ရင်း ဂီတပွဲတော်တခုကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေသူတဦးလည်းဖြစ်ပါတယ်။

တနေ့မှာတော့ Sofie ရဲ့ ဆိုင်ကယ်နဲ့ ဝင်တိုက်မိပြီး မိတ်ဆွေတွေဖြစ်သွားကြပြီး Akash ဟာ စန္ဒရားတီးခတ်သူ အနုပညာရှင်တယောက်ဖြစ်မှန်း သိသွားချိန်မှာတော့ သူမရဲ့ အဖေပိုင်ဆိုင်တဲ့ စားသောက်ဆိုင်မှာ အချိန်ပိုင်းတီးခတ်ဖို့ပါ အခွင့်အရေးဖန်လာတော့တာပဲဖြစ်ပါတယ်။

အဲဒီ ဆိုင်နာမည်ကတော့ Franco’s ဖြစ်ပြီး ဆိုင်ကို ပုံမှန်လာရောက်လေ့ရှိသူတွေထဲမှာ ခေတ်ဟောင်းမင်းသားကြီးတဦး ဖြစ်တဲ့ Pramod Sinha လည်းအပါအဝင်ဖြစ်တာကြောင့် Akash ရဲ့ လက်သံကို ကြိုက်နှစ်သက်မိသွားပြီး နောက်လာမယ့် သူနဲ့ သူ့ဇနီးရဲ့မင်္ဂလာနှစ်ပတ်လည်နေ့အတွက် သီးသန့်တီးခတ်ပေးဖို့ချိန်းဆိုသွားတာပဲဖြစ်ပါတယ်။

Akash ဟာ တကယ့်မျက်မမြင်တယောက်မဟုတ်ဘဲ ဂီတကို သက်ဝင်စီးပူးဖို့ မျက်မမြင်တယောက်ယောင်ဆောင် နေတာဖြစ်ပြီး အဲဒီလိုဟန်ဆောင်ခြင်းဟာလည်း သူ့အတွက် အထောက်အကူပြုတယ်လို့ ယုံကြည်ထားသူ တဦးလည်းဖြစ်ပါတယ်။

ဒီလိုနဲ့ သီးသန့်ပွဲအတွက်နေ့ကို ရောက်ရှိလာတဲ့အချိန်မှာတော့ Pramod နေထိုင်ရာ အဆောက်အဦကို Akash တယောက်ရောက်ရှိသွားပေမယ့် အဲဒီအချိန်မှာ Pramod ဟာ အိမ်မှာရှိမနေဘဲ သူ့ဇနီးသည်သာရှိနေခဲ့တာဖြစ်ပါတယ်။

သူ့ဇနီးသည်က Akash ကို သီချင်းတပုဒ်လောက် အစမ်းတီးပြဖို့ တောင်းဆိုလိုက်ချိန်မှာတော့ Akash ဟာ စန္ဒရားနဲ့ မလှမ်းမကမ်းမှာ လူတယောက် ကိုယ်တပိုင်းအနေအထားနဲ့ လဲကျသေဆုံးနေတာကို တွေ့ရှိလိုက်ရပါတော့တယ်။

ဒီဖြစ်ရပ်ကို တွေ့ရှိလိုက်ရပေမယ့် Akash ဟာ ချက်ချင်းထပြန်မသွားသေးဘဲ သူ့ထုံးစံအတိုင်း မျက်မမြင်တယောက်လိုသာ ဆက်လက်ဟန်ဆောင်နေခဲ့တာလည်း ဖြစ်ပါတယ်။

လူတွေရဲ့ စိတ်နေစိတ်ထားနဲ့ ဇာတ်လမ်းရဲ့ အရှိန်ကို နိမ့်လိုက် မြင့်လိုက် ဖြစ်အောင်ရိုက်ကူးပြသထားတဲ့ ဒါရိုက်တာ Sriram Raghavan ရဲ့ ဖန်တီးမှုကို ဒီဇာတ်ကားမှာ တွေ့ရှိကြရမှာဖြစ်ပါတယ်။

ရုပ်ရှင်တကားထဲမှာ ရသပေါင်းစုံပါဝင် နေတာ ကိုလည်း ကြည့်ရှုကြရမှာဖြစ်တဲ့အတွက်ကြောင့် ရုပ်ရှင်ချစ်ပရိသတ် တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

The post လူတွေရဲ့ အတွင်းစိတ်တွေကို ရှုထောင့်ပေါင်းစုံကနေကြည့်ရှုရမယ့် Andhadhun (2018) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ