Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“မြန်မာကားတွေကိုကြည့်ပြီး မြန်မာတွေကို အားကျတာမျိုးဖြစ်စေချင်တယ်”

$
0
0

ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးနေတဲ့ သရုပ်ဆောင်ရန်အောင်က သူတို့ဖြတ်သန်းလာတဲ့ခေတ်နဲ့ အခုခေတ်ကလေးတွေရဲ့ အနုပညာလမ်းကြောင်းပေါ် ဖြတ်သန်းမှု မတူဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ခေတ်နဲ့ ကျနော်မတူတာကို ပြောပြတာပါ။ ကျနော်တို့ ခေတ်တုန်းက ဂျာနယ်၊ မဂ္ဂဇင်း၊ ပြက္ခဒိန်မှာပါဖို့တောင် တော်တော်ကြိုးစားရတယ်။ ဒီကလေးတွေကဖြစ်တာနဲ့ ကြိုစားတာနဲ့ တိုက်ဆိုင်တဲ့အခါ အောင်မြင်မှုတွေက ရလာတာပေါ့။ မကြိုးစားရင်တော့မရဘူး။ တချိန်တုန်းက ရိုက်ခဲ့ရတဲ့ မဂ္ဂဇင်းကာဗာတွေကို လွမ်းမိတာပေါ့”

“မဂ္ဂဇင်းတခုမှာပါဖို့ ဆိုတာပရိသတ်က တကယ်လက်ခံမှ အဲ့ပုံကာဗာတင်တာ ကျနော်တို့ အဲ့လိုမျိုးဖြစ်အောင် ကြိုးစားရတယ်။ အွန်လိုင်းခေတ်စားလာတော့ ချက်ချင်းအွန်လိုင်းပေါ်မှာသိရတယ်လေ။ အဲ့တော့ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ ထွက်တာလျော့သွားတာပေါ့။ ခေတ်ကပြောင်းနေတာဆိုတော့ ပြောင်းမှာပဲ။ အဲ့ဒါကို အံတုပြီးကိုင်ထားရင် ရှုံးဖို့ပဲ ရှိတယ်”လို့ ရန်အောင်က ပြောပါတယ်။

သရုပ်ဆောင်ရန်အောင်က လတ်တလောမှာ ရုံတင်မယ့် “ကိုယ်စောင့်နတ်” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။

“ကျနော် ‘ကိုယ်စောင့်နတ်’ဇာတ်ကားမှာ ဖူဆယ်ဘောလုံးအသင်း Trainer တယောက်အနေနဲ့ ပါဝင်ထားတယ်။ ဒီကားမှာ လူငယ်လေးတွလည်းပါတယ်။ ခေတ်တွေက မတူတော့ဘူးလေ။ ကျနော့်ခေတ်နဲ့ ခုနောက်ပိုင်းကလေးတွေခေတ်နဲ့ တကယ်ကို မတူတာ။ အွန်လိုင်းပေါ်မှာလည်း ကိုယ့်ကိုကိုယ်ပရိုမိုးရှင်းလုပ်လို့ရတဲ့ ကာလမျိုးဆိုတော့လေ” လို့ ရန်အောင်က ဆိုပါတယ်။

ဖလင်ခေတ်ကတည်းက ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ ရန်အောင်က ရုပ်ရှင်လောကဟာ တိုးတက်လာပြီး ပြင်ဆင်မှုတွေ အားထုတ်မှုတွေကြောင့် နိုင်ငံတကာနဲ့ ယှဉ်လာနိုင်တယ်လို့ မီဒီယာတွေကိုပြောပါတယ်။

“ရုပ်ရှင်လောက ပြောင်းလဲလာတာအရမ်းဝမ်းသာတယ်။ အရမ်းအားရတယ်။ ကျနော်လည်း ဒီခေတ်ကို မှီလိုက်ရလို့ ပေါ့လေ။ မြန်မာရုပ်ရှင်လောက အရမ်းတိုးတက်လာတယ်။ ကျနော်တို့က ဖလင်တအားရှားတဲ့ခေတ်ကတည်းကိုက မင်းသားရယ်လို့ ဖြစ်လာရတယ်။ ဖလင်က ရွှေထက်တန်ဖိုးကြီးတယ်။ ပိုက်ဆံရှိရင် ရွှေဝယ်လို့ရတယ်။ ဖလင်ဝယ်လို့ မရဘူး။ ကာလာတွေရိုက်ရဖို့ အရေး တို့အရေးပေါ့”

“နောက်ပိုင်းမှာ ပြင်ဆင်မှုတွေရော အားထုတ်မှုတွေရော တကယ်ကိုကောင်းတယ်။ နိုင်ငံတကာနဲ့ ယှဉ်လာနိုင်တယ်ပေါ့။ ကျနော်တို့အရင် ဘန်ကောက်သွားလို့ ကျနော်တို့ကို ဘယ်သူမှမသိဘူး။ ကျနော်တို့က နိုင်ငံတကာကိုမှ မထိုးဖောက်နိုင် တာကို။ ထိုးဖောက်နိုင်တဲ့ စွမ်းအားလည်း မရှိသေးဘူး။ အခုဆို ထိုးဖောက်နိုင်ပြီ”

“နောက်လာမယ့် ကလေးတွေက နိုင်ငံကျော်တွေ ကမ္ဘာကျော်တွေတောင် ဖြစ်ဦးမှာ။ ဘာလို့လဲဆို အဆင့်တန်းမှီအောင် ရိုက်လာနိုင်တယ်။ ကျနော်တို့ အမေရိကန်ကားတွေကို ကြည့်ရင် အမေရိကန်ကို အားကျတယ်။ ဂျပန်ကားတွေကိုကြည့်ရင် ဂျပန်ကို အားကျတယ်။ အဲ့လိုပဲ မြန်မာကားတွေကိုကြည့်ပြီး မြန်မာတွေကို အားကျတာမျိုးဖြစ်စေချင်တယ်”လို့ ရန်အောင်ကပြောပါတယ်။

ရန်အာင်ဟာ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးနေပြီး အကယ်ဒမီခြောက်ဆုကိုလည်း ပိုင်ဆိုင်ထားသူတယောက် ဖြစ်ပါတယ်။ ရန်အောင်ပါဝင်ထားတဲ့ ‘ကိုယ်စောင့်နတ်’ ဇာတ်ကားဟာလည်း ဒီဇင်ဘာ ၂၈ ရက်မှာ ရုံတင်တော့မှာ ဖြစ်ပါတယ်။

The post “မြန်မာကားတွေကိုကြည့်ပြီး မြန်မာတွေကို အားကျတာမျိုးဖြစ်စေချင်တယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ